ျပည္ပတင္ပို႔မႈနည္းသျဖင့္ တာခ်ီလိတ္တြင္ ၾကက္သြန္ေစ်းမတက္

ျပည္ပတင္ပို႔မႈနည္းသျဖင့္ တာခ်ီလိတ္တြင္ ၾကက္သြန္ေစ်းမတက္
စက်တင်ဘာ 9, 2016
By Tachileik News Agency

ၾကက္သြန္ ျပည္ပတင္ပို႔မႈနည္းသျဖင့္ တာခ်ီလိတ္ၿမိဳ႕ရွိ ၾကက္သြန္ေစ်းမွာ ယခင္ႏွစ္ကဲ့သို႔ ေစ်းႏွဳန္းျမင့္တက္ျခင္း မရွိေသးေၾကာင္း ကုန္ေျခာက္ပစၥည္းအေရာင္းဆိုင္မ်ားမွ သိရသည္။

"အရင္ႏွစ္ေတြကဆိုရင္ အခုလိုအခ်ိန္က ၾကက္သြန္နီ/ျဖဴ ေစ်းတက္ေလ့ရွိတယ္။ ဒါေပမဲ့ ဒီႏွစ္ေတာ့ မတက္ဘူး။ အရင္ကေစ်းတက္တယ္ဆိုတာ ဒီအခ်ိန္မွာ ၾကက္သြန္ရွားသြားလို႔။ ေနာက္တစ္ခ်က္က ၾကက္သြန္ထြက္တဲ့ရာသီ ေက်ာ္သြားလို႔ ဒီႏွစ္ေတာ့ ေစ်းႏွဳန္းတက္မလာဘူး"ဟု ၿဖိဳးကုန္စံုဆိုင္ပိုင္ရွင္ ဦးေဇာ္ျမင့္က ေျပာသည္။

တာခ်ီလိတ္ေစ်းကြက္တြင္ ၂၀၁၆ ခုႏွစ္ ၾသဂုတ္လအတြင္း ၾကက္သြန္တစ္ပိႆာ (၁၃)ဘတ္(က်ပ္-၅၀၀)ေစ်းခန္႔သာရွိၿပီး ၂၀၁၅ ခုႏွစ္ စက္တင္ဘာလအတြင္းက ဘတ္(၃၀)(က်ပ္-၁၀၀၀)ခန္႔ ထိ ေစ်းေပါက္ခဲ့ေၾကာင္း  သိရသည္။

"မႏွစ္က ေရႀကီးတာက ၾကက္သြန္စိုက္တဲ့ ဧရိယာေတြေတာ္ေတာ္ ပါသြားတယ္။ အခုႏွစ္က ၾကက္သြန္ေစ်းႏွဳန္း ခ်က္ခ်င္းတက္လာတာမေတြ႕ေသးဘူး။ တျခား ဆန္တို႔ ပဲတို႔ေတာ့ ေစ်းေတြတက္လာၿပီ။ ၾကက္သြန္နီ ေလွာင္ထားတာ မ်ားတဲ့အတြက္လည္း ျဖစ္ႏိုင္တယ္။ နယ္စပ္ထြက္ေပါက္က ပို႔တာကလည္း ပို႔တဲ့ တန္ခ်ိန္ေလ်ာ့က်လာတယ္လို႔ သိရတယ္"ဟု ေစ်းကြက္သံုးသပ္သူ တစ္ဦးက ေျပာသည္။

ျပည္တြင္း ၾကက္သြန္နီေစ်းကြက္ေပါက္ေစ်းမွာ ၾသဂုတ္လအတြင္း တစ္ပိႆာ က်ပ္(၆၀၀)မွ က်ပ္(၈၀၀)အထိ ရွိၿပီး တရုတ္ႏိုင္ငံသို႔ မူဆယ္(၁၀၅)မိုင္မွ တင္ပို႔မွဳမွာ ဇူလိုင္လအတြင္း တန္ခ်ိန္(၆၃၄)တန္အထိ တင္ပို႔ႏိုင္ခဲ့ေသာ္လည္း  ၾသဂုတ္လ ပထမပတ္အတြင္း တန္ခ်ိန္(၅၅၀)သာ တင္ပို႔ႏိုင္ခဲ့သျဖင့္ တင္ပို႔မႈ ေလ်ာ့နည္းခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ စာရင္းမ်ားအရသိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~

ကြက်သွန် ပြည်ပတင်ပို့မှုနည်းသဖြင့် တာချီလိတ်မြို့ရှိ ကြက်သွန်ဈေးမှာ ယခင်နှစ်ကဲ့သို့ ဈေးနှုန်းမြင့်တက်ခြင်း မရှိသေးကြောင်း ကုန်ခြောက်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

"အရင်နှစ်တွေကဆိုရင် အခုလိုအချိန်က ကြက်သွန်နီ/ဖြူ ဈေးတက်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနှစ်တော့ မတက်ဘူး။ အရင်ကဈေးတက်တယ်ဆိုတာ ဒီအချိန်မှာ ကြက်သွန်ရှားသွားလို့။ နောက်တစ်ချက်က ကြက်သွန်ထွက်တဲ့ရာသီ ကျော်သွားလို့ ဒီနှစ်တော့ ဈေးနှုန်းတက်မလာဘူး"ဟု ဖြိုးကုန်စုံဆိုင်ပိုင်ရှင် ဦးဇော်မြင့်က ပြောသည်။

တာချီလိတ်ဈေးကွက်တွင် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း ကြက်သွန်တစ်ပိဿါ (၁၃)ဘတ်(ကျပ်-၅၀၀)ဈေးခန့်သာရှိပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက ဘတ်(၃၀)(ကျပ်-၁၀၀၀)ခန့် ထိ ဈေးပေါက်ခဲ့ကြောင်း သိရသည်။

"မနှစ်က ရကြေီးတာက ကြက်သွန်စိုက်တဲ့ ဧရိယာတွေတော်တော် ပါသွားတယ်။ အခုနှစ်က ကြက်သွန်ဈေးနှုန်း ချက်ချင်းတက်လာတာမတွေ့သေးဘူး။ တခြား ဆန်တို့ ပဲတို့တော့ ဈေးတွေတက်လာပြီ။ ကြက်သွန်နီ လှောင်ထားတာ များတဲ့အတွက်လည်း ဖြစ်နိုင်တယ်။ နယ်စပ်ထွက်ပေါက်က ပို့တာကလည်း ပို့တဲ့ တန်ချိန်လျော့ကျလာတယ်လို့ သိရတယ်"ဟု ဈေးကွက်သုံးသပ်သူ တစ်ဦးက ပြောသည်။

ပြည်တွင်း ကြက်သွန်နီဈေးကွက်ပေါက်ဈေးမှာ သြဂုတ်လအတွင်း တစ်ပိဿါ ကျပ်(၆၀၀)မှ ကျပ်(၈၀၀)အထိ ရှိပြီး တရုတ်နိုင်ငံသို့ မူဆယ်(၁၀၅)မိုင်မှ တင်ပို့မှုမှာ ဇူလိုင်လအတွင်း တန်ချိန်(၆၃၄)တန်အထိ တင်ပို့နိုင်ခဲ့သော်လည်း သြဂုတ်လ ပထမပတ်အတွင်း တန်ချိန်(၅၅၀)သာ တင်ပို့နိုင်ခဲ့သဖြင့် တင်ပို့မှု လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

သတင်း - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~