"ဘံု"မ်ိဳးခ်စ္စိတ္ ( ေဆာင္းပါး )

"ဘံု"မ်ိဳးခ်စ္စိတ္ ( ေဆာင္းပါး )
စက်တင်ဘာ 14, 2016
By Tachileik News Agency
"ဘံု"မ်ိဳးခ်စ္စိတ္ ။  ။ ေဆာင္းပါးရွင္ ။  ။ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)

၂၀၁၆ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ေန႔ မွ စက္တင္ဘာလ (၃)ရက္ေန႔အထိ  ေနျပည္ေတာ္မွာ က်င္းပခဲ့တဲ့(၂၁)ရာစုပင္လံုလည္း ၿပီးဆံုးခဲ့ၿပီ။

အျပည့္အဝ ေအာင္ျမင္မႈ ရခဲ့/မရခဲ့ ဆိုတာ အေပၚယံအျမင္ တစ္ခုတည္းနဲ႔ အေသအခ်ာ ေျပာလို႔ မျဖစ္ေပမဲ့၊ တိုင္းရင္းသားေတြ၊ ႏိုင္ငံေရးပါတီေတြ၊ လက္နက္ကိုင္ အင္အားစုေတြရဲ႕ အတြင္းသေဘာကို  ေဖာ္ထုတ္ႏိုင္မႈ ရသြားတာကိုက  ပင္လံုရဲ႕ ေအာင္ျမင္မႈတစ္ခုပဲလို႔ ဆိုရမွာပါပဲ။

ေလးရက္တာ ကာလတိုအတြင္းမွာ၊ ႏွစ္(၆၀)မက တင္းခံေနတဲ့ အႀကိတ္အဖုေတြ  ေၾကပ်က္သြားဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ ကိစၥပါဘဲ။ အနာသိရင္ ေဆးရွိသလို၊ ပင္လံုညီလာခံကို ဦးေဆာင္ခဲ့တဲ့ အစိုးရအေနနဲ႔ "အနာနဲ႔ေဆး သင့္ေအာင္ေပး"ဖို႔ပဲ အားထုတ္ၾကရမွာပါ။

(၂၁)ရာစု ပင္လံုၿပီးတာနဲ႔ ရခိုင္အေရးကလည္း ဆက္တိုက္ ႐ိုက္ခတ္လာျပန္တယ္။ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုဖီအာနန္ ဦးေဆာင္တဲ့  ရခိုင္ျပည္နယ္ဆိုင္ရာ  အႀကံေပးေရးေကာ္မရွင္ကို အကူအညီယူမိတာ တစ္ခုတည္းနဲ႔ ျဖစ္လာမဲ့ အေကာင္းအဆိုးေတြ ေစာင့္မၾကည့္၊ ဘာေၾကာင့္၊ ဘယ္လိုေၾကာင့္ ႏိုင္ငံျခားသား အကူအညီ လိုအပ္သလဲ ဆိုတာ စိုးစဥ္းမွ ေတြးေခၚေျမာ္ျမင္မႈ မထားဘဲ၊ မ်က္လံုးစံုမွိတ္ၿပီး ဆန္႔က်င္ေနၾကတယ္။

ဒါဟာ ေဒသတြင္း ျပႆနာမဟုတ္၊ ႏိုင္ငံတကာ အသိုင္းအဝန္းနဲ႔ ပတ္သက္ ဆက္ႏြယ္မႈေတြ ရွိလာႏိုင္တာေၾကာင့္ ၾကားခံ အဖဲြ႕အစည္းတစ္ခု မျဖစ္မေန လိုအပ္တယ္ဆိုတာ  သမာသမတ္က်တဲ့အျမင္  ၊ ေျဖာင့္မတ္တဲ့ စိတ္နဲ႔ရွဳျမင္တတ္ၾကဖို႔ေတာ့လိုပါတယ္။ အတၱ ဦးေဆာင္မႈ ေနာက္အျဖစ္သင့္ဆံုးကို ေသြဖီေနၾက၊ အျပစ္ျမင္ေနၾကရင္ သမိုင္းေၾကာင္းမွာ အမည္းစက္စြန္းတာပဲ အဖတ္တင္ က်န္ေနလိမ့္မယ္ ဆိုတာ ေစ့ေစ့ေတြးေစခ်င္ပါတယ္။ ႏိုင္ငံေရးေလာကသားမဟုတ္တဲ့ ကၽြန္ေတာ့္အေနနဲ႔ ဘက္လိုက္ျခင္း ကင္းတဲ့ ပကတိအျမင္နဲ႔ တင္ျပခ်င္တာရွိပါတယ္။

အမွန္ေျပာရရင္ ကမာၻေပၚမွာ ဒီမိုကေရစီစနစ္နဲ႔ အုပ္ခ်ဳပ္ဖို႔ အခက္ခဲဆံုးႏိုင္ငံမွာ ျမန္မာႏိုင္ငံလည္း တစ္ခု  အပါအဝင္ ပါဘဲ။ တိုင္းရင္းသားမ်ိဳးႏြယ္ (၁၃၅)မ်ိဳးကို ေပါင္းစည္းမွ ျဖစ္တည္လာရတဲ့   ျပည္ေထာင္စု ႏိုင္ငံတစ္ခုရဲ႕ အခက္အခဲဟာ အေျပာလြယ္သေလာက္၊ လက္ေတြ႕မွာ ခက္ခဲတဲ့ အေျခအေနေတြ ရွိေနၿမဲပါဘဲ။ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း အစရွိတဲ့ တိုင္းရင္းသားေတြ ေပါင္းစုအားနဲ႔ ျဖစ္တည္လာရတဲ့ အမိျမန္မာႏိုင္ငံေတာ္ႀကီးမွာ ေသြးကဲြမႈေတြ ရွိေနတာဟာ "အမည္နာမ ေရာေထြးစြာ နားလည္ခံယူမိျခင္းနဲ႔ ဘံုမ်ိဳးခ်စ္စိတ္ကင္းမဲ့ေနျခင္း"ေတြေၾကာင့္လို႔ ေယဘုယ်အားျဖင့္ သတ္မွတ္မိပါတယ္။

ကြ်န္ေတာ္ကိုယ္၌က "ဗမာနဲ႔ ျမန္မာ" ဆိုတာကို ကြဲကဲြျပားျပားနားလည္မႈ မရွိဘဲ၊ အတူတူဘဲလို႔ ေရာေထြးစြာ သိရွိခံယူခဲ့မိတာ ႏွစ္အေတာ္ၾကာတဲ့ အထိပါ။  အေနာက္ႏိုင္ငံသားေတြ"ဘားမား"လို႔သံုးခဲ့တဲ့ ဗမာႏိုင္ငံသားလို႔ဘဲ လြယ္လြယ္ခံယူခဲ့မိတယ္။

ဒါေၾကာင့္လည္း ကၽြန္ေတာ္တို႔"ဗမာ"လူမ်ိဳးေတြဟာ လူမ်ိဳးႀကီး ဝါဒလက္ကိုင္ထားၿပီး၊ ျပည္ေထာင္စုႀကီး  တစ္ခုလံုးရဲ႕ ကိုယ္စားျပဳလူမ်ိဳးလို႔ လဲြမွားစြာ ခံယူခဲ့ၾကတာပါ။ အမွန္ေတာ့ တိုင္းရင္းသားမ်ိဳးႏြယ္စု(၁၃၅)မ်ိဳးထဲမွာ "ဗမာ"ဟာလည္း မ်ိဳးႏြယ္စုတစ္ခုပါ။ "ျမန္မာ"ဆိုတာဟာ တိုင္းရင္းသားမ်ိဳးႏြယ္စု(၁၃၅)ခုရဲ႕ ကိုယ္စားျပဳ "ဘံု"အမည္ပါ။ ဒါကို လက္ခံႏိုင္မွ လူမ်ိဳးႀကီးဝါဒနဲ႔ ေသြးကဲြေစတဲ့ ျဖစ္ရပ္ေတြက ေရွာင္လႊဲ ႏိုင္ၾကမွာပါ။

တိုင္းရင္းသားမ်ိဳးႏြယ္စု အသီးသီးဟာ ကိုယ့္မ်ိဳးႏြယ္စုနဲ႔ ပတ္သက္လာရင္ ဆတ္ဆတ္ထိ မခံၾကသူေတြ ခ်ည္းပါ။ ဝံသာႏု စိတ္္္္ဓာတ္ျပင္းထန္ေလေလ၊ ေသြးကဲြေစတဲ့ အသံုးအနႈန္းေၾကာင့္  မလိုလားအပ္တဲ့ ၿပိဳကဲြမႈေတြဆီကို တြန္းအားေပးေနသလို ျဖစ္တတ္ပါတယ္။

အနီးစပ္ဆံုး ဥပမာေပးရရင္ အေမရိကန္ျပည္ေထာင္စုကို ျပရမွာပါဘဲ။ အေမရိကန္ႏိုင္ငံဟာ ကမာၻေပၚမွာ ရွိသမွ်ႏိုင္ငံအသီးသီးက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေရာက္လာၾကသူေတြနဲ႔ ဖဲြ႕စည္းထားတာပါ။ အာရွတိုက္ကလာရင္ "အာရွန္-အေမရိကန္"၊ အာဖရိကတိုက္ကေရာက္လာရင္  "အာဖရိဂန္-အေမရိကန္"လို႔ မူရင္းေဒသ အမည္ေတြ  တဲြသံုးေပမဲ့ သူတို႔အားလံုးရဲ႕ "ဘံု အမည္ဟာ အေမရိကန္"ပါဘဲ။ ဒါေၾကာင့္ သူတို႔ဟာ မူရင္းမ်ိဳးႏြယ္စု၊ မူရင္းႏိုင္ငံ အေရးထက္ "အေမရိကန ္ျပည္ေထာင္စုရဲ႕ အေရး၊ အေမရိကန္ ျပည္ေထာင္စုရဲ႕ အမ်ိဳးသား အက်ိဳးစီးပြား  (National Interest)" ကိုသာ ေရွ႕တန္းတင္ အေလးအျမတ္ ျပဳၾကပါတယ္။ လူမ်ိဳးေပါင္းစံု၊  ျပည္နယ္ေပါင္းမ်ားစြာနဲ႔ဖဲြ႕စည္းထားတဲ့ အေမရိကန္ျပည္
ေထာင္စုႀကီးဟာ၊ ကမာၻ႔အလယ္မွာ ဝင့္ဝင့္ထည္ထည္ ရပ္တည္ေနႏိုင္တာဟာ ျပည္သူတစ္ရပ္လံုးရဲ႕ "ဘံု မ်ိဳးခ်စ္စိတ္"ေၾကာင့္လို႔ ေျပာရမွာပါဘဲ။

ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံမွာက လူမ်ိဳးစုမ်ားတာနဲ႔အညီ ကိုယ့္လူမ်ိဳးစုအေရး၊ ကိုယ့္လူမ်ိဳးစု အခြင့္အေရး၊  ရပိုင္ခြင့္၊ လုပ္ပိုင္ခြင့္၊ ခံစားခြင့္ေတြကိုသာ ေရွ႕တန္းတင္ေနၾကတာမ်ားပါတယ္ ။ညီၫြတ္ေရးထက္၊ လိုခ်င္တာ ေတာင္းဆိုတာ ရရင္ ရ၊မရရင္ ခ် ဆိုတာနဲ႔ပဲ ႏွစ္ပါးသြားခဲ့တာ လြတ္လပ္ေရးရၿပီး ကတည္းကလို႔ ေျပာရမွာပါပဲ။

ရွမ္းကလည္း ရွမ္းအေရး၊ ကခ်င္၊ ကရင္၊ မြန္၊ ရခိုင္ အစရွိတဲ့ တိုင္းရင္းသားေတြကလည္း တိုင္းျပည္ခ်စ္စိတ္ "ဘံုမ်ိဳးခ်စ္စိတ္"နဲ႔ အမ်ိဳးသားအက်ိဳးစီးပြားကို ညႇိနိႈင္းေဖာ္ေဆာင္ၾကမယ္ ဆိုတဲ့အေတြးထက္ မိမိတို႔  လိုလားခ်က္ေတြကိုသာ ဦးစားေပးခဲ့ၾကတယ္။ ကၽြန္ေတာ္တို႔ ဗမာေတြကလည္း တိုင္းရင္းသားမ်ိဳးႏြယ္စု တစ္ခုပါလားလို႔ သဘာဝက်က်မေတြးဘဲ၊ လူမ်ိဳးႀကီးဝါဒနဲ႔ အရာရာ လက္ဝါးႀကီးအုပ္ခ်င္ခဲ့ၾကတယ္။  ဒါဆို ဘယ္မွာလဲ ညီၫြတ္ေရး၊  ဘယ္မွာလဲ  တန္းတူရည္တူ ရပိုင္ခြင့္၊ ဘယ္မွာလဲ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ "ဘံု မ်ိဳးခ်စ္စိတ္" မေမြးႏိုင္ေသးသမွ် လက္နက္ကိုင္ ေျဖရွင္းေနရတဲ့ စစ္ဓေလ့ဆိုးေတြက ႐ုန္းထြက္ႏိုင္ဦးမွာ မဟုတ္ပါဘူး။

ကိုလိုနီအေမြဆိုးေၾကာင့္ဘဲ ဆိုဆို၊ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ တိုင္းရင္းသားေတြ၊   ႏိုင္ငံေရး အဖဲြ႕အစည္းေတြ၊ အသင္းအပင္း ေတာ္ေတာ္မ်ားမ်ားဟာ "ေဗထိ"ဆိုတာနဲ႔ ကဲြဖို႔၊ ၿပဲဖို႔ပဲ တာစူခဲ့ၾကတာပါ။   ညီၫြတ္ပါတယ္၊ မွ်တပါတယ္၊ စည္းလံုးပါတယ္ဆိုတာ အစပိုင္းေလာက္ လူၾကားေကာင္းရံုေလာက္သာ ရွိခဲ့ၾကတာပါ။

အသက္ေသြးေတြ ရင္းၿပီး အာဏာရွင္စနစ္ဆိုးကို သပိတ္ေမွာက္ခဲ့၊  ေတာ္လွန္ခဲ့ၾကစဥ္မွာေတာင္  အမည္ အမ်ိဳးမ်ိဳး၊ လက္ဝဲလက္ယာ အေသြးအေရာင္ေတြ ပါေနတဲ့ ျမန္မာ့ျပည္ရဲ႕ ဒီမိုကေရစီ အေျပာင္းအလဲ၊ ပါတီစံု အေထြေထြ ေရြးေကာက္ပဲြအတြက္ မွတ္ပံုတင္ခြင့္လည္းျပဳေရာ၊ မွတ္ပံုတင္ခဲ့ၾကတဲ့ ႏိုင္ငံေရး ပါတီေတြ (၂၃၅)ပါတီ ရွိခဲ့ၾကသလို၊ တကယ္တမ္း (၁၉၉၀)ေရြးေကာက္ ပဲြဝင္ခဲ့တာ (၉၃)ပါတီပါ။ ကမာၻမွာ ဒီေလာက္ မ်ားျပားလိုက္တဲ့ အတိုက္အခံ ပါတီဆိုတာရွိမွ မရွိခဲ့ဖူးတာ။ ဒါဟာ ညီၫြတ္ေရး ပ်က္ယြင္းမႈရဲ႕ ျပယုဂ္ တစ္ခုပါဘဲ။ မညီၫြတ္တာကဘဲ ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအစဥ္အလာႀကီး ျဖစ္ေနသလားမသိ။

ႏိုင္ငံေရးေလာကမွာ လူတတ္ႀကီးလုပ္ေနသူေတြ၊ လက္ဝဲလိုလို၊ လက္ယာလိုလိုနဲ႔ ႏိုင္ငံေရး ဇာတ္လွန္႔ခ်ိန္မွာ ဖ်ာခင္းဖို႔ ေခ်ာင္းေနတဲ့ စားဖားႀကီးေတြ၊ အေခ်ာင္သမားေတြ၊ အစိုးရ အလစ္အငိုက္နဲ႔ အမွားကြက္ကို ေစာင့္ေနသူေတြကလည္း ေနရာအႏွံ႔မွာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ရွိေနျပန္တယ္။

တခ်ိဳ႕ကလည္း အေၾကာင္းအက်ိဳး ၊ အေကာင္းအဆိုးကို ဘာမွနားမလည္၊  အစိုးရ ဘာလုပ္လုပ္၊ ဆန္႔က်င္လိုက္ရမွ အတိုက္အခံ ႏိုင္ငံေရးသမားလို႔ ခံယူေနၾကတဲ့ တေဇာက္ကန္းမ်ိဳးခ်စ္ေတြလည္း ျမန္မာျပည္မွာ ဒုနဲ႔ေဒးပါဘဲ။

ကြ်န္ေတာ္တို႔ႏိုင္ငံ  မတိုးတက္တာ၊ ၿငိမ္းခ်မ္းမႈ မတည္ေဆာက္ႏိုင္ေသးတာ ဝါဒေၾကာင့္လည္း မဟုတ္ပါဘူး။ ကြန္ျမဴနစ္လည္း သူ႔ဝါဒအေလ်ာက္၊ အရင္းရွင္ေတြ၊ ဆိုရွယ္လစ္ေတြမွာလည္း သူ႔ဝါဒ အထိုက္အေလ်ာက္ အားသာခ်က္အားနည္း ခ်က္ေတြရွိၾကသလို၊ ဒီမိုကေရစီစနစ္မွာလည္း မတူကဲြျပားခ်က္ေတြ အမ်ားႀကီးရွိေနမွာပါ။

(၁၉၄၈-၁၉၅၈) ပါလီမန္ဒီမိုကေရစီေခတ္၊ (၁၉၅၈-၁၉၆၀) အိမ္ေစာင့္အစိုးရေခတ္၊ (၁၉၆၀-၁၉၆၂) ပထစ အစိုးရေခတ္၊ (၁၉၆၂-၁၉၇၄) ေတာ္လွန္ေရးေကာင္စီေခတ္၊ (၁၉၇၄-၁၉၈၈) မဆလေခတ္၊ (၁၉၈၈-၂၀၁၀) စစ္အစိုးရေခတ္ကေန ဒီေန႔ထိ ဘယ္အစိုးရတက္လာ လာ၊ ဘာဝါဒေတြနဲ႔ အုပ္ခ်ဳပ္ အုပ္ခ်ဳပ္ ျပည္တြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္မႈ မရွိတဲ့ အျပင္၊ တိုင္းရင္းသား လက္နက္ကိုင္ အင္အားစုေတြ တိုးပြားလာတာဟာ ခိုင္မာမွန္ကန္တဲ့ စနစ္မရွိေသးလို႔သာ ျဖစ္တယ္ဆိုတာ သိသာထင္ရွားပါတယ္။

ကမာၻေပၚမွာရွိၾကတဲ့ ႏိုင္ငံအသီးသီးဟာ မိမိတိုင္းျပည္ အက်ယ္အဝန္း၊ မ်ိဳးႏြယ္စုကဲြျပားမႈ အေျခအေန၊  လူဦးေရေပၚ မူတည္ၿပီး ဖဲြ႕စည္းတည္ေဆာက္အုပ္ခ်ဳပ္ပံု အမ်ိဳးမ်ိဳး ရွိေနၾကပါတယ္။ ယူနီယံ၊ ယူႏိုက္တက္၊ ဖယ္ဒရယ္၊ ကြန္ဖက္ဒေရးွရွင္း၊ ယူနက္ထရီ လို႔ကဲြျပားေနပါတယ္။

ကၽြန္ေတာ္တို႔ ႏိုင္ငံမွာ "ဖယ္ဒရယ္မူ"ခ်မွတ္ႏိုင္ရင္ ျပႆနာမ်ား  အထိုက္အေလ်ာက္  ေျပၿငိမ္းသြားမယ္ ထင္ႏိုင္ေပမဲ့၊ "ဘံုမ်ိဳးခ်စ္စိတ္" မေမြးျမဴႏိုင္ေသးသမွ်၊ ျပည္နယ္ေတြ ကဲြထြက္ၿပီး ျပည္ေထာင္စုႀကီး အစိတ္စိတ္ အျမႊာျမႊာ ျဖစ္ရမည့္ေဘးဆိုးကို ရင္ဆိုင္ၾကရမွာ ေျမႀကီးလက္ခတ္မလဲြပါဘဲ။

ကြ်န္ေတာ္တို႔ ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ျပည္တြင္းေရးႏွင့္ျပည္ပ အင္အားႀကီး ႏိုင္ငံမ်ား အၾကား ေဘးက်ပ္နံက်ပ္ရင္ဆိုင္ေနၾကရတာပါ။ က်ဥ္းေျမာင္းတဲ့ ႏိုင္ငံေရးအျမင္ႏွင့္ ငါတေကာေကာေနသည့္ ႏိုင္ငံေရး ဘိုးေအႀကီးမ်ား၊ ငါ့လူမ်ဳိး၊ ငါ့ဘာသာ အေရးသာ အဓိကလို႔ ခံယူေနတဲ့ အတၱဝါဒီႀကီးမ်ား၊ ျပည္ေထာင္စုႀကီးမွ ခဲြထြက္ကာ တစ္ထီးတစ္နန္း ထူေထာင္ေနခ်င္သည့္ အခ်ိဳ႕ေသာ တိုင္းရင္းသား အဖဲြ႕အစည္းမ်ား အၾကား တူညီေသာ သေဘာထားရရွိႏိုင္ဖို႔ ႀကိဳးစားေနရတာက ျပည္တြင္းေရး
ျပႆနာမ်ားပင္။

ျမန္မာႏိုင္ငံနဲ႔ ထိစပ္ေနတဲ့ လက္ဝဲ အင္အားႀကီး ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ကလည္း ျမန္မာ့သယံဇာတထက္ သူတို႔ရဲ႕ ယူနန္နယ္ အပါအဝင္ ကုန္းတြင္းပိတ္ျဖစ္ေနတဲ့ အေနာက္ဘက္တစ္ျခမ္းလံုး ဘဂၤလား ပင္လယ္ေအာ္နဲ႔ အိႏိၵယ သမုဒၵရာကို အခ်ိန္တိုတို ထြက္ေပါက္ရဖို႔ တစ္ခုတည္းေသာ ျဖတ္လမ္းျဖစ္တဲ့ ျမန္မာႏိုင္ငံကို အဓိက ပစ္မွတ္ထားမွာပါဘဲ။

ျမန္မာႏိုင္ငံ အတြင္းကျဖတ္သန္းသြားရင္ ကီလိုမီတာ(၁၀၀၀၀)ေလာက္နဲ႔ ဘဂၤလားပင္လယ္ေအာ္နဲ႔ မုတၱမေကြ႔ကိုေရာက္ႏိုင္တာ တ႐ုတ္ေတြ လစ္လ်ဴျပဳထားမွာ မဟုတ္သလို၊ အေနာက္အုပ္စုမ်ားရဲ႕ ထိန္းခ်ဳပ္မႈမကင္းတဲ့ မလကၠာေရလက္ၾကားကို ေရွာင္ကြင္းၿပီး အိႏိၵယသမုဒၵရာကို သြားႏိုင္တဲ့ ထြက္ေပါက္ဟာ ျမန္မာႏိုင္ငံကလဲြၿပီး မရွိပါဘူး။

ဒါေၾကာင့္ လက္ဝဲအင္အားႀကီး ႏိုင္ငံလည္းျဖစ္တဲ့ တ႐ုတ္ဟာ သူတို႔ရဲ႕ အေနာက္ဘက္ျခမ္းလံုျခံဳမႈ၊  လြတ္လပ္စြာ ေစ်းကြက္ထိုးေဖာက္ ကုန္စည္စီးဆင္းႏိုင္မႈ အတြက္ ျမန္မာႏိုင္ငံဟာ သူတို႔အတြက္ လက္လြတ္ခံလို႔ မျဖစ္တဲ့ အခ်က္အျခာပါဘဲ။

ပစိဖိတ္သမုဒၵရာ တစ္ဝန္းလံုးမွာ တ႐ုတ္ကို ပိတ္ဆို႔ထားတဲ့ လက္ယာအင္အားႀကီး အေမရိကန္ကလည္း ျမန္မာႏိုင္ငံမွ တစ္ဆင့္ အိႏိၵယသမုဒၵရာသို႔ ထြက္ေပါက္ရသြားမဲ့ တ႐ုတ္ကို ဘယ္နည္းနဲ႔မွ အခြင့္အေရး ရေစမွာ မဟုတ္သလို၊ စစ္စခန္းခ်ခြင့္ မရေပမဲ့လည္း ျမန္မာကို စစ္ေရးမဟာမိတ္ျပဳဖို႔ႀကိဳးစားေနသည္သာ။

ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ လက္ဝဲ လက္ယာ အင္အားႀကီးႏိုင္ငံမ်ားအတြက္ မဟာဗ်ဴဟာ နယ္ေျမျဖစ္ေနတာကိုေတာ့ သတိႀကီးစြာ ထားဖို႔လိုပါတယ္။

ဒါေၾကာင့္ တ႐ုတ္ နဲ႔ အေမရိကန္တို႔ရဲ႕ နယ္ခ်ဲ႕လက္သစ္မူအရ ျပည္တြင္း အင္အားစုေတြျဖစ္တဲ့ တိုင္းရင္းသားမ်ိဳးႏြယ္စု အသီးသီးကို နည္းမ်ိဳးစံုနဲ႔ သိမ္းသြင္းျခင္း၊ ျပည္တြင္း မၿငိမ္မသက္ျဖစ္ေအာင္ လက္သပ္ေမြးထားတဲ့  လက္ဝဲ/လက္ယာ အစြန္းေရာက္မ်ားမွ ေသြးထိုးလံႈ႕ေဆာ္ေစျခင္းမ်ားကို နည္းမ်ိဳးစံုနဲ႔  လုပ္ေဆာင္ေနၾကတာ သတိျပဳမိရင္ သိသာျမင္သာပါတယ္။

ဒါေၾကာင့္ ျပည္တြင္းမွာ ရင္ဆိုင္ေျဖရွင္းေနရတဲ့ ျပႆနာတိုင္းကို သူ႔အျပစ္၊ ငါ့အျပစ္လို႔ ပံုခ် တိုက္ခိုက္ေနမဲ့ အစား၊ ဘာပဲလုပ္လုပ္၊ ဘာပဲ ၾကံၾကံ "ျမန္မာဆိုတဲ့ ျပည္ေထာင္စုႀကီး"အေရးကိုသာ ဦးစားေပး စဥ္းစားၾကေစခ်င္ပါတယ္။  မိမိမ်ိဳးႏြယ္စု အေရးသက္သက္ စဥ္းစားၾက၊ လုပ္ေဆာင္ၾကတာဟာ ေသးသိမ္လြန္းလွပါတယ္။

"ဘံုမ်ိဳးခ်စ္စိတ္"နဲ႔သာ  ေတြးေတာႀကံဆလုပ္ေဆာင္ၾကရင္ လွပတဲ့အနာဂတ္ေတြကို ရယူပိုင္ဆိုင္ႏိုင္ၾကမယ္လို႔ ယံုၾကည္မိပါေတာ့တယ္။  ။

ေဆာင္းပါးရွင္ ။  ။ ဦးခင္ေမာင္ျမင့္(ေရႊမဟာ)
~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၆ခုနှစ် သြဂုတ်လ(၃၁)ရက်နေ့ မှ စက်တင်ဘာလ (၃)ရက်နေ့အထိ နပြေည်တော်မှာ ကျင်းပခဲ့တဲ့(၂၁)ရာစုပင်လုံလည်း ပြီးဆုံးခဲ့ပြီ။

အပြည့်အဝ အောင်မြင်မှု ရခဲ့/မရခဲ့ ဆိုတာ အပေါ်ယံအမြင် တစ်ခုတည်းနဲ့ အသေအချာ ပြောလို့ မဖြစ်ပေမဲ့၊ တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင် အင်အားစုတွေရဲ့ အတွင်းသဘောကို ဖော်ထုတ်နိုင်မှု ရသွားတာကိုက ပင်လုံရဲ့ အောင်မြင်မှုတစ်ခုပဲလို့ ဆိုရမှာပါပဲ။

လေးရက်တာ ကာလတိုအတွင်းမှာ၊ နှစ်(၆၀)မက တင်းခံနေတဲ့ အကြိတ်အဖုတွေ ကြေပျက်သွားဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါဘဲ။ အနာသိရင် ဆေးရှိသလို၊ ပင်လုံညီလာခံကို ဦးဆောင်ခဲ့တဲ့ အစိုးရအနေနဲ့ "အနာနဲ့ဆေး သင့်အောင်ပေး"ဖို့ပဲ အားထုတ်ကြရမှာပါ။

(၂၁)ရာစု ပင်လုံပြီးတာနဲ့ ရခိုင်အရေးကလည်း ဆက်တိုက် ရိုက်ခတ်လာပြန်တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးရေးကော်မရှင်ကို အကူအညီယူမိတာ တစ်ခုတည်းနဲ့ ဖြစ်လာမဲ့ အကောင်းအဆိုးတွေ စောင့်မကြည့်၊ ဘာကြောင့်၊ ဘယ်လိုကြောင့် နိုင်ငံခြားသား အကူအညီ လိုအပ်သလဲ ဆိုတာ စိုးစဉ်းမှ တွေးခေါ်မြော်မြင်မှု မထားဘဲ၊ မျက်လုံးစုံမှိတ်ပြီး ဆန့်ကျင်နကြေတယ်။

ဒါဟာ ဒေသတွင်း ပြဿနာမဟုတ်၊ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပတ်သက် ဆက်နွယ်မှုတွေ ရှိလာနိုင်တာကြောင့် ကြားခံ အဖွဲ့အစည်းတစ်ခု မဖြစ်မနေ လိုအပ်တယ်ဆိုတာ သမာသမတ်ကျတဲ့အမြင်၊ ဖြောင့်မတ်တဲ့ စိတ်နဲ့ရှုမြင်တတ်ကြဖို့တော့လိုပါတယ်။ အတ္တ ဦးဆောင်မှု နောက်အဖြစ်သင့်ဆုံးကို သွေဖီနကြေ၊ အပြစ်မြင်နကြေရင် သမိုင်းကြောင်းမှာ အမည်းစက်စွန်းတာပဲ အဖတ်တင် ကျန်နေလိမ့်မယ် ဆိုတာ စေ့စေ့တွေးစေချင်ပါတယ်။ နိုင်ငံရေးလောကသားမဟုတ်တဲ့ ကျွန်တော့်အနေနဲ့ ဘက်လိုက်ခြင်း ကင်းတဲ့ ပကတိအမြင်နဲ့ တင်ပြချင်တာရှိပါတယ်။

အမှန်ပြောရရင် ကမာ္ဘပေါ်မှာ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ဖို့ အခက်ခဲဆုံးနိုင်ငံမှာ မြန်မာနိုင်ငံလည်း တစ်ခု အပါအဝင် ပါဘဲ။ တိုင်းရင်းသားမျိုးနွယ် (၁၃၅)မျိုးကို ပေါင်းစည်းမှ ဖြစ်တည်လာရတဲ့ ပြည်ထောင်စု နိုင်ငံတစ်ခုရဲ့ အခက်အခဲဟာ အပြောလွယ်သလောက်၊ လက်တွေ့မှာ ခက်ခဲတဲ့ အခြေအနေတွေ ရှိနမြေဲပါဘဲ။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အစရှိတဲ့ တိုင်းရင်းသားတွေ ပေါင်းစုအားနဲ့ ဖြစ်တည်လာရတဲ့ အမိမြန်မာနိုင်ငံတော်ကြီးမှာ သွေးကွဲမှုတွေ ရှိနေတာဟာ "အမည်နာမ ရောထွေးစွာ နားလည်ခံယူမိခြင်းနဲ့ ဘုံမျိုးချစ်စိတ်ကင်းမဲ့နခြေင်း"တွေကြောင့်လို့ ယေဘုယျအားဖြင့် သတ်မှတ်မိပါတယ်။

ကျွန်တော်ကိုယ်၌က "ဗမာနဲ့ မြန်မာ" ဆိုတာကို ကွဲကွဲပြားပြားနားလည်မှု မရှိဘဲ၊ အတူတူဘဲလို့ ရောထွေးစွာ သိရှိခံယူခဲ့မိတာ နှစ်အတော်ကြာတဲ့ အထိပါ။ အနောက်နိုင်ငံသားတွေ"ဘားမား"လို့သုံးခဲ့တဲ့ ဗမာနိုင်ငံသားလို့ဘဲ လွယ်လွယ်ခံယူခဲ့မိတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့"ဗမာ"လူမျိုးတွေဟာ လူမျိုးကြီး ဝါဒလက်ကိုင်ထားပြီး၊ ပြည်ထောင်စုကြီး တစ်ခုလုံးရဲ့ ကိုယ်စားပြုလူမျိုးလို့ လွဲမှားစွာ ခံယူခဲ့ကြတာပါ။ အမှန်တော့ တိုင်းရင်းသားမျိုးနွယ်စု(၁၃၅)မျိုးထဲမှာ "ဗမာ"ဟာလည်း မျိုးနွယ်စုတစ်ခုပါ။ "မြန်မာ"ဆိုတာဟာ တိုင်းရင်းသားမျိုးနွယ်စု(၁၃၅)ခုရဲ့ ကိုယ်စားပြု "ဘုံ"အမည်ပါ။ ဒါကို လက်ခံနိုင်မှ လူမျိုးကြီးဝါဒနဲ့ သွေးကွဲစေတဲ့ ဖြစ်ရပ်တွေက ရှောင်လွှဲ နိုင်ကြမှာပါ။

တိုင်းရင်းသားမျိုးနွယ်စု အသီးသီးဟာ ကိုယ့်မျိုးနွယ်စုနဲ့ ပတ်သက်လာရင် ဆတ်ဆတ်ထိ မခံကြသူတွေ ချည်းပါ။ ဝံသာနု စိတ်ဓာတ်ပြင်းထန်လေလေ၊ သွေးကွဲစေတဲ့ အသုံးအနှုန်းကြောင့် မလိုလားအပ်တဲ့ ပြိုကွဲမှုတွေဆီကို တွန်းအားပေးနေသလို ဖြစ်တတ်ပါတယ်။

အနီးစပ်ဆုံး ဥပမာပေးရရင် အမေရိကန်ပြည်ထောင်စုကို ပြရမှာပါဘဲ။ အမေရိကန်နိုင်ငံဟာ ကမာ္ဘပေါ်မှာ ရှိသမျှနိုင်ငံအသီးသီးက အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြသူတွေနဲ့ ဖွဲ့စည်းထားတာပါ။ အာရှတိုက်ကလာရင် "အာရှန်-အမေရိကန်"၊ အာဖရိကတိုက်ကရောက်လာရင် "အာဖရိဂန်-အမေရိကန်"လို့ မူရင်းဒေသ အမည်တွေ တွဲသုံးပေမဲ့ သူတို့အားလုံးရဲ့ "ဘုံ အမည်ဟာ အမေရိကန်"ပါဘဲ။ ဒါကြောင့် သူတို့ဟာ မူရင်းမျိုးနွယ်စု၊ မူရင်းနိုင်ငံ အရေးထက် "အမေရိကန်ပြည်ထောင်စုရဲ့ အရေး၊ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွား (National Interest)" ကိုသာ ရှေ့တန်းတင် အလေးအမြတ် ပြုကြပါတယ်။ လူမျိုးပေါင်းစုံ၊ ပြည်နယ်ပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ အမေရိကန်ပြည်
ထောင်စုကြီးဟာ၊ ကမာ္ဘ့အလယ်မှာ ဝင့်ဝင့်ထည်ထည် ရပ်တည်နေနိုင်တာဟာ ပြည်သူတစ်ရပ်လုံးရဲ့ "ဘုံ မျိုးချစ်စိတ်"ကြောင့်လို့ ပြောရမှာပါဘဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာက လူမျိုးစုများတာနဲ့အညီ ကိုယ့်လူမျိုးစုအရေး၊ ကိုယ့်လူမျိုးစု အခွင့်အရေး၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တွေကိုသာ ရှေ့တန်းတင်နကြေတာများပါတယ်။ညီညွတ်ရေးထက်၊ လိုချင်တာ တောင်းဆိုတာ ရရင် ရ၊မရရင် ချ ဆိုတာနဲ့ပဲ နှစ်ပါးသွားခဲ့တာ လွတ်လပ်ရေးရပြီး ကတည်းကလို့ ပြောရမှာပါပဲ။

ရှမ်းကလည်း ရှမ်းအရေး၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် အစရှိတဲ့ တိုင်းရင်းသားတွေကလည်း တိုင်းပြည်ချစ်စိတ် "ဘုံမျိုးချစ်စိတ်"နဲ့ အမျိုးသားအကျိုးစီးပွားကို ညှိနှိုင်းဖော်ဆောင်ကြမယ် ဆိုတဲ့အတွေးထက် မိမိတို့ လိုလားချက်တွေကိုသာ ဦးစားပေးခဲ့ကြတယ်။ ကျွန်တော်တို့ ဗမာတွေကလည်း တိုင်းရင်းသားမျိုးနွယ်စု တစ်ခုပါလားလို့ သဘာဝကျကျမတွေးဘဲ၊ လူမျိုးကြီးဝါဒနဲ့ အရာရာ လက်ဝါးကြီးအုပ်ချင်ခဲ့ကြတယ်။ ဒါဆို ဘယ်မှာလဲ ညီညွတ်ရေး၊ ဘယ်မှာလဲ တန်းတူရည်တူ ရပိုင်ခွင့်၊ ဘယ်မှာလဲ ပြည်တွင်းငြိမ်းချမ်းရေး၊ "ဘုံ မျိုးချစ်စိတ်" မမွေးနိုင်သေးသမျှ လက်နက်ကိုင် ဖြေရှင်းနေရတဲ့ စစ်ဓလေ့ဆိုးတွေက ရုန်းထွက်နိုင်ဦးမှာ မဟုတ်ပါဘူး။

ကိုလိုနီအမွေဆိုးကြောင့်ဘဲ ဆိုဆို၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အသင်းအပင်း တော်တော်များများဟာ "ဗေထိ"ဆိုတာနဲ့ ကွဲဖို့၊ ပြဲဖို့ပဲ တာစူခဲ့ကြတာပါ။ ညီညွတ်ပါတယ်၊ မျှတပါတယ်၊ စည်းလုံးပါတယ်ဆိုတာ အစပိုင်းလောက် လူကြားကောင်းရုံလောက်သာ ရှိခဲ့ကြတာပါ။

အသက်သွေးတွေ ရင်းပြီး အာဏာရှင်စနစ်ဆိုးကို သပိတ်မှောက်ခဲ့၊ တော်လှန်ခဲ့ကြစဉ်မှာတောင် အမည် အမျိုးမျိုး၊ လက်ဝဲလက်ယာ အသွေးအရောင်တွေ ပါနေတဲ့ မြန်မာ့ပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်လည်းပြုရော၊ မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေ (၂၃၅)ပါတီ ရှိခဲ့ကြသလို၊ တကယ်တမ်း (၁၉၉၀)ရွေးကောက် ပွဲဝင်ခဲ့တာ (၉၃)ပါတီပါ။ ကမာ္ဘမှာ ဒီလောက် များပြားလိုက်တဲ့ အတိုက်အခံ ပါတီဆိုတာရှိမှ မရှိခဲ့ဖူးတာ။ ဒါဟာ ညီညွတ်ရေး ပျက်ယွင်းမှုရဲ့ ပြယုဂ် တစ်ခုပါဘဲ။ မညီညွတ်တာကဘဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအစဉ်အလာကြီး ဖြစ်နေသလားမသိ။

နိုင်ငံရေးလောကမှာ လူတတ်ကြီးလုပ်နေသူတွေ၊ လက်ဝဲလိုလို၊ လက်ယာလိုလိုနဲ့ နိုင်ငံရေး ဇာတ်လှန့်ချိန်မှာ ဖျာခင်းဖို့ ချောင်းနေတဲ့ စားဖားကြီးတွေ၊ အချောင်သမားတွေ၊ အစိုးရ အလစ်အငိုက်နဲ့ အမှားကွက်ကို စောင့်နေသူတွေကလည်း နေရာအနှံ့မှာ ပုံစံအမျိုးမျိုးနဲ့ ရှိနပြေန်တယ်။

တချို့ကလည်း အကြောင်းအကျိုး၊ အကောင်းအဆိုးကို ဘာမှနားမလည်၊ အစိုးရ ဘာလုပ်လုပ်၊ ဆန့်ကျင်လိုက်ရမှ အတိုက်အခံ နိုင်ငံရေးသမားလို့ ခံယူနကြေတဲ့ တဇောက်ကန်းမျိုးချစ်တွေလည်း မြန်မာပြည်မှာ ဒုနဲ့ဒေးပါဘဲ။

ကျွန်တော်တို့နိုင်ငံ မတိုးတက်တာ၊ ငြိမ်းချမ်းမှု မတည်ဆောက်နိုင်သေးတာ ဝါဒကြောင့်လည်း မဟုတ်ပါဘူး။ ကွန်မြူနစ်လည်း သူ့ဝါဒအလျောက်၊ အရင်းရှင်တွေ၊ ဆိုရှယ်လစ်တွေမှာလည်း သူ့ဝါဒ အထိုက်အလျောက် အားသာချက်အားနည်း ချက်တွေရှိကြသလို၊ ဒီမိုကရေစီစနစ်မှာလည်း မတူကွဲပြားချက်တွေ အများကြီးရှိနေမှာပါ။

(၁၉၄၈-၁၉၅၈) ပါလီမန်ဒီမိုကရေစီခေတ်၊ (၁၉၅၈-၁၉၆၀) အိမ်စောင့်အစိုးရခေတ်၊ (၁၉၆၀-၁၉၆၂) ပထစ အစိုးရခေတ်၊ (၁၉၆၂-၁၉၇၄) တော်လှန်ရေးကောင်စီခေတ်၊ (၁၉၇၄-၁၉၈၈) မဆလခေတ်၊ (၁၉၈၈-၂၀၁၀) စစ်အစိုးရခေတ်ကနေ ဒီနေ့ထိ ဘယ်အစိုးရတက်လာ လာ၊ ဘာဝါဒတွေနဲ့ အုပ်ချုပ် အုပ်ချုပ် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်မှု မရှိတဲ့ အပြင်၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ တိုးပွားလာတာဟာ ခိုင်မာမှန်ကန်တဲ့ စနစ်မရှိသေးလို့သာ ဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်။

ကမာ္ဘပေါ်မှာရှိကြတဲ့ နိုင်ငံအသီးသီးဟာ မိမိတိုင်းပြည် အကျယ်အဝန်း၊ မျိုးနွယ်စုကွဲပြားမှု အခြေအနေ၊ လူဦးရေပေါ် မူတည်ပြီး ဖွဲ့စည်းတည်ဆောက်အုပ်ချုပ်ပုံ အမျိုးမျိုး ရှိနကြေပါတယ်။ ယူနီယံ၊ ယူနိုက်တက်၊ ဖယ်ဒရယ်၊ ကွန်ဖက်ဒရေးှရှင်း၊ ယူနက်ထရီ လို့ကွဲပြားနေပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ "ဖယ်ဒရယ်မူ"ချမှတ်နိုင်ရင် ပြဿနာများ အထိုက်အလျောက် ပြငြေိမ်းသွားမယ် ထင်နိုင်ပေမဲ့၊ "ဘုံမျိုးချစ်စိတ်" မမွေးမြူနိုင်သေးသမျှ၊ ပြည်နယ်တွေ ကွဲထွက်ပြီး ပြည်ထောင်စုကြီး အစိတ်စိတ် အမြွှာမြွှာ ဖြစ်ရမည့်ဘေးဆိုးကို ရင်ဆိုင်ကြရမှာ မြကြေီးလက်ခတ်မလွဲပါဘဲ။

ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနဖြေင့် ပြည်တွင်းရေးနှင့်ပြည်ပ အင်အားကြီး နိုင်ငံများ အကြား ဘေးကျပ်နံကျပ်ရင်ဆိုင်နကြေရတာပါ။ ကျဉ်းမြောင်းတဲ့ နိုင်ငံရေးအမြင်နှင့် ငါတကောကောနေသည့် နိုင်ငံရေး ဘိုးအကြေီးများ၊ ငါ့လူမျိုး၊ ငါ့ဘာသာ အရေးသာ အဓိကလို့ ခံယူနေတဲ့ အတ္တဝါဒီကြီးများ၊ ပြည်ထောင်စုကြီးမှ ခွဲထွက်ကာ တစ်ထီးတစ်နန်း ထူထောင်နေချင်သည့် အချို့သော တိုင်းရင်းသား အဖွဲ့အစည်းများ အကြား တူညီသော သဘောထားရရှိနိုင်ဖို့ ကြိုးစားနေရတာက ပြည်တွင်းရေး
ပြဿနာများပင်။

မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ လက်ဝဲ အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်ကလည်း မြန်မာ့သယံဇာတထက် သူတို့ရဲ့ ယူနန်နယ် အပါအဝင် ကုန်းတွင်းပိတ်ဖြစ်နေတဲ့ အနောက်ဘက်တစ်ခြမ်းလုံး ဘင်္ဂလား ပင်လယ်အော်နဲ့ အိနိ္ဒယ သမုဒ္ဒရာကို အချိန်တိုတို ထွက်ပေါက်ရဖို့ တစ်ခုတည်းသော ဖြတ်လမ်းဖြစ်တဲ့ မြန်မာနိုင်ငံကို အဓိက ပစ်မှတ်ထားမှာပါဘဲ။

မြန်မာနိုင်ငံ အတွင်းကဖြတ်သန်းသွားရင် ကီလိုမီတာ(၁၀၀၀၀)လောက်နဲ့ ဘင်္ဂလားပင်လယ်အော်နဲ့ မုတ္တမကွေ့ကိုရောက်နိုင်တာ တရုတ်တွေ လစ်လျူပြုထားမှာ မဟုတ်သလို၊ အနောက်အုပ်စုများရဲ့ ထိန်းချုပ်မှုမကင်းတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး အိနိ္ဒယသမုဒ္ဒရာကို သွားနိုင်တဲ့ ထွက်ပေါက်ဟာ မြန်မာနိုင်ငံကလွဲပြီး မရှိပါဘူး။

ဒါကြောင့် လက်ဝဲအင်အားကြီး နိုင်ငံလည်းဖြစ်တဲ့ တရုတ်ဟာ သူတို့ရဲ့ အနောက်ဘက်ခြမ်းလုံခြုံမှု၊ လွတ်လပ်စွာ ဈေးကွက်ထိုးဖောက် ကုန်စည်စီးဆင်းနိုင်မှု အတွက် မြန်မာနိုင်ငံဟာ သူတို့အတွက် လက်လွတ်ခံလို့ မဖြစ်တဲ့ အချက်အခြာပါဘဲ။

ပစိဖိတ်သမုဒ္ဒရာ တစ်ဝန်းလုံးမှာ တရုတ်ကို ပိတ်ဆို့ထားတဲ့ လက်ယာအင်အားကြီး အမေရိကန်ကလည်း မြန်မာနိုင်ငံမှ တစ်ဆင့် အိနိ္ဒယသမုဒ္ဒရာသို့ ထွက်ပေါက်ရသွားမဲ့ တရုတ်ကို ဘယ်နည်းနဲ့မှ အခွင့်အရေး ရစေမှာ မဟုတ်သလို၊ စစ်စခန်းချခွင့် မရပေမဲ့လည်း မြန်မာကို စစ်ရေးမဟာမိတ်ပြုဖို့ကြိုးစားနေသည်သာ။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လက်ဝဲ လက်ယာ အင်အားကြီးနိုင်ငံများအတွက် မဟာဗျူဟာ နယ်မြဖြေစ်နေတာကိုတော့ သတိကြီးစွာ ထားဖို့လိုပါတယ်။

ဒါကြောင့် တရုတ် နဲ့ အမေရိကန်တို့ရဲ့ နယ်ချဲ့လက်သစ်မူအရ ပြည်တွင်း အင်အားစုတွဖြေစ်တဲ့ တိုင်းရင်းသားမျိုးနွယ်စု အသီးသီးကို နည်းမျိုးစုံနဲ့ သိမ်းသွင်းခြင်း၊ ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် လက်သပ်မွေးထားတဲ့ လက်ဝဲ/လက်ယာ အစွန်းရောက်များမှ သွေးထိုးလှုံ့ဆော်စခြေင်းများကို နည်းမျိုးစုံနဲ့ လုပ်ဆောင်နကြေတာ သတိပြုမိရင် သိသာမြင်သာပါတယ်။

ဒါကြောင့် ပြည်တွင်းမှာ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ပြဿနာတိုင်းကို သူ့အပြစ်၊ ငါ့အပြစ်လို့ ပုံချ တိုက်ခိုက်နေမဲ့ အစား၊ ဘာပဲလုပ်လုပ်၊ ဘာပဲ ကြံကြံ "မြန်မာဆိုတဲ့ ပြည်ထောင်စုကြီး"အရေးကိုသာ ဦးစားပေး စဉ်းစားကြစေချင်ပါတယ်။ မိမိမျိုးနွယ်စု အရေးသက်သက် စဉ်းစားကြ၊ လုပ်ဆောင်ကြတာဟာ သေးသိမ်လွန်းလှပါတယ်။

"ဘုံမျိုးချစ်စိတ်"နဲ့သာ တွေးတောကြံဆလုပ်ဆောင်ကြရင် လှပတဲ့အနာဂတ်တွေကို ရယူပိုင်ဆိုင်နိုင်ကြမယ်လို့ ယုံကြည်မိပါတော့တယ်။

ဆောင်းပါးရှင်။ ဦးခင်မောင်မြင့်(ရွှေမဟာ) 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~