စားက်က္၌ လႊတ္ေက်ာင္းထားသည့္ ႏြားအား ခိုးယူၿပီး သားသတ္လိုင္စင္ရထားသူထံ သြားေရာက္ေရာင္းခ်သူကို အေရးယူ

စားက်က္၌ လႊတ္ေက်ာင္းထားသည့္ ႏြားအား ခိုးယူၿပီး သားသတ္လိုင္စင္ရထားသူထံ သြားေရာက္ေရာင္းခ်သူကို အေရးယူ
စက်တင်ဘာ 1, 2016
By Tachileik News Agency

မိထၳီလာၿမိဳ႕နယ္၊ ျမင္ေတာ္ကန္ေက်းရြာတြင္ ႏြားစားက်က္၌ လႊတ္ေက်ာင္းထားသည့္ ႏြားတစ္ေကာင္အား ၾသဂုတ္(၃၀)ရက္ေန႔က ခိုးယူၿပီး သားသတ္လိုင္စင္ရရွိထားသူထံ သြားေရာက္ ေရာင္းခ်သျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း မိထၳီလာၿမိဳ႕မရဲစခန္းမွ သိရသည္။

"ႏြားေတြကို ကၽြန္ေတာ္အပိုင္ ယာကြက္ထဲက ႏြားစာက်က္ထဲမွာ လႊတ္ေက်ာင္းထားတာ ေန႔လယ္ပိုင္းက ႏြားေနပူမွာစိုးလို႔ ေနရာေတာင္သြားေရြ႕ေပးပါတယ္၊ ႏြားလႊတ္ထားတာ(၉)ေကာင္ ညေနသြားသိမ္းေတာ့ (၁)ေကာင္ ေပ်ာက္ေနတာ"ဟု ျမင္ေတာ္ကန္ေက်းရြာမွ ႏြားေပ်ာက္သည့္ ယာသမားတစ္ဦးက ေျပာသည္။

ႏြားေပ်ာက္ဆံုးမႈႏွင့္ ပတ္သက္၍ မိထၳီလာၿမိဳ႕မရဲစခန္းသို႔ သြားေရာက္တိုင္ၾကားခဲ့ရာမွ စံုစမ္းရွာေဖြရာ ခိုးယူသြားေသာ ႏြားအား သားသတ္လိုင္စင္ရရွိသူထံ ေရာင္းခ်ထားသည္ကို ေတြ႕ရွိသျဖင့္ ဖမ္းဆီးထားေၾကာင္း သိရသည္။

စားက်က္တြင္ လႊတ္ေက်ာင္းထားသည့္ ႏြားအား ခိုးယူသြားသူ ျမင္ေတာ္ကန္ေက်းရြာေန ကိုေဇာ္ဆိုသူအား မိထၳီလာၿမိဳ႕မရဲစခန္းတြင္ (ပ)၂၇၃/၂၀၁၆ တိရိစာၦန္ခိုးယူမႈ ပုဒ္မ ၃၇၉(တ)ျဖင့္ အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း သိရသည္။

သတင္း - ကိုလင္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မိထ္ထီလာမြို့နယ်၊ မြင်တော်ကန်ကျေးရွာတွင် နွားစားကျက်၌ လွှတ်ကျောင်းထားသည့် နွားတစ်ကောင်အား သြဂုတ်(၃၀)ရက်နေ့က ခိုးယူပြီး သားသတ်လိုင်စင်ရရှိထားသူထံ သွားရောက် ရောင်းချသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မိထ္ထီလာမြို့မရဲစခန်းမှ သိရသည်။

"နွားတွေကို ကျွန်တော်အပိုင် ယာကွက်ထဲက နွားစာကျက်ထဲမှာ လွှတ်ကျောင်းထားတာ နေ့လယ်ပိုင်းက နွားနေပူမှာစိုးလို့ နေရာတောင်သွားရွေ့ပေးပါတယ်၊ နွားလွှတ်ထားတာ(၉)ကောင် ညနေသွားသိမ်းတော့ (၁)ကောင် ပျောက်နေတာ"ဟု မြင်တော်ကန်ကျေးရွာမှ နွားပျောက်သည့် ယာသမားတစ်ဦးက ပြောသည်။

နွားပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိထ္ထီလာမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာမှ စုံစမ်းရှာဖွေရာ ခိုးယူသွားသော နွားအား သားသတ်လိုင်စင်ရရှိသူထံ ရောင်းချထားသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

စားကျက်တွင် လွှတ်ကျောင်းထားသည့် နွားအား ခိုးယူသွားသူ မြင်တော်ကန်ကျေးရွာနေ ကိုဇော်ဆိုသူအား မိထ္ထီလာမြို့မရဲစခန်းတွင် (ပ)၂၇၃/၂၀၁၆ တိရိစာ္ဆန်ခိုးယူမှု ပုဒ်မ ၃၇၉(တ)ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~