အသစ္ျပန္လည္ဖြဲ႔စည္းမည့္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ဥကၠဌ ေနရာကို အမွန္တကယ္အလုပ္ လုပ္ေပးႏိုင္မည့္သူကိုသာ ေရြးခ်ယ္ေပးၾကဖို႔ ေဒသခံမ်ားလိုလား

အသစ္ျပန္လည္ဖြဲ႔စည္းမည့္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ဥကၠဌ ေနရာကို အမွန္တကယ္အလုပ္ လုပ္ေပးႏိုင္မည့္သူကိုသာ ေရြးခ်ယ္ေပးၾကဖို႔ ေဒသခံမ်ားလိုလား
သြဂုတ် 3, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအား အသစ္ျပန္လည္ဖြဲ႔စည္းရန္အတြက္ ေရြးခ်ယ္ပြဲကို ၾသဂုတ္လ(၅)ရက္ေန႔တြင္ ျပဳလုပ္မည္ျဖစ္ရာ ေရြးခ်ယ္သူမ်ားအေနျဖင့္ ေဒသအတြက္ အမွန္တကယ္ အလုပ္ လုပ္ေပးႏိုင္မည့္ သူကိုသာ ေရြးခ်ယ္ေပးဖို႔ လိုေၾကာင္း ေဒသခံမ်ားက ဆိုသည္။

"ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ေနရာေရြးခ်ယ္ေရးအတြက္ တစ္ရပ္ကြက္ကို ရပ္မိရပ္ဖ(၅)ဦး ထြက္လာမွာပါ၊ ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ရပ္ကြက္ကေန (၁)ရပ္ကြက္ကို ရပ္မိရပ္ဖ(၅)ဦးစီဆိုေတာ့ အားလံုးေပါင္း ရပ္မိရပ္ဖ (၅၅)ဦးရွိမွာပါ။ အဲ့ဒီထက္လည္း ပိုခ်င္ပိုလာႏိုင္ပါတယ္။ အဲ့ဒီ ထဲကေန ေရြးခ်ယ္ခံလိုသူကို မဲေပးႏိုင္သလို၊ ထပ္ၿပီးအဆိုျပဳလာသူရွိရင္လည္း ထည့္ၿပီး မဲေပးေရြးၾကမွာလို႔ သိရပါတယ္။"ဟု ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး တစ္ဦးက ေျပာသည္။

အဆိုပါ ေကာ္မတီအား အသစ္ျပန္လည္ဖြဲ႔စည္းရန္အတြက္ ေရြးခ်ယ္ပြဲကို ၾသဂုတ္လ(၅)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမ၌ နံနက္(၁၀)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မွာ ျဖစ္ၿပီး ေကာ္မတီ ဥကၠဌ တာ၀န္အား ရယူ ထမ္းေဆာင္လိုသူမ်ားအေနျဖင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးႏွင့္ ရပ္/ကြက္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးတို႔တြင္ ၾသဂုတ္လ(၄)ရက္ေန႔ ညေနပိုင္း အခ်ိန္ထိ ေနာက္ဆံုးထားကာ အမည္စာရင္း လာေရာက္ေပးသြင္းရမွာ ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ သိရသည္။

"အရင္တုန္းကေတာ့ စည္ပင္သာယာေရးေကာ္မတီဆိုတာ ရွိတယ္ဆိုတာေတာ့ သိလိုက္တယ္။ ေကာ္မတီ၀င္ေတြလည္း လုပ္ကိုင္ခြင့္၊ ဆံုးျဖတ္ပိုင္ခြင့္ေတြ မရွိသလိုမ်ဳိး  သိရေတာ့ ေျပာရရင္ အားမရဘူး။ ဘယ္လိုျဖစ္ျဖစ္ အခု တစ္ခါေတာ့ စည္ပင္သာယာေရးေကာ္မတီထဲက အရပ္သား (၄)ဦး ခန္႔ထားမယ္ဆိုေတာ့ ကြ်န္ေတာ္တို႔ ေဒသအတြက္ အမွန္တကယ္ အလုပ္ လုပ္ေပးႏိုင္တဲ့ သူကိုသာ ေရြးခ်ယ္ေပးၾကဖို႔ မဲေပးမဲ့သူေတြကို ေမတၱာရပ္ခံပါရေစ"ဟု ၀မ္ေကာင္းရပ္ကြက္ေန ဦးေအာင္သိန္းက ေျပာသည္။

အသစ္ျပန္လည္ေရြးခ်ယ္မည့္ စည္ပင္သာယာေရးေကာ္မတီတြင္ ဌာနဆိုင္ရာမွ (၃)ဦး ႏွင့္ အရပ္ဘက္မွ (၄) ဦးပါ၀င္မည္ျဖစ္ရာ ဥကၠဌ တာ၀န္ယူမည့္သူႏွင့္ အဖြဲ႔၀င္(၃)ဦး စုစုေပါင္း (၄)ဦးအား အမ်ားျပည္သူ႔ ဆႏၵႏွင့္ကိုက္ညီ၍ သတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္စံုသူမ်ားကုိ စိစစ္ေရြးခ်ယ္မွာ ျဖစ္ေၾကာင္း သိရသည္။

"ၿမိဳ႕အတြက္ အလုပ္ လုပ္ေပးႏိုင္မယ့္ သူကို ေရြးၾကမွာဆိုေတာ့ ပုဂၢိဳလ္မင္လို႔ လူကိုခင္ၿပီး မဲေပးေရြးခ်ယ္တာေတာ့ မျဖစ္ေစခ်င္ဘူး၊ အရင္တစ္ေခါက္က အဲ့လို သေဘာနဲ႔ ေရြးခဲ့ၾကသလိုျဖစ္ေနတယ္။ အခုေတာ့ တကယ္အလုပ္ လုပ္ေပးႏိုင္မဲ့ သူကိုသာ ေရြးေပးၾကပါ"ဟု ဆန္ဆိုင္းရပ္ကြက္ေန ဦးေမာင္ႏိုင္ က ေျပာသည္။

ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီတြင္ ဥကၠဌအျဖစ္ ၿမိဳ႕မိၿမဳိ႕ဖမ်ားမွ ေရြးခ်ယ္ေသာ ပုဂၢိဳလ္ကို ခန္႔အပ္မွာျဖစ္ၿပီး အတြင္းေရးမွဴးအျဖစ္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမွဳေဆာင္အရာရွိက တာ၀န္ယူမွာ ျဖစ္သည့္အတြက္ ဥကၠဌ ေနရာအတြက္ အဓိကထား ေရြးခ်ယ္ၾကမွာ ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီအား အသစ္ျပန္လည္ ေရြးခ်ယ္မည့္ကိစၥႏွင့္ ပတ္သက္၍ ရပ္ကြက္ရံုးမ်ားမွ တစ္ဆင့္ အသိေပးထားရွိၿပီး၊ ေရြးခ်ယ္ပြဲအား ေအာင္ျမတ္ခန္းမ၌ ပြင့္လင္းျမင္သာစြာျဖင့္ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း  - ကိုေဇာင္း
...................

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန်အတွက် ရွေးချယ်ပွဲကို သြဂုတ်လ(၅)ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ရာ ရွေးချယ်သူများအနဖြေင့် ဒေသအတွက် အမှန်တကယ် အလုပ် လုပ်ပေးနိုင်မည့် သူကိုသာ ရွေးချယ်ပေးဖို့ လိုကြောင်း ဒေသခံများက ဆိုသည်။

"မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ နေရာရွေးချယ်ရေးအတွက် တစ်ရပ်ကွက်ကို ရပ်မိရပ်ဖ(၅)ဦး ထွက်လာမှာပါ၊ မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်ကနေ (၁)ရပ်ကွက်ကို ရပ်မိရပ်ဖ(၅)ဦးစီဆိုတော့ အားလုံးပေါင်း ရပ်မိရပ်ဖ (၅၅)ဦးရှိမှာပါ။ အဲ့ဒီထက်လည်း ပိုချင်ပိုလာနိုင်ပါတယ်။ အဲ့ဒီ ထဲကနေ ရွေးချယ်ခံလိုသူကို မဲပေးနိုင်သလို၊ ထပ်ပြီးအဆိုပြုလာသူရှိရင်လည်း ထည့်ပြီး မဲပေးရွေးကြမှာလို့ သိရပါတယ်။"ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အဆိုပါ ကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန်အတွက် ရွေးချယ်ပွဲကို သြဂုတ်လ(၅)ရက်နေ့တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ နံနက်(၁၀)နာရီအချိန်တွင် ကျင်းပပြုလုပ်မှာ ဖြစ်ပြီး ကော်မတီ ဥက္ကဌ တာဝန်အား ရယူ ထမ်းဆောင်လိုသူများအနဖြေင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်/ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတို့တွင် သြဂုတ်လ(၄)ရက်နေ့ ညနေပိုင်း အချိန်ထိ နောက်ဆုံးထားကာ အမည်စာရင်း လာရောက်ပေးသွင်းရမှာ ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

"အရင်တုန်းကတော့ စည်ပင်သာယာရေးကော်မတီဆိုတာ ရှိတယ်ဆိုတာတော့ သိလိုက်တယ်။ ကော်မတီဝင်တွေလည်း လုပ်ကိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေ မရှိသလိုမျိုး သိရတော့ ပြောရရင် အားမရဘူး။ ဘယ်လိုဖြစ်ဖြစ် အခု တစ်ခါတော့ စည်ပင်သာယာရေးကော်မတီထဲက အရပ်သား (၄)ဦး ခန့်ထားမယ်ဆိုတော့ ကျွန်တော်တို့ ဒေသအတွက် အမှန်တကယ် အလုပ် လုပ်ပေးနိုင်တဲ့ သူကိုသာ ရွေးချယ်ပေးကြဖို့ မဲပေးမဲ့သူတွေကို မေတ္တာရပ်ခံပါရစေ"ဟု ဝမ်ကောင်းရပ်ကွက်နေ ဦးအောင်သိန်းက ပြောသည်။

အသစ်ပြန်လည်ရွေးချယ်မည့် စည်ပင်သာယာရေးကော်မတီတွင် ဌာနဆိုင်ရာမှ (၃)ဦး နှင့် အရပ်ဘက်မှ (၄) ဦးပါဝင်မည်ဖြစ်ရာ ဥက္ကဌ တာဝန်ယူမည့်သူနှင့် အဖွဲ့ဝင်(၃)ဦး စုစုပေါင်း (၄)ဦးအား အများပြည်သူ့ ဆန္ဒနှင့်ကိုက်ညီ၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို စိစစ်ရွေးချယ်မှာ ဖြစ်ကြောင်း သိရသည်။

"မြို့အတွက် အလုပ် လုပ်ပေးနိုင်မယ့် သူကို ရွေးကြမှာဆိုတော့ ပုဂ္ဂိုလ်မင်လို့ လူကိုခင်ပြီး မဲပေးရွေးချယ်တာတော့ မဖြစ်စေချင်ဘူး၊ အရင်တစ်ခေါက်က အဲ့လို သဘောနဲ့ ရွေးခဲ့ကြသလိုဖြစ်နေတယ်။ အခုတော့ တကယ်အလုပ် လုပ်ပေးနိုင်မဲ့ သူကိုသာ ရွေးပေးကြပါ"ဟု ဆန်ဆိုင်းရပ်ကွက်နေ ဦးမောင်နိုင် က ပြောသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ဥက္ကဌအဖြစ် မြို့မိမြို့ဖများမှ ရွေးချယ်သော ပုဂ္ဂိုလ်ကို ခန့်အပ်မှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက တာဝန်ယူမှာ ဖြစ်သည့်အတွက် ဥက္ကဌ နေရာအတွက် အဓိကထား ရွေးချယ်ကြမှာ ဖြစ်သည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီအား အသစ်ပြန်လည် ရွေးချယ်မည့်ကိစ္စနှင့် ပတ်သက်၍ ရပ်ကွက်ရုံးများမှ တစ်ဆင့် အသိပေးထားရှိပြီး၊ ရွေးချယ်ပွဲအား အောင်မြတ်ခန်းမ၌ ပွင့်လင်းမြင်သာစွာဖြင့် ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~