ေရနံသာစာသင္တိုက္အား တရားရံုးမွ ခ်ိတ္ပိတ္ၿပီး ပဓာနဆရာေတာ္(၂)ပါးကို ဖမ္း၀ရမ္းထုတ္သျဖင့္ ရဟန္းသံဃာႏွင့္ လူအင္အား(၃၅၀) ဆႏၵထုတ္ေဖာ္

ေရနံသာစာသင္တိုက္အား တရားရံုးမွ ခ်ိတ္ပိတ္ၿပီး ပဓာနဆရာေတာ္(၂)ပါးကို ဖမ္း၀ရမ္းထုတ္သျဖင့္ ရဟန္းသံဃာႏွင့္ လူအင္အား(၃၅၀) ဆႏၵထုတ္ေဖာ္
စက်တင်ဘာ 3, 2016
By Tachileik News Agency

ပုပၸါးေတာင္ကလပ္မွ ေရနံသာစာသင္တိုက္အား တရားရံုးမွ ခ်ိတ္ပိတ္၍ ပဓာနဆရာေတာ္(၂)ပါးကို ဖမ္း၀ရမ္းထုတ္သျဖင့္ ရဟန္းသံဃာႏွင့္ လူအင္အား(၃၅၀)ေက်ာ္ ေက်ာက္ပန္းေတာင္း - ပုပၸါး ကားလမ္းမ တစ္ေလွ်ာက္ စက္တင္ဘာလ(၂)ရက္ေန႔က ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရသည္။

"စာသင္တိုက္ကို ခ်ိတ္ပိတ္ၿပီး တရားရံုးမွာ ရွံဳးနိမ့္ခဲ့တဲ့ ဆရာေတာ္(၂)ပါးကို ထပ္ဆင့္ ဖမ္း၀ရမ္း ထုတ္တဲ့အေပၚ မေက်နပ္လို႔ ဆႏၵေဖာ္ထုတ္တာပါ။ အခုအမႈနဲ႔ပတ္သက္ၿပီး ဇူလိုင္လတုန္းက သတင္းစာ ရွင္းလင္းပြဲလုပ္ေသးတယ္ အခုလို ဆံုးျဖတ္ခ်က္ခ်ေတာ့ စာသင္တိုက္က သီလရွင္ဆရာေလးေတြေကာ၊ စာသင္သားေတြေကာ အခက္အခဲျဖစ္ကုန္တာေပါ့"ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ပါ၀င္သည့္ ေဒသခံ ကုိေက်ာ္လြင္က ေျပာသည္။

မႏၱေလးတိုင္းေဒသႀကီး၊ ေညာင္ဦးခရိုင္၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸါးေတာင္ကလပ္တြင္ တည္ရွိသည့္ ေရနံသာစာသင္တိုက္ ပိုင္ဆိုင္မႈႏွင့္ပတ္သက္၍ လက္ရွိေက်ာင္းထိုင္ဆရာေတာ္ႏွင့္ အျခားဆရာေတာ္တို႔ ေက်ာင္းပန္းေတာင္းၿမိဳ႕နယ္တရားရံုးတြင္ အမႈရင္ဆိုင္ရာ လက္ရွိ ေက်ာင္းထိုင္ဆရာေတာ္မွ အမႈရွံဳးနိမ့္ခဲ့သည့္ အေပၚ စာသင္တိုက္အား ခ်ိတ္ပိတ္၍ ေက်ာင္းထိုင္ဆရာေတာ္အား ဖမ္း၀ရမ္း ထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရနံသာေက်ာင္းတိုက္အား ေက်ာင္းထိုင္ ပိုင္ဆိုင္မႈႏွင့္ ပတ္သက္၍ အမႈအား သံဃာ့အဖြဲ႕အစည္းဆိုင္ရာ ဥပေဒပုဒ္မ ၂၀/၉၀ ျဖင့္ ေက်ာက္ပန္းေတာင္း ၿမိဳ႕နယ္တရားရံုးတြင္ တရားရင္ဆိုင္ရာ လက္ရွိေက်ာင္းထိုင္ ဆရာေတာ္မွ ရွံဳးနိမ့္ခဲ့သျဖင့္ တရားရံုးမွ ခ်ိတ္ပိတ္သည့္အျပင္ တရားရင္ဆိုင္စဥ္ ရံုးေတာ္မွ ခ်ိန္းဆို ဆင့္ေခၚမႈအား လာေရာက္၍ တရားရင္ဆိုင္ျခင္းမရွိသည့္ တရားရွံဳးဆရာေတာ္(၂)ပါးအား ဖမ္း၀ရမ္းထုတ္ျပန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆႏၵထုတ္ေဖာ္မႈတြင္ သံဃာ့အင္အား၊ လူအင္အား၊ သီလရွင္ဆရာေလးမ်ား အပါအ၀င္ ရန္ကုန္မ်ိဳးခ်စ္ ျမန္မာရဟန္းေတာ္သမဂၢတို႔မွလည္း ပူးေပါင္းပါ၀င္၍ ဆႏၵထုတ္ေဖာ္ခဲ့ၿပီး အင္အား(၃၅၀)ခန္႔ပါ၀င္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ပုပ္ပါးတောင်ကလပ်မှ ရေနံသာစာသင်တိုက်အား တရားရုံးမှ ချိတ်ပိတ်၍ ပဓာနဆရာတော်(၂)ပါးကို ဖမ်းဝရမ်းထုတ်သဖြင့် ရဟန်းသံဃာနှင့် လူအင်အား(၃၅၀)ကျော် ကျောက်ပန်းတောင်း - ပုပ္ပါး ကားလမ်းမ တစ်လျှောက် စက်တင်ဘာလ(၂)ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

"စာသင်တိုက်ကို ချိတ်ပိတ်ပြီး တရားရုံးမှာ ရှုံးနိမ့်ခဲ့တဲ့ ဆရာတော်(၂)ပါးကို ထပ်ဆင့် ဖမ်းဝရမ်း ထုတ်တဲ့အပေါ် မကျေနပ်လို့ ဆန္ဒဖော်ထုတ်တာပါ။ အခုအမှုနဲ့ပတ်သက်ပြီး ဇူလိုင်လတုန်းက သတင်းစာ ရှင်းလင်းပွဲလုပ်သေးတယ် အခုလို ဆုံးဖြတ်ချက်ချတော့ စာသင်တိုက်က သီလရှင်ဆရာလေးတွေကော၊ စာသင်သားတွေကော အခက်အခဲဖြစ်ကုန်တာပေါ့"ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဒေသခံ ကိုကျော်လွင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်တွင် တည်ရှိသည့် ရေနံသာစာသင်တိုက် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လက်ရှိကျောင်းထိုင်ဆရာတော်နှင့် အခြားဆရာတော်တို့ ကျောင်းပန်းတောင်းမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ရာ လက်ရှိ ကျောင်းထိုင်ဆရာတော်မှ အမှုရှုံးနိမ့်ခဲ့သည့် အပေါ် စာသင်တိုက်အား ချိတ်ပိတ်၍ ကျောင်းထိုင်ဆရာတော်အား ဖမ်းဝရမ်း ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနံသာကျောင်းတိုက်အား ကျောင်းထိုင် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အမှုအား သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ ဖြင့် ကျောက်ပန်းတောင်း မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်ရာ လက်ရှိကျောင်းထိုင် ဆရာတော်မှ ရှုံးနိမ့်ခဲ့သဖြင့် တရားရုံးမှ ချိတ်ပိတ်သည့်အပြင် တရားရင်ဆိုင်စဉ် ရုံးတော်မှ ချိန်းဆို ဆင့်ခေါ်မှုအား လာရောက်၍ တရားရင်ဆိုင်ခြင်းမရှိသည့် တရားရှုံးဆရာတော်(၂)ပါးအား ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်မှုတွင် သံဃာ့အင်အား၊ လူအင်အား၊ သီလရှင်ဆရာလေးများ အပါအဝင် ရန်ကုန်မျိုးချစ် မြန်မာရဟန်းတော်သမဂ္ဂတို့မှလည်း ပူးပေါင်းပါဝင်၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး အင်အား(၃၅၀)ခန့်ပါဝင်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~