ဝမ်ပုံရှိ ရဲတပ်ဖွဲ့ဝင်များအား ယာဉ်/လမ်းစည်ကမ်းဆိုင်ရာ အသိပညာပေး

ဝမ်ပုံရှိ ရဲတပ်ဖွဲ့ဝင်များအား ယာဉ်/လမ်းစည်ကမ်းဆိုင်ရာ အသိပညာပေး
သွဂုတျ 5, 2016
By Tachileik News Agency

တာချီလိတ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ယာဉ်/လမ်းစည်းကမ်းလိုက်နာရေးအတွက် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ၀မ်ပုံရှိ ရဲတပ်ဖွဲ့ဝင်များအား အသိပညာပေးခြင်းအဖြစ် သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၅)ရက်နေ့  နံနက်(၁၀)နာရီခွဲအချိန်က တာချီလိတ်မြို့ ၀မ်ပုံရေကြောင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမိုး ဦးစီးသော ရေကြောင်းရဲတပ်ဖွဲ့ဝင်များ နှင့် ၀မ်ပုံနယ်မြေ ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်စိုးနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း (၄၅)ဦးအား ၀မ်ပုံရေကြောင်း ရဲတပ်ဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)လက်အောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေး ဟောပြောခြင်း ဖြစ်သည်။

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို ဦးစီးသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက အသိပညာပေးရာတွင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်အား အခြေခံ၍ အဓိကထား ဟောပြောခြင်းဖြစ်ပြီး၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုအဖြစ် Projector ဖြင့် လက်တွေ့ရှင်းလင်းပြသခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်များနှင့် အညီ လိုင်စင်မဲ့ယာဉ်များကို စီးနင်းခြင်းမပြုရန်၊ လိုင်စင်မဲ့ ယာဉ်များနှင့် ပါဝင် ပတ်သက်မှု မရှိစေရန် အသိပေး ပြောကြားသည်။

..............

တာချီလိတ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ အနဖြေင့် ယာဉ်/လမ်းစည်းကမ်းလိုက်နာရေးအတွက် တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဝမ်ပုံရှိ ရဲတပ်ဖွဲ့ဝင်များအား အသိပညာပေးခြင်းအဖြစ် သြဂုတ်လ(၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က တာချီလိတ်မြို့ ဝမ်ပုံရေကြောင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး လှမိုး ဦးစီးသော ရေကြောင်းရဲတပ်ဖွဲ့ဝင်များ နှင့် ဝမ်ပုံနယ်မြေ ရဲကင်းစခန်းမှ စခန်းမှူး ရဲအုပ် မောင်မောင်စိုးနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း (၄၅)ဦးအား ဝမ်ပုံရေကြောင်း ရဲတပ်ဖွဲ့ရုံးရှိ အစည်းအေဝးခန်းမတွင် အမှတ်(၁၉)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)လက်အောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို ဦးစီးသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက အသိပညာပေး ဟောပြောခြင်း ဖြစ်သည်။

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို ဦးစီးသည့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက အသိပညာပေးရာတွင် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်အား အခြေခံ၍ အဓိကထား ဟောပြောခြင်းဖြစ်ပြီး၊ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှုအဖြစ် Projector ဖြင့် လက်တွေ့ရှင်းလင်းပြသခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များအနဖြေင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်များနှင့် အညီ လိုင်စင်မဲ့ယာဉ်များကို စီးနင်းခြင်းမပြုရန်၊ လိုင်စင်မဲ့ ယာဉ်များနှင့် ပါဝင် ပတ်သက်မှု မရှိစေရန် အသိပေး ပြောကြားသည်။

အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ရဲတပ်ဖွဲ့ဝင်များ ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးမှု အဖြစ် သြဂုတ်လ(၃)ရက်နေ့က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ရဲတပ်ဖွဲ့စုံအား အသိပညာပေးခဲ့ပြီးကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~