ရွမ္းျပည္ေတာင္ပိုင္း ရြာငံေကာ္ဖီမ်ားအား တရုတ္ႏွင့္ ထုိင္းႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်

ရွမ္းျပည္ေတာင္ပိုင္း ရြာငံေကာ္ဖီမ်ားအား တရုတ္ႏွင့္ ထုိင္းႏိုင္ငံသို႔ တင္ပို႔ေရာင္းခ်
စက်တင်ဘာ 11, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ရြာငံၿမိဳ႕နယ္အတြင္း အမ်ားဆံုး စိုက္ပ်ိဳးေနသည့္ အာေရးဗီးယားေကာ္ဖီအား တရုတ္ႏွင့္ ထုိင္းႏုိင္ငံမ်ားသို႔ တင္ပို႔ေနရေၾကာင္း သိရသည္။

"ေကာ္ဖီေစ့ေတြကုိ တရုတ္နဲ႔ထိုင္းကို နယ္ေျမခံ ဝယ္လက္ပြဲစားေတြကတစ္္ဆင့္ တင္ပုိ႔ေရာင္းခ်ရတယ္။ ေကာ္ဖီေပၚခ်ိန္ဆို ပြဲစားေတြက အလုအယက္ လာ၀ယ္ၾကပါတယ္။ ဇြန္လေလာက္ဆိုရင္ အပြင့္ပြင့္ၿပီး ႏို၀င္ဘာလေလာက္ ဆိုရင္ အသီးမွည့္လို႔ခူးပါတယ္။ ၿပီးရင္ ႀကိတ္ခြဲအခြံေရေဆးၿပီး ေနလွမ္းထားရတယ္။ ေျခာက္တဲ့ ေကာ္ဖီေစ့ေတြကိုေတာ့ ဂံုနီအိတ္ထဲထည့္ၿပီး ျပန္ေရာင္းတာ"ဟု ေပြးနဖားရြာမွ ကုိသန္းလြင္ က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးေသာ အာေရးဗီးယား၊ ရိုဘတ္စတာ၊ လိုက္ဘရီဘာႏွင့္ အိတ္ဆယ္တို႔အနက္ ရြာငံေဒသတြင္ အာေရးဗီးယား ေကာ္ဖီမ်ိဳးအား အမ်ားဆံုးစိုက္ပ်ိဳးျခင္းျဖစ္ေၾကာင္း သိရသည္။

"ေကာ္ဖီ မစုိက္ခင္အရင္ နွစ္ရွည္အရိပ္ရပင္ေတြကုိ (၁၅)ေပ (၂၀)ေပျခားၿပီး စုိက္ပ်ိဳးထားရပါတယ္။ ရြာငံေဒသမွာေတာ့ ေထာပတ္ပင္၊ ဒညင္းပင္၊ ပိႏၷဲပင္၊ ခါေတာ္မီွပင္၊ ကၽြန္းပင္လိုမ်ိဳးေတြက အရင္ကတည္းက ရွိေနေတာ့ စိုက္ပ်ိဳးရတာ လြယ္တယ္။ ဒီအပင္ႀကီးေတြၾကားမွာ ေကာ္ဖီပင္ကို စိုက္ရတာ"ဟု ေကာ္ဖီစိုက္ေတာင္သူတစ္ဦးက ေျပာသည္။

ရြာငံၿမိဳ႕နယ္အတြင္း ေကာ္ဖီစုိက္ဧကမွာ ဧက(၅၀၀၀)ေက်ာ္ရွိၿပီး ရွမ္းျပည္နယ္(ေတာင္ပုိင္း)တစ္ခုလုံးတြင္ စုိက္ဧက (၁၀,၆၆၉)ဧကရွိျခင္းေၾကာင့္ ရြာငံေဒသ၏ ေကာ္ဖီစိုက္ဧကမွာ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တစ္ခုလံုး စိုက္ဧက၏ ထက္၀က္ခန္႔ရွိေၾကာင္း သိရသည္။

သတင္း - ကိုလင္း
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း အများဆုံး စိုက်ပျိုးနေသည့် အာရေးဗီးယားကော်ဖီအား တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့နေရကြောင်း သိရသည်။

"ကော်ဖီစေ့တွေကို တရုတ်နဲ့ထိုင်းကို နယ်မြေခံ ဝယ်လက်ပွဲစားတွေကတစ်ဆင့် တင်ပို့ရောင်းချရတယ်။ ကော်ဖီပေါ်ချိန်ဆို ပွဲစားတွေက အလုအယက် လာဝယ်ကြပါတယ်။ ဇွန်လလောက်ဆိုရင် အပွင့်ပွင့်ပြီး နိုဝင်ဘာလလောက် ဆိုရင် အသီးမှည့်လို့ခူးပါတယ်။ ပြီးရင် ကြိတ်ခွဲအခွံရေဆေးပြီး နေလှမ်းထားရတယ်။ ခြောက်တဲ့ ကော်ဖီစေ့တွေကိုတော့ ဂုံနီအိတ်ထဲထည့်ပြီး ပြန်ရောင်းတာ"ဟု ပွေးနဖားရွာမှ ကိုသန်းလွင် က ပြောသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးသော အာရေးဗီးယား၊ ရိုဘတ်စတာ၊ လိုက်ဘရီဘာနှင့် အိတ်ဆယ်တို့အနက် ရွာငံဒေသတွင် အာရေးဗီးယား ကော်ဖီမျိုးအား အများဆုံးစိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

"ကော်ဖီ မစိုက်ခင်အရင် နှစ်ရှည်အရိပ်ရပင်တွေကို (၁၅)ပေ (၂၀)ပခြေားပြီး စိုက်ပျိုးထားရပါတယ်။ ရွာငံဒေသမှာတော့ ထောပတ်ပင်၊ ဒညင်းပင်၊ ပိန္နဲပင်၊ ခါတော်မှီပင်၊ ကျွန်းပင်လိုမျိုးတွေက အရင်ကတည်းက ရှိနေတော့ စိုက်ပျိုးရတာ လွယ်တယ်။ ဒီအပင်ကြီးတွကြေားမှာ ကော်ဖီပင်ကို စိုက်ရတာ"ဟု ကော်ဖီစိုက်တောင်သူတစ်ဦးက ပြောသည်။

ရွာငံမြို့နယ်အတွင်း ကော်ဖီစိုက်ဧကမှာ ဧက(၅၀၀၀)ကျော်ရှိပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တစ်ခုလုံးတွင် စိုက်ဧက (၁၀,၆၆၉)ဧကရှိခြင်းကြောင့် ရွာငံဒေသ၏ ကော်ဖီစိုက်ဧကမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)တစ်ခုလုံး စိုက်ဧက၏ ထက်ဝက်ခန့်ရှိကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~