ကုန္သြယ္မႈဆိုင္ရာ ခြင့္ျပဳခ်က္ တစ္ေနရာထဲ လုပ္ေဆာင္သည့္စနစ္ လိုအပ္ခ်က္အခ်ိဳ႕ရိွ

ကုန္သြယ္မႈဆိုင္ရာ ခြင့္ျပဳခ်က္ တစ္ေနရာထဲ လုပ္ေဆာင္သည့္စနစ္ လိုအပ္ခ်က္အခ်ိဳ႕ရိွ
စက်တင်ဘာ 22, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း ထုိင္းႏိုင္ငံနယ္စပ္ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကုန္သြယ္မႈဆိုင္ရာ ခြင့္ျပဳခ်က္မ်ားအား တစ္ေနရာထဲတြင္ လုပ္ေဆာင္ေပးသည့္စနစ္ကို က်င့္သံုးေနေသာ္လည္း အခ်ိဳ႕ခြင့္ျပဳခ်က္မ်ားအတြက္ ေနျပည္ေတာ္သို႔ တင္ျပေနရဆဲျဖစ္ေၾကာင္း ကုန္သည္မ်ားထံမွ သိရသည္။

"အရင္က ကုန္ပို႔မယ္သြင္းမယ္ဆိုရင္ တစ္ရံုးနဲ႔ တစ္ရံုးသြားေနရတာနဲ႔ အခ်ိန္ေတြကုန္တယ္။ ေနာက္တစ္ခုက ေထာက္ခံခ်က္တစ္ေစာင္ရဖို႔ တစ္ပတ္ေလာက္ေစာင့္ရတဲ့ဒုကၡက ေလ်ာ့ပါးသြားတယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ တခ်ိဳ႕ကုန္စည္ေတြအတြက္ ေျဖေလ်ာ့မႈေတြကို ထပ္ၿပီးလုပ္သင့္တယ္။ ဥပမာ စားေသာက္ကုန္သြင္းဖို႔အတြက္ဆိုရင္ ေနျပည္ေတာ္အထိ FDA ေထာက္ခံခ်က္ ေတာင္းေနရတဲ့ ကိစၥမ်ိဳးေတြေတာ့ ရွိေသးတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မွ ကုန္သည္တစ္ဦးျဖစ္သူ ဦးစိုင္းတစ္က ေျပာသည္။

ရွမ္းျပည္နယ္ဝန္ႀကီးမ်ားက နယ္စပ္ကုန္သြယ္ေရးစခန္းမ်ား၏ လုပ္ငန္းအေျခအေနမ်ားအား ၾသဂုတ္လအတြင္းက လိုက္လံစိစစ္ၿပီးေနာက္ နယ္စပ္ကုန္သြယ္မႈ ျမန္ဆန္ေစေရးအတြက္ အဆိုပါစနစ္အား စက္တင္ဘာလ (၂) ရက္က စတင္က်င့္သံုးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ၾသဂုတ္လမွာ ရွမ္းျပည္နယ္၀န္ႀကီးေတြ ခရီးစဥ္အၿပီးမွာ ကုန္သည္ေတြရဲ႕ အခက္အခဲကို ခ်က္ခ်င္း ေျဖရွင္းေပးဖို႔ တစ္ေနရာထဲတြင္လုပ္ေဆာင္ေပးတဲ့စနစ္နဲ႔ ဌာနဆိုင္ရာေတြ စုေပါင္းၿပီးျပဳလုပ္ေပးေနပါၿပီ။ ပို႔ကုန္ေၾကညာလႊာ ျဖတ္တာကအစ တစ္ထိုင္တည္းျပဳလုပ္ႏိုင္ေအာင္ ေဆာင္ရြက္ေပးေနပါၿပီ။ ကုန္သည္ေတြလည္း လာလုပ္ၾကပါတယ္"ဟု ရွမ္းျပည္နယ္ကုန္သြယ္မွဳ တုိးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္ လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစ္ုိးရ ကိုယ္စားလွယ္ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ဆိုသည္။

တာခ်ီလိတ္ကုန္သြယ္ေရးစခန္းမွ ထိုင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈတန္ဖိုးမွာ ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္ စက္တင္ဘာလ (၁၆)ရက္အထိ ကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ(၃၀.၉၅၂)သန္းရွိၿပီး ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၆၅.၃၇)သန္းရိွေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုဆိုင်ရာ ခွင့်ပြုချက်များအား တစ်နေရာထဲတွင် လုပ်ဆောင်ပေးသည့်စနစ်ကို ကျင့်သုံးနေသော်လည်း အချို့ခွင့်ပြုချက်များအတွက် နပြေည်တော်သို့ တင်ပြနေရဆဲဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

"အရင်က ကုန်ပို့မယ်သွင်းမယ်ဆိုရင် တစ်ရုံးနဲ့ တစ်ရုံးသွားနေရတာနဲ့ အချိန်တွေကုန်တယ်။ နောက်တစ်ခုက ထောက်ခံချက်တစ်စောင်ရဖို့ တစ်ပတ်လောက်စောင့်ရတဲ့ဒုက္ခက လျော့ပါးသွားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တချို့ကုန်စည်တွေအတွက် ဖြေလျော့မှုတွေကို ထပ်ပြီးလုပ်သင့်တယ်။ ဥပမာ စားသောက်ကုန်သွင်းဖို့အတွက်ဆိုရင် နပြေည်တော်အထိ FDA ထောက်ခံချက် တောင်းနေရတဲ့ ကိစ္စမျိုးတွေတော့ ရှိသေးတယ်"ဟု တာချီလိတ်မြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးစိုင်းတစ်က ပြောသည်။

ရှမ်းပြည်နယ်ဝန်ကြီးများက နယ်စပ်ကုန်သွယ်ရေးစခန်းများ၏ လုပ်ငန်းအခြေအနေများအား သြဂုတ်လအတွင်းက လိုက်လံစိစစ်ပြီးနောက် နယ်စပ်ကုန်သွယ်မှု မြန်ဆန်စေရေးအတွက် အဆိုပါစနစ်အား စက်တင်ဘာလ (၂) ရက်က စတင်ကျင့်သုံးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ သြဂုတ်လမှာ ရှမ်းပြည်နယ်ဝန်ကြီးတွေ ခရီးစဉ်အပြီးမှာ ကုန်သည်တွေရဲ့ အခက်အခဲကို ချက်ချင်း ဖြေရှင်းပေးဖို့ တစ်နေရာထဲတွင်လုပ်ဆောင်ပေးတဲ့စနစ်နဲ့ ဌာနဆိုင်ရာတွေ စုပေါင်းပြီးပြုလုပ်ပေးနေပါပြီ။ ပို့ကုန်ကြေညာလွှာ ဖြတ်တာကအစ တစ်ထိုင်တည်းပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးနေပါပြီ။ ကုန်သည်တွေလည်း လာလုပ်ကြပါတယ်"ဟု ရှမ်းပြည်နယ်ကုန်သွယ်မှု တိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက် လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစို်းရ ကိုယ်စားလှယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ဆိုသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလ (၁၆)ရက်အထိ ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၃၀.၉၅၂)သန်းရှိပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၆၅.၃၇)သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~