တပ္မွႏွစ္ရွည္ပင္မ်ား ဝင္စိုက္သည့္ ဒီေမာ့ဆိုမွ ေတာင္သူမ်ား၏ စိုက္ခင္းကိစၥ ေျဖရွင္းမေပးသျဖင့္ သီးႏွံမသိမ္းႏိုင္

တပ္မွႏွစ္ရွည္ပင္မ်ား ဝင္စိုက္သည့္ ဒီေမာ့ဆိုမွ ေတာင္သူမ်ား၏ စိုက္ခင္းကိစၥ ေျဖရွင္းမေပးသျဖင့္ သီးႏွံမသိမ္းႏိုင္
စက်တင်ဘာ 5, 2016
By Tachileik News Agency

ကယားျပည္နယ္၊ ဒီေမာ့ဆိုၿမိဳ႕နယ္ စံျပ ၅(မိုင္) ေဒါးဘူးငံရယ္ေက်းရြာမွ ေတာင္သူမ်ား၏ စိုက္ခင္းတြင္ တပ္မွႏွစ္ရွည္ပင္မ်ား လာေရာက္စို္က္ပ်ိဳးမႈကို ျပည္နယ္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးေဘာ့စကို ထံ တင္ျပထားေသာ္လည္း ေျဖရွင္းေပးျခင္း မရိွေသးသျဖင့္ သီးႏွံမ်ား မရိတ္သိ္မ္းရေသးေၾကာင္း သိရသည္။

ေတာင္သူေလးဦး၏ ယာေျမ (၅)ဧကေက်ာ္ထဲရွိ ေျပာင္းဖူးႏွင့္ ေျမပဲစိုက္ခင္းအတြင္း တပ္မွ ႏွစ္ရွည္ပင္မ်ား လာေရာက္ စိုက္ပ်ိဳးသျဖင့္ ေျဖရွင္းေပးရန္ ေတာင္သူမ်ားက ၾသဂုတ္လ ေနာက္ဆံုးပတ္အတြင္းက ျပည္နယ္ ဝန္ႀကီးထံ စာတင္ထားျခင္းျဖစ္ေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။

" လယ္/ဆည္ဝန္ႀကီးဆီ စာတင္ထားတယ္။ သူတို႔ေတာ့ ဘာမွအေၾကာင္းမျပန္ေသးဘူး။ ကၽြန္ေတာ္တို႔ အခင္းေတြပ်က္သြားလို႔ ျပန္ၿပီးတာဝန္ယူေျဖရွင္းေပးဖို႔ေပါ့။ ေျမပဲေတြဆို ႏႈတ္ရေတာ့မယ္။ ကၽြန္ေတာ္တုိ႔ ႏႈတ္ၿပီးမွ သူတို႔ကလာၿပီး စစ္ေဆးမယ္လုပ္ရင္ တပ္က ဖ်က္ထားတာေတြ ျပစရာမရွိေတာ့ဘဲ ကၽြန္ေတာ္တို႔က လုပ္ႀကံၿပီးေျပာတယ္လို႔ စြပ္စြဲမွာလည္းစိုးတယ္။ အဲဒါေၾကာင့္ မႏႈတ္ရဲေသးဘူး "ဟု ေတာင္သူတစ္ဦးျဖစ္သည့္ ဦးစလိုးရီက ဆိုသည္။

အဆိုပါယာေျမမ်ားမွာ တပ္ပိုင္ေျမဟု သတ္မွတ္ထားေသာ လိြဳင္ေကာ္ ၿမိဳ႕ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္(ဒ.က.စ)၏ စိုက္ကြင္းမ်ားေဘးတြင္ ရွိေနၿပီး ယခင္က အဆိုပါယာေျမမ်ားအထိ ဝင္ေရာက္ စိုက္ပ်ိဳးဖူးျခင္းမရိွေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

″ဘယ္တပ္ကလဲ ဆိုတာေတာ့မသိဘူး။ ေျပာင္းဖူးေတြေကာ ေျပာင္းပင္ေတြေကာ အကုန္လုံးကို ခုတ္ခ်ိဳးပစ္ၿပီး က်င္းေတြတူး သြားတယ္။ တခ်ိဳ႕က်င္းေတြမွာ ႏွစ္ရွည္ပင္ေတြ စိုက္သြားတယ္။ ဘာမွလည္း အေၾကာင္းမၾကားဘူး ဒီတိုင္းလုပ္သြားတယ္။ ကၽြန္ေတာ္တို႔ အပင္ေတြ စိုက္ထားတာေတြ ဖ်က္ဆီးပစ္တာေတာ့ အရမ္းရင္နာတာေပါ့ "ဟု ေျပာင္းဖူးခင္း ပိုင္ရွင္တစ္ဦး ျဖစ္သည့္ ဦးဆိုဝါးနီ ကေျပာသည္။

အဆိုပါ ေတာင္ယာေျမကြက္မ်ားတြင္ စိုက္ပ်ိဳးသည့္ ေတာင္သူမ်ားသည္ ၂၀၁၄ ခုႏွစ္အထိ တပ္သို႔ သီးစားခေပးသြင္းရေသာ္လည္း ေနာက္ပိုင္းတြင္ ေပးသြင္းရျခင္းမရိွေတာ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ စိုက္ထားတာ ကုန္က်တာလည္း မနည္းဘူး။ အခုလို အပင္ေတြကို ဖ်က္ဆီးလိုက္တာေတာ့ အရမ္း လြန္တာေပါ့။ ဒါေတြကို ေျဖရွင္းေပးပါ။ တာဝန္ယူေပးပါလို႕ေတာင္းဆိုခ်င္တယ္။ အခုဆို တျခားေတာင္ယာခင္းေတြက ေတာင္သူေတြဆို ေၾကာက္ေနၾကၿပီ။ သူတို႔ဟာ လာလုပ္မွာစိုးလို႔။ ၿပီးေတာ့ အခုအဖ်က္ခံရတဲ့ ေျမပဲခင္းေတြဆို တခ်ိဳ႕ဟာေတြ ႏႈတ္လို႔ရေသးတယ္။ ဒါေပမ့ဲ လာမႏႈတ္ရဲဘူးေလ။ ဘယ္ေန႔ လာဖ်က္မလဲေတာ့ ေသခ်ာမသိရဘူး "ဟု ဦးဆိုဝါးနီက ဆိုသည္။

ဒီေမာ့ဆိုၿမိဳ႕နယ္ ေဒါးဘူးငံရယ္ ေက်းရြာသားမ်ား၏ ေတာင္ယာ စိုက္ပ်ိဳးေျမမ်ားမွာ လိြဳင္ေကာ္ၿမိဳ႕နယ္ မေထာခူေက်းရြာ အေနာက္ဘက္တြင္ ရွိၾကၿပီး လြန္ခဲ့သည့္ ဆယ္စုႏွစ္မ်ားစြာကတည္းက ဘိုးဘြား စဥ္ဆက္စိုက္ ပ်ိဳး လုပ္ကိုင္လာၾကၿပီး ေဒသခံမ်ားမွာ ေတာင္ယာ စိုက္ပ်ိဳးေရးႏွင့္ အသက္ေမြး ၾကျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် စံပြ ၅(မိုင်) ဒေါးဘူးငံရယ်ကျေးရွာမှ တောင်သူများ၏ စိုက်ခင်းတွင် တပ်မှနှစ်ရှည်ပင်များ လာရောက်စို်က်ပျိုးမှုကို ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စကို ထံ တင်ပြထားသော်လည်း ဖြေရှင်းပေးခြင်း မရှိသေးသဖြင့် သီးနှံများ မရိတ်သိ်မ်းရသေးကြောင်း သိရသည်။

တောင်သူလေးဦး၏ ယာမြေ (၅)ဧကကျော်ထဲရှိ ပြောင်းဖူးနှင့် မြေပဲစိုက်ခင်းအတွင်း တပ်မှ နှစ်ရှည်ပင်များ လာရောက် စိုက်ပျိုးသဖြင့် ဖြေရှင်းပေးရန် တောင်သူများက သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြည်နယ် ဝန်ကြီးထံ စာတင်ထားခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

" လယ်/ဆည်ဝန်ကြီးဆီ စာတင်ထားတယ်။ သူတို့တော့ ဘာမှအကြောင်းမပြန်သေးဘူး။ ကျွန်တော်တို့ အခင်းတွေပျက်သွားလို့ ပြန်ပြီးတာဝန်ယူဖြေရှင်းပေးဖို့ပေါ့။ မြေပဲတွေဆို နှုတ်ရတော့မယ်။ ကျွန်တော်တို့ နှုတ်ပြီးမှ သူတို့ကလာပြီး စစ်ဆေးမယ်လုပ်ရင် တပ်က ဖျက်ထားတာတွေ ပြစရာမရှိတော့ဘဲ ကျွန်တော်တို့က လုပ်ကြံပြီးပြောတယ်လို့ စွပ်စွဲမှာလည်းစိုးတယ်။ အဲဒါကြောင့် မနှုတ်ရဲသေးဘူး "ဟု တောင်သူတစ်ဦးဖြစ်သည့် ဦးစလိုးရီက ဆိုသည်။

အဆိုပါယာမြေများမှာ တပ်ပိုင်မြေဟု သတ်မှတ်ထားသော လွိုင်ကော် မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒ.က.စ)၏ စိုက်ကွင်းများဘေးတွင် ရှိနပြေီး ယခင်က အဆိုပါယာမြေများအထိ ဝင်ရောက် စိုက်ပျိုးဖူးခြင်းမရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

″ဘယ်တပ်ကလဲ ဆိုတာတော့မသိဘူး။ ပြောင်းဖူးတွေကော ပြောင်းပင်တွေကော အကုန်လုံးကို ခုတ်ချိုးပစ်ပြီး ကျင်းတွေတူး သွားတယ်။ တချို့ကျင်းတွေမှာ နှစ်ရှည်ပင်တွေ စိုက်သွားတယ်။ ဘာမှလည်း အကြောင်းမကြားဘူး ဒီတိုင်းလုပ်သွားတယ်။ ကျွန်တော်တို့ အပင်တွေ စိုက်ထားတာတွေ ဖျက်ဆီးပစ်တာတော့ အရမ်းရင်နာတာပေါ့ "ဟု ပြောင်းဖူးခင်း ပိုင်ရှင်တစ်ဦး ဖြစ်သည့် ဦးဆိုဝါးနီ ကပြောသည်။

အဆိုပါ တောင်ယာမြေကွက်များတွင် စိုက်ပျိုးသည့် တောင်သူများသည် ၂၀၁၄ ခုနှစ်အထိ တပ်သို့ သီးစားခပေးသွင်းရသော်လည်း နောက်ပိုင်းတွင် ပေးသွင်းရခြင်းမရှိတော့ကြောင်း သိရသည်။

"ကျွန်တော်တို့ စိုက်ထားတာ ကုန်ကျတာလည်း မနည်းဘူး။ အခုလို အပင်တွေကို ဖျက်ဆီးလိုက်တာတော့ အရမ်း လွန်တာပေါ့။ ဒါတွေကို ဖြေရှင်းပေးပါ။ တာဝန်ယူပေးပါလို့တောင်းဆိုချင်တယ်။ အခုဆို တခြားတောင်ယာခင်းတွေက တောင်သူတွေဆို ကြောက်နကြပြေီ။ သူတို့ဟာ လာလုပ်မှာစိုးလို့။ ပြီးတော့ အခုအဖျက်ခံရတဲ့ မြေပဲခင်းတွေဆို တချို့ဟာတွေ နှုတ်လို့ရသေးတယ်။ ဒါပေမဲ့ လာမနှုတ်ရဲဘူးလေ။ ဘယ်နေ့ လာဖျက်မလဲတော့ သေချာမသိရဘူး "ဟု ဦးဆိုဝါးနီက ဆိုသည်။

ဒီမော့ဆိုမြို့နယ် ဒေါးဘူးငံရယ် ကျေးရွာသားများ၏ တောင်ယာ စိုက်ပျိုးမြေများမှာ လွိုင်ကော်မြို့နယ် မထောခူကျေးရွာ အနောက်ဘက်တွင် ရှိကြပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ဘိုးဘွား စဉ်ဆက်စိုက် ပျိုး လုပ်ကိုင်လာကြပြီး ဒေသခံများမှာ တောင်ယာ စိုက်ပျိုးရေးနှင့် အသက်မွေး ကြခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~