ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ နယ္စပ္မွတင္သြင္းသည့္ စားေသာက္ကုန္မ်ားအား ထိေရာက္စြာ မစစ္ေဆးႏိုင္ေသး

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ နယ္စပ္မွတင္သြင္းသည့္ စားေသာက္ကုန္မ်ားအား ထိေရာက္စြာ မစစ္ေဆးႏိုင္ေသး
စက်တင်ဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသတြင္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ တင္သြင္းေသာ စားေသာက္ကုန္မ်ားအား စားသံုးရန္ သင့္/မသင့္ စစ္ေဆးႏိုင္မႈ အားနည္းေနေသးေၾကာင္း ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)စားသံုးသူေရးရာ ဦးစီးဌာနမွ သိရသည္။

"အခု တာခ်ီလိတ္နဲ႔ မိုင္းလားဘက္က တင္သြင္းေနတဲ့ အစားအေသာက္ေတြနဲ႔ ပတ္သက္ရင္ စစ္ေဆးဖို႔က်ေတာ့ ေဒသလိုအပ္ခ်က္ေၾကာင့္ အခက္အခဲျဖစ္ေနပါေသးတယ္။ အဓိကေတာ့ အခုလိုစစ္ေဆးဖို႔ လိုအပ္တဲ့ အေျခအေနေတြကို ကၽြန္ေတာ္တို႔က တင္ျပၿပီး အထက္လူႀကီးေတြကလည္း လိုအပ္တဲ့ စက္ကိရိယာတို႔ နည္းပညာတို႔ ခ်ေပးဖို႔လိုအပ္တယ္။ ဒါေတြျပည့္စံုမွ အဆင္ေျပမွာပါ"ဟု ရွမ္းျပည္နယ္ ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္ အစိုးရ ကိုယ္စားလွယ္၊ စားသံုးသူေရးရာ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သို႔ တင္သြင္းလာသည့္ အစားအေသာက္မ်ားတြင္ သက္ဆိုင္ရာ ဦးစီးဌာနအလိုက္ စစ္ေဆးမႈမ်ားရွိေသာ္လည္း လံုေလာက္သည့္ စစ္ေဆးမႈ မလုပ္ေဆာင္ႏုိင္ေသးေၾကာင္း ၎ထံမွ သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ေဒသတြင္း လမ္းပန္းဆက္သြယ္ေရး အခက္အခဲမ်ားေၾကာင့္ စားသံုးကုန္မ်ားကို အိမ္နီးခ်င္း ႏိုင္ငံမ်ားျဖစ္သည့္ ထိုင္းႏွင့္ တရုတ္ႏိုင္ငံမွ အဓိက တင္သြင္းေနရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသတွင် အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းသော စားသောက်ကုန်များအား စားသုံးရန် သင့်/မသင့် စစ်ဆေးနိုင်မှု အားနည်းနေသေးကြောင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

"အခု တာချီလိတ်နဲ့ မိုင်းလားဘက်က တင်သွင်းနေတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ရင် စစ်ဆေးဖို့ကျတော့ ဒေသလိုအပ်ချက်ကြောင့် အခက်အခဲဖြစ်နေပါသေးတယ်။ အဓိကတော့ အခုလိုစစ်ဆေးဖို့ လိုအပ်တဲ့ အခြေအနေတွေကို ကျွန်တော်တို့က တင်ပြပြီး အထက်လူကြီးတွေကလည်း လိုအပ်တဲ့ စက်ကိရိယာတို့ နည်းပညာတို့ ချပေးဖို့လိုအပ်တယ်။ ဒါတွပြေည့်စုံမှ အဆင်ပြေမှာပါ"ဟု ရှမ်းပြည်နယ် ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ တင်သွင်းလာသည့် အစားအသောက်များတွင် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် စစ်ဆေးမှုများရှိသော်လည်း လုံလောက်သည့် စစ်ဆေးမှု မလုပ်ဆောင်နိုင်သေးကြောင်း၎င်းထံမှ သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် စားသုံးကုန်များကို အိမ်နီးချင်း နိုင်ငံများဖြစ်သည့် ထိုင်းနှင့် တရုတ်နိုင်ငံမှ အဓိက တင်သွင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~