ေက်ာက္မဲၿမိ္ဳ႕ရွိ နႏၵမာလာပန္းၿခံမွ ေကတီဗြီေၾကာင့္ အမ်ားျပည္သူအေႏွာင့္အယွက္ျဖစ္

ေက်ာက္မဲၿမိ္ဳ႕ရွိ နႏၵမာလာပန္းၿခံမွ ေကတီဗြီေၾကာင့္ အမ်ားျပည္သူအေႏွာင့္အယွက္ျဖစ္
စက်တင်ဘာ 30, 2016
By Tachileik News Agency

ေက်ာက္မဲၿမိဳ႕ ပန္းၿခံအတြင္းမွ KTV ဆိုင္အေဆာက္အဦမ်ားအား အကာအကြယ္ယူ၍  မူးယစ္ေဆး၀ါး သံုးစြဲသည့္ လူငယ္မ်ားရိွလာသည့္အျပင္ အပန္းေျဖအနားယူသူမ်ား အတြက္လည္း ဆူညံသံမ်ားေၾကာင့္ အေႏွာင့္အယွက္ျဖစ္ေနရသည္ဟု ေဒသခံမ်ားက ဆိုသည္။

''ၿမိဳ႕အဝင္မွာ ရွိေနတဲ့ နႏၵမာလာပန္းၿခံထဲမွာ ၿမိဳ႕နယ္စည္ပင္ကေန ေျမငွားရမ္းေပးထားတယ္။ ငွားရမ္းခြင့္ ရတဲ့သူက ေကတီဗြီဖြင့္ထားတဲ့အတြက္ အဲဒီအေဆာက္အဦကို အကာကြယ္ယူၿပီး မူးယစ္ေဆးဝါးလာသံုးတဲ့ လူငယ္ေတြရွိတယ္။ ေဆးထိုးအပ္ေတြကို စည္းမဲ့ကမ္းမဲ့ စြန္႔ပစ္ထားတာေတြရွိတယ္။ အဲဒါေတြက လံုးဝ အျမင္မသင့္ေတာ္ဘူး'' ဟု ပန္းၿခံအနီးေနထိုင္သူတစ္ဦးျဖစ္သည့္ ကိုေက်ာ္စိုးလင္းက ေျပာသည္။

ပန္းၿခံအတြင္း ကေလးကစားကြင္း ဖြင့္္လွစ္ခြင့္ျပဳထားျခင္းျဖစ္ေသာ္လည္း လုပ္ကိုင္ခြင့္ရသူက လုပ္ငန္း အရံႈးေပၚသျဖင့္ KTV ေျပာင္းလဲ ဖြင့္လွစ္လိုက္ျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

''ေနရာကိုပဲ ေလလံေၾကးနဲ႕ငွားရမ္းခြင့္ျပဳထားတာပါ။ အစက ကေလးကစားကြင္းဖြင့္ေတာ့ လာကစားတဲ့ သူမရွိလို႔ အရံႈးေပၚၿပီး သူတို႔က ေကတီဗြီေျပာင္းဖြင့္လိုက္တာ။ တကယ္လို႔ ျပသနာတစ္စံုတစ္ခုရွိလာလို႔ တုိင္တန္းလာရင္ ခ်က္ခ်င္း ပိတ္သိမ္းခုိင္းမွာပါ '' ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဒုတိယညႊန္ၾကားေရးမွဴး ဦးဝင္းေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေနရာအား ငွားရမ္းခြင့္အတြက္ ၂၀၁၅ -၂၀၁၆ ခုႏွစ္က ေလလံေၾကး က်ပ္(၂၂)သိန္းေက်ာ္ႏွင့္ ၂၀၁၆-၂၀၁၇ ခုႏွစ္တြင္ ေလလံေၾကး က်ပ္သိန္း( ၃၀) ရရိွထားၿပီး ၎ရရွိေငြမ်ားအား ၿမိဳ႕နယ္စည္ပင္သာယာေရး လုပ္ငန္းမ်ားအတြက္ သံုးစြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ နႏၵမာလာပန္းၿခံဝန္းအတြင္းရွိ ေျမလြတ္ေနရာအား ၂၀၁၁ ခုႏွစ္မွစ၍ ႏွစ္စဥ္ေလလံေၾကးျဖင့္ ငွားရမ္းအသံုးျပဳခြင့္ေပးလာျခင္းျဖစ္ေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွသိရသည္။

သတင္း - NNTY

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ ပန်းခြံအတွင်းမှ KTV ဆိုင်အဆောက်အဦများအား အကာအကွယ်ယူ၍ မူးယစ်ဆေးဝါး သုံးစွဲသည့် လူငယ်များရှိလာသည့်အပြင် အပန်းဖြေအနားယူသူများ အတွက်လည်း ဆူညံသံများကြောင့် အနှောင့်အယှက်ဖြစ်နေရသည်ဟု ဒေသခံများက ဆိုသည်။

''မြို့အဝင်မှာ ရှိနေတဲ့ နန္ဒမာလာပန်းခြံထဲမှာ မြို့နယ်စည်ပင်ကနေ မြေငှါးရမ်းပေးထားတယ်။ ငှါးရမ်းခွင့် ရတဲ့သူက ကေတီဗွီဖွင့်ထားတဲ့အတွက် အဲဒီအဆောက်အဦကို အကာကွယ်ယူပြီး မူးယစ်ဆေးဝါးလာသုံးတဲ့ လူငယ်တွေရှိတယ်။ ဆေးထိုးအပ်တွေကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတာတွေရှိတယ်။ အဲဒါတွေက လုံးဝ အမြင်မသင့်တော်ဘူး'' ဟု ပန်းခြံအနီးနေထိုင်သူတစ်ဦးဖြစ်သည့် ကိုကျော်စိုးလင်းက ပြောသည်။

ပန်းခြံအတွင်း ကလေးကစားကွင်း ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သော်လည်း လုပ်ကိုင်ခွင့်ရသူက လုပ်ငန်း အရှုံးပေါ်သဖြင့် KTV ပြောင်းလဲ ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

''နေရာကိုပဲ လေလံကြေးနဲ့ငှါးရမ်းခွင့်ပြုထားတာပါ။ အစက ကလေးကစားကွင်းဖွင့်တော့ လာကစားတဲ့ သူမရှိလို့ အရှုံးပေါ်ပြီး သူတို့က ကေတီဗွီပြောင်းဖွင့်လိုက်တာ။ တကယ်လို့ ပြသနာတစ်စုံတစ်ခုရှိလာလို့ တိုင်တန်းလာရင် ချက်ချင်း ပိတ်သိမ်းခိုင်းမှာပါ '' ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါနေရာအား ငှါးရမ်းခွင့်အတွက် ၂၀၁၅ -၂၀၁၆ ခုနှစ်က လေလံကြေး ကျပ်(၂၂)သိန်းကျော်နှင့် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် လေလံကြေး ကျပ်သိန်း( ၃၀) ရရှိထားပြီး၎င်းရရှိငွေများအား မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့ နန္ဒမာလာပန်းခြံဝန်းအတွင်းရှိ မြေလွတ်နေရာအား ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်လေလံကြေးဖြင့် ငှါးရမ်းအသုံးပြုခွင့်ပေးလာခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။

သတင်း - NNTY

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~