ေက်ာက္မဲတြင္ ကၽြန္းသစ္ေရာင္းအားက်ဆင္းလာ

ေက်ာက္မဲတြင္ ကၽြန္းသစ္ေရာင္းအားက်ဆင္းလာ
စက်တင်ဘာ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕တြင္ သစ္ပရိေဘာဂပစၥည္း အေရာင္းအဝယ္ပါးလာသျဖင့္ ဇြန္လအတြင္း ကၽြန္းသစ္ေရာင္းအား က်ဆင္းလာေၾကာင္းသိရသည္။

"ဝါမဝင္ခင္က တစ္ရက္ကို ကြ်န္းသစ္ (၁)တန္ေလာက္ အနည္းဆံုးေရာင္းရတယ္။ ဒီဘက္မွာေတာ့ ကြ်န္းသစ္ ပရိေဘာဂေတြ ျပဳလုပ္တဲ့ေနရာမွာ အဓိကအသံုးျပဳတာပါ။ အခုေနာက္ပိုင္းလူေတြက ေစ်းေပါၿပီး ႀကိတ္သားနဲ႔ လုပ္ထားတဲ့ ပရိေဘာဂေတြ ေျပာင္းသံုးေတာ့ ကၽြန္းပရိေဘာဂေတြ သိပ္မေရာင္းရေတာ့ဘူး။ သူတို႔ မေရာင္းရေတာ့ ကၽြန္ေတာ္တို႔ သစ္ဆိုင္သမားေတြလည္း မေရာင္းရေတာ့ဘူးေပါ့" ဟု ေက်ာက္မဲၿမိဳ႕ေပၚရွိ သစ္ဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။

ေက်ာက္မဲေစ်းကြက္တြင္ ယခင္က တစ္ရက္လွ်င္ ကၽြန္းသစ္(၁)တန္ နီးပါး ေရာင္းခ်ရျခင္းျဖစ္ေသာ္လည္း၊ ယခုတြင္ တစ္ရက္လွ်င္ ကၽြန္းသစ္ တန္၀က္ခန္႔သာ ေရာင္းခ်ရေတာ့ေၾကာင္းသိရသည္။

လက္ရိွတြင္ ကၽြန္းသစ္တစ္တန္လွ်င္ (၉)သိန္းက်ပ္ခန္႔ ေပါက္ေစ်းရွိၿပီး ေက်ာက္မဲၿမိဳ႕ေပၚတြင္ သစ္အေရာင္းဆိုင္ (၃)ဆုိင္ရွိေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ေပၚရွိ သစ္အေရာင္းဆိုင္မ်ားတြင္ ကၽြန္း၊ အင္ၾကင္း၊ ပိေတာက္ႏွင့္ အျခားသစ္ အမ်ိဳးအစားမ်ား ေရာင္းခ်ျခင္းျဖစ္ၿပီး သစ္ကုန္ၾကမ္းမ်ားအာ းေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ေတာင္ေျခေက်းရြာမ်ားမွ လာေရာက္ ေရာင္းခ်ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် သစ်ပရိဘောဂပစ္စည်း အရောင်းအဝယ်ပါးလာသဖြင့် ဇွန်လအတွင်း ကျွန်းသစ်ရောင်းအား ကျဆင်းလာကြောင်းသိရသည်။

"ဝါမဝင်ခင်က တစ်ရက်ကို ကျွန်းသစ် (၁)တန်လောက် အနည်းဆုံးရောင်းရတယ်။ ဒီဘက်မှာတော့ ကျွန်းသစ် ပရိဘောဂတွေ ပြုလုပ်တဲ့နေရာမှာ အဓိကအသုံးပြုတာပါ။ အခုနောက်ပိုင်းလူတွေက ဈေးပေါပြီး ကြိတ်သားနဲ့ လုပ်ထားတဲ့ ပရိဘောဂတွေ ပြောင်းသုံးတော့ ကျွန်းပရိဘောဂတွေ သိပ်မရောင်းရတော့ဘူး။ သူတို့ မရောင်းရတော့ ကျွန်တော်တို့ သစ်ဆိုင်သမားတွေလည်း မရောင်းရတော့ဘူးပေါ့" ဟု ကျောက်မဲမြို့ပေါ်ရှိ သစ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ကျောက်မဲဈေးကွက်တွင် ယခင်က တစ်ရက်လျှင် ကျွန်းသစ်(၁)တန် နီးပါး ရောင်းချရခြင်းဖြစ်သော်လည်း၊ ယခုတွင် တစ်ရက်လျှင် ကျွန်းသစ် တန်ဝက်ခန့်သာ ရောင်းချရတော့ကြောင်းသိရသည်။

လက်ရှိတွင် ကျွန်းသစ်တစ်တန်လျှင် (၉)သိန်းကျပ်ခန့် ပေါက်ဈေးရှိပြီး ကျောက်မဲမြို့ပေါ်တွင် သစ်အရောင်းဆိုင် (၃)ဆိုင်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်ရှိ သစ်အရောင်းဆိုင်များတွင် ကျွန်း၊ အင်ကြင်း၊ ပိတောက်နှင့် အခြားသစ် အမျိုးအစားများ ရောင်းချခြင်းဖြစ်ပြီး သစ်ကုန်ကြမ်းများအားနောင်ချိုမြို့နယ်ရှိ တောင်ခြေကျေးရွာများမှ လာရောက် ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~