ညႀကီး အခ်ိန္မေတာ္ အိမ္ေက်ာ္နင္းသူကို ၀မ္းတြင္းရဲစခန္းက အေရးယူ

ညႀကီး အခ်ိန္မေတာ္ အိမ္ေက်ာ္နင္းသူကို ၀မ္းတြင္းရဲစခန္းက အေရးယူ
စက်တင်ဘာ 25, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ တမာကန္အုပ္စု ေက်ာက္အိုးေက်းရြာတြင္ ညပိုင္းေနအိမ္ၿခံဝင္း အတြင္း ဝင္လာသူတစ္ဦးအား ဖမ္းမိသျဖင့္ ညအခ်ိန္မေတာ္ တျခားအိမ္ကုိ ပုန္းလွ်ဳိး ဝင္ေရာက္ေသာ ဥပေဒပုဒ္မျဖင့္ အေရးယူထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေက်ာက္အိုးေက်းရြာမွ ေဒၚျမင့္ေငြ၏ ေနအိမ္ၿခံဝင္းတြင္ ည (၁၁)နာရီဝန္းက်င္က လူတစ္ဦး ဝင္လာသည္ကို ေတြ႔သျဖင့္ ေအာ္ဟစ္အကူအညီေတာင္းရာ ၿခံဝင္းတံခါးကိုေက်ာ္၍ ထြက္ေျပးသြားေၾကာင္း သိရသည္။

“ရြာဆိုေတာ့ ေအာ္လုိက္တာနဲ႔ ဝုိင္းဝန္းဖမ္းဆီးနိုင္လုိက္တာ” ဟု ေက်ာက္အိုးရြာေန ဦးမန္းရီက ေျပာသည္။

ထြက္ေျပးသြားသူ အသက္(၂၆)ႏွစ္ရွိ ၿဖိဳးသူရ (ေခၚ)ခ်စ္စရာအား ရြာသားမ်ား ဝိုင္းဝန္း ဖမ္းဆီးရမိလုိက္ေသာ္လည္း ပစၥည္းတစ္စုံတစ္ခု လက္ပူး လက္ၾကပ္ မေတြ႔သျဖင့္ ဝမ္းတြင္းၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၁၇၇/၂၀၁၆ ညအခ်ိန္မေတာ္ တျခားအိမ္ကုိ ပုန္းလ်ွိဳးဝင္ေရာက္ေသာ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၄၅၆ အရ အမႈဖြင့္အေရးယူထားေၾကာင္း ႏွင့္ ယင္းျဖစ္စဥ္သည္ စက္တင္ဘာလ(၁၉)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း(TNA)

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် တမာကန်အုပ်စု ကျောက်အိုးကျေးရွာတွင် ညပိုင်းနေအိမ်ခြံဝင်း အတွင်း ဝင်လာသူတစ်ဦးအား ဖမ်းမိသဖြင့် ညအချိန်မတော် တခြားအိမ်ကို ပုန်းလျှိုး ဝင်ရောက်သော ဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်အိုးကျေးရွာမှ ဒေါ်မြင့်ငွေ၏ နေအိမ်ခြံဝင်းတွင် ည (၁၁)နာရီဝန်းကျင်က လူတစ်ဦး ဝင်လာသည်ကို တွေ့သဖြင့် အော်ဟစ်အကူအညီတောင်းရာ ခြံဝင်းတံခါးကိုကျော်၍ ထွက်ပြေးသွားကြောင်း သိရသည်။

“ရွာဆိုတော့ အော်လိုက်တာနဲ့ ဝိုင်းဝန်းဖမ်းဆီးနိုင်လိုက်တာ” ဟု ကျောက်အိုးရွာနေ ဦးမန်းရီက ပြောသည်။

ထွက်ပြေးသွားသူ အသက်(၂၆)နှစ်ရှိ ဖြိုးသူရ (ခေါ်)ချစ်စရာအား ရွာသားများ ဝိုင်းဝန်း ဖမ်းဆီးရမိလိုက်သော်လည်း ပစ္စည်းတစ်စုံတစ်ခု လက်ပူး လက်ကြပ် မတွေ့သဖြင့် ဝမ်းတွင်းမြို့မ ရဲစခန်းတွင် (ပ) ၁၇၇/၂၀၁၆ ညအချိန်မတော် တခြားအိမ်ကို ပုန်းလျှိုးဝင်ရောက်သော ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၆ အရ အမှုဖွင့်အရေးယူထားကြောင်း နှင့် ယင်းဖြစ်စဉ်သည် စက်တင်ဘာလ(၁၉)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရသည်။

သတင်း - ကိုလင်း(TNA) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~