၀မ္းတြင္း၌ ယာဥ္တိုက္မႈေၾကာင့္ ေသဆံုးမႈအား ေလ်ာ္ေၾကးေငြေပးၿပီးေနာက္ အမႈဖြင့္လွစ္ျခင္းမရိွ

၀မ္းတြင္း၌ ယာဥ္တိုက္မႈေၾကာင့္ ေသဆံုးမႈအား ေလ်ာ္ေၾကးေငြေပးၿပီးေနာက္ အမႈဖြင့္လွစ္ျခင္းမရိွ
စက်တင်ဘာ 26, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕နယ္ ဒုိင္ေကာင္းကုန္းေက်းရြာတြင္ ယာဥ္တို္က္မႈေၾကာင့္လူေသမႈအား (၅)ရက္ၾကာသည္အထိ အမႈဖြင့္လွစ္ထားသည္ဟု သတင္းေပးပို႔ျခင္း မရိွေသးေၾကာင္း ဝမ္းတြင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရုံးမွ သိရသည္။

“မႈခင္းသတင္းကို (၂၄)နာရီအတြင္း ေပးပို႔တင္ျပရမွာျဖစ္ေပမဲ့ အခုထိ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကို ေၾကးနန္းျဖင့္ အသိေပးတာ မရိွေသးဘူး” ဟု ဝမ္းတြင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရုံးမွ တာဝန္က်ရဲဝန္ထမ္းက စက္တင္ဘာလ (၂၅)ရက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခင္းျဖစ္ပြားရာ ေနရာသည္ ေရႊေတာင္နယ္ေျမရဲစခန္းအပိုင္ ျဖစ္ၿပီး အမႈဖြင့္လွစ္ၿပီးပါက (၂၄)နာရီအတြင္း ဝမ္းတြင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးသို႔ ေၾကးနန္းျဖင့္ အေၾကာင္းၾကားရျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရႊေတာင္နယ္ေျမရဲစခန္းကေတာ့ ရဲေတြလာသြားတယ္။ ေသာ္တာဝင္းကားကုိ ဘိလပ္ေျမ သရုိးေတြပုိ႔ၿပီးရင္ ရဲစခန္းလာထိုးထားပါလုိ႔ ေျပာေနတာေတြ႕ရတယ္”ဟု ဒုိင္ေကာင္းေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးေဟာင္း ဦးဝင္းျမင့္က ေျပာသည္။

ဝမ္းတြင္းၿမိဳ႕နယ္၊ ဒုိင္ေကာင္းကုန္းေက်းရြာလမ္းထိပ္မွ ကားဂိတ္တြင္ မူဆယ္ၿမိဳ႕သုိ႔ သြားမည့္ ခင္ပြန္းျဖစ္သူကို လိုက္ပို႔သည့္ ဇီးခ်င္းေက်းရြာမွ အသက္ (၂၄)ႏွစ္အရြယ္ မၿပံဳးဆိုသူအား ဘိလပ္ေျမ ေမႊစက္ကားက စက္တင္ဘာလ (၂၀) ရက္ နံနက္ (၁၁) နာရီခန္႔တြင္ တိုက္မိကာ ေနရာတြင္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“နစ္နာေၾကး (၃၅) သိန္းေပးသြားတယ္။ အေလာင္းက ၾကည့္မေကာင္းလုိ႔ ပတ္တီးေတြပတ္ၿပီး အိတ္နဲ႔စြပ္လုိက္ရတယ္”ဟု နာေရးကားေမာင္းပုိ႔ေပးေသာ ေညာင္ဦးဖီးေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဆင့္က ေျပာသည္။

တိုက္မိသည့္ကားမွာ ေသာ္တာဝင္းေဆာက္လုပ္ေရးလုပ္ငန္းမွျဖစ္ၿပီး ယာဥ္တိုက္မႈအတြက္ ေလ်ာ္ေၾကးေငြ က်ပ္ (၃၅) သိန္းေပးသြားေၾကာင္းကို နာေရးကူညီေရးကားျဖင့္ အေလာင္းအား သယ္ေဆာင္ေပးသည့္ ဇီးခ်င္းေက်းရြာအနီးမွ ေညာင္ဦးဖီးေက်းရြာအုပ္စုအုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

သတင္း - ကိုလင္း(TNA)

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ဒိုင်ကောင်းကုန်းကျေးရွာတွင် ယာဉ်တို်က်မှုကြောင့်လူသေမှုအား (၅)ရက်ကြာသည်အထိ အမှုဖွင့်လှစ်ထားသည်ဟု သတင်းပေးပို့ခြင်း မရှိသေးကြောင်း ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“မှုခင်းသတင်းကို (၂၄)နာရီအတွင်း ပေးပို့တင်ပြရမှာဖြစ်ပေမဲ့ အခုထိ မြို့နယ်ရဲတပ်ဖွဲ့ကို ကြေးနန်းဖြင့် အသိပေးတာ မရှိသေးဘူး” ဟု ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲဝန်ထမ်းက စက်တင်ဘာလ (၂၅)ရက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခင်းဖြစ်ပွားရာ နေရာသည် ရွှေတောင်နယ်မြေရဲစခန်းအပိုင် ဖြစ်ပြီး အမှုဖွင့်လှစ်ပြီးပါက (၂၄)နာရီအတွင်း ဝမ်းတွင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ကြေးနန်းဖြင့် အကြောင်းကြားရခြင်းဖြစ်ကြောင်း သိရသည်။

“ရွှေတောင်နယ်မြေရဲစခန်းကတော့ ရဲတွေလာသွားတယ်။ သော်တာဝင်းကားကို ဘိလပ်မြေ သရိုးတွေပို့ပြီးရင် ရဲစခန်းလာထိုးထားပါလို့ ပြောနေတာတွေ့ရတယ်”ဟု ဒိုင်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဝင်းမြင့်က ပြောသည်။

ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းကျေးရွာလမ်းထိပ်မှ ကားဂိတ်တွင် မူဆယ်မြို့သို့ သွားမည့် ခင်ပွန်းဖြစ်သူကို လိုက်ပို့သည့် ဇီးချင်းကျေးရွာမှ အသက် (၂၄)နှစ်အရွယ် မပြုံးဆိုသူအား ဘိလပ်မြေ မွှေစက်ကားက စက်တင်ဘာလ (၂၀) ရက် နံနက် (၁၁) နာရီခန့်တွင် တိုက်မိကာ နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“နစ်နာကြေး (၃၅) သိန်းပေးသွားတယ်။ အလောင်းက ကြည့်မကောင်းလို့ ပတ်တီးတွေပတ်ပြီး အိတ်နဲ့စွပ်လိုက်ရတယ်”ဟု နာရေးကားမောင်းပို့ပေးသော ညောင်ဦးဖီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဆင့်က ပြောသည်။

တိုက်မိသည့်ကားမှာ သော်တာဝင်းဆောက်လုပ်ရေးလုပ်ငန်းမှဖြစ်ပြီး ယာဉ်တိုက်မှုအတွက် လျော်ကြေးငွေ ကျပ် (၃၅) သိန်းပေးသွားကြောင်းကို နာရေးကူညီရေးကားဖြင့် အလောင်းအား သယ်ဆောင်ပေးသည့် ဇီးချင်းကျေးရွာအနီးမှ ညောင်ဦးဖီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သတင်း - ကိုလင်း(TNA)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~