က်ိဳင္းတုံနည္းပညာတကၠသိုလ္တြင္ ဆရာအင္အား မလံုေလာက္၍ သင္ၾကားေရးအခက္အခဲေတြ႕

က်ိဳင္းတုံနည္းပညာတကၠသိုလ္တြင္ ဆရာအင္အား မလံုေလာက္၍ သင္ၾကားေရးအခက္အခဲေတြ႕
စက်တင်ဘာ 29, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ ့ပိုင္း က်ိဳင္းတုံၿမိဳ႕ရိွ နည္းပညာတကၠသိုလ္တြင္ ဆရာတစ္ဦးလွ်င္ ေလးဘာသာအထိ တာဝန္ယူသင္ၾကားေပးေနရေၾကာင္း နည္းပညာတကၠသိုလ္မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာ ေက်ာ္သာထြန္းက ဆိုသည္။

"ဒီျပႆနာကို ေျဖရွင္းႏိုင္ဖို ့အတြက္ ဒီလာမယ့္ ပညာသင္ႏွစ္မွာ ဒီေဒသခံေတြထဲက ကၽြန္ေတာ္တို ့ ေက်ာင္းမွာ ဆရာ၊ဆရာမ လုပ္ခ်င္တဲ့သူေတြရိွရင္ လာေရာက္ေလွ်ာက္ထားႏိုင္ပါတယ္။"ဟု ေဒါက္တာေက်ာ္သာထြန္းက ေျပာသည္။

၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္တြင္ လိုအပ္သည့္ ဆရာ၊ဆရာမမ်ားကို ခန္႔ထားႏိုင္ရန္အတြက္ အင္ဂ်င္နီယာေက်ာင္းမ်ားမွ ဘြဲ ့ရထားသူႏွင့္ ဒီပလိုမာရရိွထားသူမ်ား ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

အဆိုပါ တကၠသိုလ္တြင္ ဘာသာရပ္တစ္ခုလွ်င္ (၂၅)ဘာသာရိွသည့္ အဓိကဘာသာရပ္(၄)ခုကို သင္ၾကားေပးေနျခင္းျဖစ္ရာ ဆရာမ်ားအေနျဖင့္ မိမိဘာသာရပ္မဟုတ္သည့္ အျခားဘာသာရပ္မ်ားကိုပါ သင္ၾကားေပးေနရျခင္းျဖစ္ေၾကာင္း သိရသည္။

" လုိအပ္ခ်က္အရ ကိုယ့္ဘာသာမဟုတ္ဘဲနဲ႔လည္း ၀င္ၿပီးသင္ေပးေနရတာမ်ိဳးေတြလည္းရိွေပမဲ့ ဘာသာမတူေပမဲ့ ေမဂ်ာတူက ဆရာ၊ဆရာမေတြက သင္တာပဲဆိုေတာ့ အခက္အခဲ ႀကီးႀကီးမားမားေတာ့ မရိွပါဘူး။ ဆရာ၊ဆရာမ မ်ားမ်ားရိွရင္ေတာ့ ပိုေကာင္းတာေပါ့"ဟု အဆိုပါ တကၠသိုလ္မွ တတိယႏွစ္ေက်ာင္းသူ မအက္စတာက ေျပာသည္။

က်ိဳင္းတုံနည္းပညာတကၠသိုလ္တြင္ ဆရာ၊ဆရာမ စုစုေပါင္း (၆၂)ဦးရိွသည့္အနက္ (၁၀)ဦးမွာ အဆင့္ျမင့္ဘာသာရပ္ သင္တန္းမ်ားကို သြားေရာက္သင္ယူေနၾကရၿပီး က်န္ဆရာ၊ဆရာမမ်ားက ေက်ာင္းသား၊ေက်ာင္းသူ(၃၆၇)ဦးကို သင္ၾကားေပးေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ နည်းပညာတက္ကသိုလ်တွင် ဆရာတစ်ဦးလျှင် လေးဘာသာအထိ တာဝန်ယူသင်ကြားပေးနေရကြောင်း နည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ကျော်သာထွန်းက ဆိုသည်။

"ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် ဒီလာမယ့် ပညာသင်နှစ်မှာ ဒီဒေသခံတွေထဲက ကျွန်တော်တို့ ကျောင်းမှာ ဆရာ၊ဆရာမ လုပ်ချင်တဲ့သူတွေရှိရင် လာရောက်လျှောက်ထားနိုင်ပါတယ်။"ဟု ဒေါက်တာကျော်သာထွန်းက ပြောသည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် လိုအပ်သည့် ဆရာ၊ဆရာမများကို ခန့်ထားနိုင်ရန်အတွက် အင်ဂျင်နီယာကျောင်းများမှ ဘွဲ့ရထားသူနှင့် ဒီပလိုမာရရှိထားသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်တွင် ဘာသာရပ်တစ်ခုလျှင် (၂၅)ဘာသာရှိသည့် အဓိကဘာသာရပ်(၄)ခုကို သင်ကြားပေးနခြေင်းဖြစ်ရာ ဆရာများအနဖြေင့် မိမိဘာသာရပ်မဟုတ်သည့် အခြားဘာသာရပ်များကိုပါ သင်ကြားပေးနေရခြင်းဖြစ်ကြောင်း သိရသည်။

" လိုအပ်ချက်အရ ကိုယ့်ဘာသာမဟုတ်ဘဲနဲ့လည်း ဝင်ပြီးသင်ပေးနေရတာမျိုးတွေလည်းရှိပေမဲ့ ဘာသာမတူပေမဲ့ မေဂျာတူက ဆရာ၊ဆရာမတွေက သင်တာပဲဆိုတော့ အခက်အခဲ ကြီးကြီးမားမားတော့ မရှိပါဘူး။ ဆရာ၊ဆရာမ များများရှိရင်တော့ ပိုကောင်းတာပေါ့"ဟု အဆိုပါ တက္ကသိုလ်မှ တတိယနှစ်ကျောင်းသူ မအက်စတာက ပြောသည်။

ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် ဆရာ၊ဆရာမ စုစုပေါင်း (၆၂)ဦးရှိသည့်အနက် (၁၀)ဦးမှာ အဆင့်မြင့်ဘာသာရပ် သင်တန်းများကို သွားရောက်သင်ယူနကြေရပြီး ကျန်ဆရာ၊ဆရာမများက ကျောင်းသား၊ကျောင်းသူ(၃၆၇)ဦးကို သင်ကြားပေးနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~