အဝေးပြေးယာဉ်များမှ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ တောင်ကြီးယာဉ်ထိန်းရဲများမှ စက်ကိရိယာဖြင့် စစ်ဆေးကာ အသိပညာပေး
အဝေးပြေးယာဉ်များမှ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ အရက်သေစာ သောက်စားထားခြင်း ရှိ/မရှိ တောင်ကြီးယာဉ်ထိန်းရဲများမှ စက်ကိရိယာဖြင့် စစ်ဆေးကာ အသိပညာပေး
စကျတငျဘာ 8, 2016
By Tachileik News Agency
တောင်ကြီးမြို့မှ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ထွက်ခွာမည့် အဝေးပြေးကားများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အရက်သေစာသောက်စားထားခြင်း ရှိ/မရှိ  ရှောင်တခင် စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ အမှတ်(၁၈ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အရက်သေစာ သောက်စားထားမှုအား တွေ့ရှိပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ ဒဏ်ငွေကျပ်(၅၀,၀၀၀)နှင့် ထောင်ဒဏ်(၁)လထက်မပိုသော ပြစ်ဒဏ်များအား ချမှတ်နိုင်ပြီး ပြစ်ဒဏ်(၂)ရပ်စလုံးကိုလဲ တစ်ပြိုင်တည်းချမှတ်နိုင်ကြောင်း၊ ယခုလက်ရှိ တွင် ယာဉ်စည်းကမ်းနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များပေးဝေခြင်းနှင့် Alcohol Tester ဖြင့် စမ်းသပ်စစ်ဆေးခြင်းမှုများသာ ပြုလုပ်လျှက်ရှိပြီး အရေးယူဆောင်ရွက်ခြင်း မပြုသေးဘဲ ပညာပေးခြင်း လုပ်ငန်းအား အဓိကထားပြုလုပ်လျှက်ရှိကြောင်း နှင့် နောက်ပိုင်းတွင် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
သတင်း - နိုနို
~~~~~~~~⊰❂ unicode ~~~~~~~~
တောင်ကြီးမြို့မှ တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ထွက်ခွာမည့် အေဝးပြေးကားများမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အရက်သေစာသောက်စားထားခြင်း ရှိ/မရှိ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ အမှတ်(၁၈ ) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
"အဓိက ယာဉ်စီးနင်းလိုက်ပါလာတဲ့ ပြည်သူတွေအတွက် အသက်အန္တရာယ်မရှိအောင် ယာဉ်တိုက်မှုတွေ မဖြစ်အောင်နဲ့ မတော်တဆ တိမ်းမှောက်မှုတွေ လျော့နည်းစေဖို့အတွက် ဆောင်ရွက်တာပါ။ အခုအေဝးပြေး Express ကားတွေရဲ့ ယာဉ်မောင်းတွေကို အဓိကထားစစ်တယ်၊ နောက်ပိုင်း ယာဉ်ငယ် မောင်းနှင်တဲ့ ယာဉ်မောင်းတွေကိုလဲ စစ်ဆေးသွားမှာပါ"ဟု အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူး ထွန်းထွန်းအောင်က ပြောသည်။
ယာဉ်မောင်းများအား အရက်သေစာ သောက်စားထားခြင်းနှင့် ပတ်သက်၍ စက်တင်ဘာလ(၇)ရက်နေ့ ညနေပိုင်းက Alcohol Tester ဖြင့် ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ရာတွင် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ အပြင်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာနနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နှင့် အရက်သေစာနှင့် ပတ်သက်၍ ဆက်လက်၍လည်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အရက်သေစာ သောက်စားထားမှုအား တွေ့ရှိပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအရ ဒဏ်ငွေကျပ်(၅၀,ဝဝဝ)နှင့် ထောင်ဒဏ်(၁)လထက်မပိုသော ပြစ်ဒဏ်များအား ချမှတ်နိုင်ပြီး ပြစ်ဒဏ်(၂)ရပ်စလုံးကိုလဲ တစ်ပြိုင်တည်းချမှတ်နိုင်ကြောင်း၊ ယခုလက်ရှိ တွင် ယာဉ်စည်းကမ်းနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များပေးဝခြေင်းနှင့် Alcohol Tester ဖြင့် စမ်းသပ်စစ်ဆေးခြင်းမှုများသာ ပြုလုပ်လျှက်ရှိပြီး အရေးယူဆောင်ရွက်ခြင်း မပြုသေးဘဲ ပညာပေးခြင်း လုပ်ငန်းအား အဓိကထားပြုလုပ်လျှက်ရှိကြောင်း နှင့် နောက်ပိုင်းတွင် အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တောင်ကြီးမြို့ အမှတ်(၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးမှ သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~