ေဖ့စ္ဘုတ္သံုးစြဲမႈႏွင့္ ပတ္သက္၍ စကားမ်ားၿပီး ခင္ပြန္းျဖစ္သူ ႀကိဳးဆြဲခ်ေသဆံုး

ေဖ့စ္ဘုတ္သံုးစြဲမႈႏွင့္ ပတ္သက္၍ စကားမ်ားၿပီး ခင္ပြန္းျဖစ္သူ ႀကိဳးဆြဲခ်ေသဆံုး
စက်တင်ဘာ 13, 2016
By Tachileik News Agency

အင္တာနက္ လူမႈကြန္ရက္တစ္ခုျဖစ္သည့္  ေဖ့စ္ဘုတ္ သံုးစြဲမႈႏွင့္ ပတ္သက္၍ လင္မယားခ်င္း စကားမ်ားၿပီး ခင္ပြန္းျဖစ္သူမွ ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုးသြားမႈ ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ နမ့္စန္ၿမိဳ႕နယ္ အမွတ္(၅)ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္သည္ ၂၀၁၆ခုႏွစ္ စက္တင္ဘာလ(၁၂)ရက္ေန႔ ညပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ၎တို႔သည္ စက္တင္ဘာလ(၁၂)ရက္ေန႔ ေန႔လယ္ပိုင္းက ေဖ့စ္ဘုတ္သံုးစြဲမႈႏွင့္ပတ္သက္၍ လင္မယားခ်င္း စကားမ်ားၾကၿပီးေနာက္ ဇနီးျဖစ္သူက အျပင္ထြက္သြားျခင္းျဖစ္ေၾကာင္း ႏွင့္ ဇနီးျဖစ္သူသည္ ည(၈)နာရီ ၀န္းက်င္တြင္ ေနအိမ္သို႔ ျပန္ေရာက္ခ်ိန္မွာ ခင္ပြန္းျဖစ္သူမွာ ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ပတ္သက္၍ ဓမၼတာအတိုင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ကို နမ့္စန္ၿမိဳ႕မရဲစခန္းမွ စစ္ေဆးေဆာင္ရြက္လွ်က္ရွိၿပီး ေသမႈေသခင္းအမွတ္စဥ္ ၇/၂၀၁၆ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေသဆံုးသူ၏ အမည္မွာ ကိုနန္းလႈိင္ျဖစ္ၿပီး ၎သည္ အသက္(၄၂)ႏွစ္အရြယ္ရွိၿပီျဖစ္ၿပီး လက္သမားအလုပ္ကို လုပ္ကိုင္သူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းစိုးေအာင္

~~~~~~~~⊰❂ unicode ~~~~~~~~

အင်တာနက် လူမှုကွန်ရက်တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ် သုံးစွဲမှုနှင့် ပတ်သက်၍ လင်မယားချင်း စကားများပြီး ခင်ပွန်းဖြစ်သူမှ နေအိမ်၌ ကြိုးဆွဲချသေဆုံးသွားမှု ရှမ်းပြည်နယ်တောင်ပိုင်းဒေသ နမ့်စန်မြို့နယ် အမှတ်(၅)ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ၂၀၁၆ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၎င်းတို့သည် စက်တင်ဘာလ(၁၂)ရက်နေ့ နေ့လယ်ပိုင်းက ဖေ့စ်ဘုတ်သုံးစွဲမှုနှင့်ပတ်သက်၍ လင်မယားချင်း စကားများကြပြီးနောက် ဇနီးဖြစ်သူက အပြင်ထွက်သွားခြင်းဖြစ်ကြောင်း နှင့် ဇနီးဖြစ်သူသည် ည(၈)နာရီ ဝန်းကျင်တွင် နေအိမ်သို့ ပြန်ရောက်ချိန်မှာ ခင်ပွန်းဖြစ်သူမှာ နေအိမ်၌ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို နမ့်စန်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး သေမှုသေခင်းအမှတ်စဉ် ၇/၂၀၁၆ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သေဆုံးသူ၏ အမည်မှာ ကိုနန်းလှိုင်ဖြစ်ပြီး၎င်းသည် အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်သမားအလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~