ရွမ္းျပည္နယ္အေရွ႕ပိုင္း၌ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု ျပဳလုပ္ေပးသည့္ လူဝင္မႈႀကီးၾကပ္ေရး အရာရိွအား အမႈဖြင့္ထား

ရွမ္းျပည္နယ္အေရွ႕ပိုင္း၌ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု ျပဳလုပ္ေပးသည့္ လူဝင္မႈႀကီးၾကပ္ေရး အရာရိွအား အမႈဖြင့္ထား
စက်တင်ဘာ 30, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမွဴးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားအတု (၂၈)ခု ျပဳလုပ္ေပးခဲ့သည့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ မံုးထၿမိဳ႕ဦးစီးမွဴးအား တာဝန္မွရပ္စဲကာ စစ္ေဆးေနေၾကာင္း သိရသည္။

"ျဖစ္စဥ္ အေသးစိတ္ကေတာ့ ကြၽန္ေတာ္လည္း ေျပာင္းေရႊ႕လာတာ (၄) ရက္ပဲရိွေသးတ့ဲအတြက္ ေသခ်ာ မသိရေသးပါဘူး။ ခ႐ုိင္က စစ္ေဆးခ်က္တင္ျပတာေတြ က်ိဳင္းတံုမွာသြားယူၿပီးမွ သိရမယ္။ သူ႔ကုိေတာ့ ဝန္ႀကီးဌာနရဲ႕ အမိန္႔ၫႊန္ၾကားခ်က္အရ တာဝန္က ရပ္စဲထုတ္ပယ္ၿပီး မိုင္းတံုရဲစခန္းမွာ အမႈဖြင့္ခ့ဲတာ"ဟု မိုင္းတံုၿမိဳ႕နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ ၿမိဳ႕နယ္ဦးစီးမွဴး ဦးသန္းထိုက္က ေျပာသည္။

ႏိုု္င္ငံသားစိစစ္ေရးကတ္မ်ားအား လုပ္ထံုးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္ျခင္းမရိွခဲ့ဘဲ အလြဲသံုးစားျပဳလုပ္မွဳ စစ္ေဆး ေပၚေပါက္ခ့ဲသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ မံုးထၿမိဳ႕ဦးစီးမႈး ဦးေမာင္ေမာင္ေဌးအား အလုပ္သမား၊ လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနမွ ၂၀၁၆ ခုႏွစ္ စက္တင္ဘာလ (၂၃)ရက္စဲြပါ စာအမွတ္ ၁/လဝန/၁(၁-၃)(၀၂၈၇) အမိန္႔စာအမွတ္စဥ္ (၁၉၈/၂၀၁၆)ျဖင့္ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္၍ သက္ဆိုင္ရာရဲစခန္းတြင္ အမွဳဖြင့္လွစ္ရန္ၫႊန္ၾကားခ်က္အရ မိုင္းတံုၿမိဳ႕နယ္ဦးစီးမွဴးက အမွဳဖြင့္လွစ္ခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ စက္တင္ဘာလ (၂၄)ရက္ေန႔က ဦးေမာင္ေမာင္ေဌးအား မိုင္းတံုၿမိဳ႕မ ရဲစခန္းတြင္ (ပ)၈/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀/၄၆၈ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေအာင္ေဇယ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု (၂၈)ခု ပြုလုပ်ပေးခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မုံးထမြို့ဦးစီးမှူးအား တာဝန်မှရပ်စဲကာ စစ်ဆေးနေကြောင်း သိရသည်။

"ဖြစ်စဉ် အသေးစိတ်ကတော့ ကျွန်တော်လည်း ပြောင်းရွှေ့လာတာ (၄) ရက်ပဲရှိသေးတဲ့အတွက် သေချာ မသိရသေးပါဘူး။ ခရိုင်က စစ်ဆေးချက်တင်ပြတာတွေ ကျိုင်းတုံမှာသွားယူပြီးမှ သိရမယ်။ သူ့ကိုတော့ ဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားချက်အရ တာဝန်က ရပ်စဲထုတ်ပယ်ပြီး မိုင်းတုံရဲစခန်းမှာ အမှုဖွင့်ခဲ့တာ"ဟု မိုင်းတုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောသည်။

နို်င်ငံသားစိစစ်ရေးကတ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိခဲ့ဘဲ အလွဲသုံးစားပြုလုပ်မှု စစ်ဆေး ပေါ်ပေါက်ခဲ့သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မုံးထမြို့ဦးစီးမှုး ဦးမောင်မောင်ဌေးအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၃)ရက်စွဲပါ စာအမှတ် ၁/လဝန/၁(၁-၃)(ဝ၂၈၇) အမိန့်စာအမှတ်စဉ် (၁၉၈/၂၀၁၆)ဖြင့် ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်၍ သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ရန်ညွှန်ကြားချက်အရ မိုင်းတုံမြို့နယ်ဦးစီးမှူးက အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ (၂၄)ရက်နေ့က ဦးမောင်မောင်ဌေးအား မိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - အောင်ဇေယျ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~