တာချီလိတ်ပညာရေးဖောင်ဒေးရှင်း မှ ၂၀၁၆ - ၂၀၁၇ တက္ကသိုလ်/ကောလိပ် ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးပေးရန် လျှောက်လွှာခေါ်ယူ
တာချီလိတ်ပညာရေးဖောင်ဒေးရှင်း မှ ၂၀၁၆ - ၂၀၁၇ တက္ကသိုလ်/ကောလိပ် ပညာသင်နှစ်အတွက် ပညာသင် ထောက်ပံ့ကြေးပေးရန် လျှောက်လွှာခေါ်ယူ
စကျတငျဘာ 6, 2016
By Tachileik News Agency
တာချီလိတ်မြို့နယ် အခြေပြု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ မရှိနွမ်းပါးနှင့် အခက်အခဲ ဖြစ်နေသော ၂၀၁၆ - ၂၀၁၇ တက္ကသိုလ်ပညာသင် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပေးမှာဖြစ်သည့် အတွက် အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ပညာသင်ထောက်ပံ့ကြေးနှင့် ပက်သက်၍ ခြွင်းချက်အနေဖြင့် ကိုယ်ပိုင်ကျောင်းများမှ ပညာသင်ဆုဖြင့်ထူးချွန်စွာ အောင်မြင်ပြီး ဆက်တက်ရန် ခက်ခဲသော ထူးချွန်နွမ်းပါး ကျောင်းသားများလည်း ပါဝင်ကြောင်း ၎င်းမှ ဆိုသည်။
တာချီလိတ်မြို့နယ်အတွင်း အစိုးရကျောင်းများမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်/ကောလိပ် နှင့် သူနာပြု တက္ကသိုလ်/ကောလိပ်တို့တွင် တက်ရောက်ကာ ပညာသင်ကြား လိုသူများ အနေဖြင့် တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ  ဦးအောင်မျိုးဝင်း - ကွမ်းပစ္စည်းမျိုးစုံ အရောင်းဆိုင်တွင် လာရောက် လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရသည်။
မြန်မာဖုန်း။ ။ 095242865
ထိုင်းဖုန်း။ ။ 0827581300
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့နယ် အခြပြေု တာချီလိတ်ပညာရေးဖောင်ဒေးရှင်းမှ မရှိနွမ်းပါးနှင့် အခက်အခဲ ဖြစ်နေသော ၂၀၁၆ - ၂၀၁၇ တက္ကသိုလ်ပညာသင် ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပေးမှာဖြစ်သည့် အတွက် အောက်တိုဘာလ (၃၁)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။
"လာလျှောက်တဲ့ လျှောက်လွှာတွေကို လက်ခံသွားပြီးတော့ ဖောင်ဒေးရှင်းက လျှောက်လွှာစိစစ်ရေးအဖွဲ့နဲ့ သေချာစိစစ်ပြီး အမှန်တကယ် လိုအပ်နေသူများကို ပညာသင်ကြေးအဖြစ် ထောက်ပံ့ ပေးသွားမှာပါ၊ လျှောက်လွှာများကို အောက်တိုဘာလ(၃၁)ရက်နေ့အထိ လက်ခံပေးသွားမှာပါ။ ပညာသင်ထောက်ပံ့ကြေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း လာရောက် စုံစမ်းမေးမြန်းနိုင်ပါတယ်"ဟု တာချီလိတ်ပညာရေး ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဒေါ်စိုးဥမ္မာက ပြောသည်။
ပညာသင်ထောက်ပံ့ကြေးနှင့် ပက်သက်၍ ခြွင်းချက်အနဖြေင့် ကိုယ်ပိုင်ကျောင်းများမှ ပညာသင်ဆုဖြင့်ထူးချွန်စွာ အောင်မြင်ပြီး ဆက်တက်ရန် ခက်ခဲသော ထူးချွန်နွမ်းပါး ကျောင်းသားများလည်း ပါဝင်ကြောင်း၎င်းမှ ဆိုသည်။
တာချီလိတ်မြို့နယ်အတွင်း အစိုးရကျောင်းများမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနဖြေင့် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေး တက္ကသိုလ်/ကောလိပ် နှင့် သူနာပြု တက္ကသိုလ်/ကောလိပ်တို့တွင် တက်ရောက်ကာ ပညာသင်ကြား လိုသူများ အနဖြေင့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ ဦးအောင်မျိုးဝင်း - ကွမ်းပစ္စည်းမျိုးစုံ အရောင်းဆိုင်တွင် လာရောက် လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရသည်။
ဒေါ်စိုးဥမ္မာ (ဘဏ္ဍာရေးမှူး)
အမှတ်။ ၄/၂၇။ ဝမ်ကောင်းရပ်ကွက်(အုပ်ချုပ်ရေးမှူးရုံးရှေ့)၊ တာချီလိတ်မြို့။
မြန်မာဖုန်း။ 095242865
ထိုင်းဖုန်း။ 0827581300
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~