ေတာင္ႀကီး ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ လတ္တေလာ ေရပန္စားေနသည့္ Pokemon Go Game အေဆာ့မ်ားလာ

ေတာင္ႀကီး ႏွင့္ တာခ်ီလိတ္ၿမိဳ႕တို႔တြင္ လတ္တေလာ ေရပန္စားေနသည့္ Pokemon Go Game အေဆာ့မ်ားလာ
သြဂုတ် 13, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အတြင္း ေတာင္ႀကီးႏွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားတြင္ လူငယ္အမ်ားစု Pokemon Go Game ေဆာ့သူ ပိုမိုမ်ားျပားလာၿပီး Poke Stop တည္ရွိသည့္ ဘုရားရင္ျပင္မ်ားတြင္ အမ်ားဆံုး လာေရာက္ေဆာ့ကစားေလ့ရွိေၾကာင္း သိရသည္။

"ေတာင္ႀကီးၿမိဳ႕မွာဆိုရင္ စူဠာမုနိဘုရားမွာ လူငယ္ေတြ အမ်ားဆံုးလာေဆာ့တယ္၊ အခုဆို ညပိုင္းထိ လာေဆာ့တဲ့သူေတြ ေပါတယ္၊ ဘုရားရင္ျပင္ေပၚက ေကာ္ဖီဆိုင္၊ မုန္႔ဆိုင္၊ ေခါပုတ္ကင္ဆိုင္ေတြမွာ ဂိမ္းလာေဆာ့ရင္း စားၾကေသာက္ၾကနဲ႔ Pokemon Go Game ေပၚလာမွ ဘုရားေပၚ လူငယ္ေတြ ေန႔တိုင္းေရာက္ေတာ့တယ္"ဟု ေတာင္ႀကီးၿမိဳ႕မွ လူငယ္တစ္ဦးျဖစ္သူ မနန္းနန္းက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ Poke stop အေနႏွင့္ စူဠာမုနိဘုရားရွိ စေနၿဂိဳလ္ႏွင့္ ဗုဒၶဟူး ၿဂိဳလ္ေထာင့္တြင္ တည္ရွိျခင္းေၾကာင့္ လူစည္ကားလွ်က္ရွိၿပီး လူငယ္မ်ားအဖြဲ႕လိုက္လာေရာက္၍ အေကာင္ဖမ္းျခင္း Poke Stop Spin လွည့္ျခင္းမ်ား လာေရာက္ျပဳလုပ္ေလ့ရွိေၾကာင္း၊ စူဠာမုနိဘုရားမွာ ည(၉)နာရီအခ်ိန္ ရင္ျပင္ပိတ္သျဖင့္ ညေနခင္းပိုင္းတြင္လာေရာက္မႈမ်ားျပားေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာေတာ့ ေဆာ့တဲ့သူေတြ ေတာ္ေတာ္မ်ားလာတယ္ ။ငယ္ငယ္က ကာတြန္းကားကို ဂိမ္းအျဖစ္ ေျပာင္းလိုက္ေတာ့ လူေတြက ကိုယ္တိုင္လိုက္ဖမ္းတာ ၊ အေကာင္ေပါင္းတာ ၊ Power Up လုပ္တာေတြနဲ႔ ဆိုေတာ့ လူငယ္ေတြ ေတာ္ေတာ္ စြဲစြဲလမ္းလမ္းေဆာ့ၾကတယ္။ လူငယ္ေတြရဲ႕ဖုန္းမွာ Pokemon Go Game က မပါမျဖစ္ဘဲ ၊ လူငယ္အခ်င္းခ်င္းေတြ႕ရင္လဲ Level ဘယ္ေလာက္ရွိၿပီ ၊ ဘယ္နားမွာ တာ၀ါေထာင္ထားၿပီနဲ႔ ေျပာေနၾကတာ"ဟု တာခ်ီလိတ္မွ လူငယ္တစ္ဦးမွလည္းေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚတြင္ Poke Stop ေနရာ(၃)ေနရာရွိၿပီး ေရႊတိဂံုဘုရား ျခေသၤ့ရုပ္အနီး၊ မဟာျမတ္မုနိဘုရား၀န္း အတြင္းႏွင့္ ကမ္းနားဟိုတယ္ေရွ႕တုိ႔ျဖစ္ေၾကာင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ လူႀကီး/ လူငယ္မ်ား တစ္ေန႔ တစ္ေန႔ ပိုမိုမ်ားျပားလာေၾကာင္း ၊မယ္ဆိုင္ၿမိဳ႕တြင္ Poke Stop ပိုမိုမ်ားျပားၿပီး Google Map ေပၚ အေျခခံ၍ တည္ေဆာက္ထားျခင္းေၾကာင့္ ႏိုင္ငံျခားသားမ်ား ၀င္ေရာက္မႈမ်ားသည့္ ေနရာမ်ားတြင္ Poke Stop မ်ားတည္ထားေပးေလ့ရွိေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ Pokemon Go ဂိမ္းေဆာ့သူ ပိုမိုမ်ားျပားလာလွ်က္ရွိရာ ဂိမ္းႏွင့္ပတ္သက္၍ သတိထားရမည့္ အခ်က္မ်ားလည္း လူမႈကြန္ရက္ေပၚတြင္ပ်ံႏွံ႔လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ‪#‎ႏိုႏို‬
ဓာတ္ပံု - #ႏိုႏို ၊ ‪#‎ေဇာင္းညီ‬
...............

ရှမ်းပြည်နယ်အတွင်း တောင်ကြီးနှင့် တာချီလိတ်မြို့များတွင် လူငယ်အများစု Pokemon Go Game ဆော့သူ ပိုမိုများပြားလာပြီး Poke Stop တည်ရှိသည့် ဘုရားရင်ပြင်များတွင် အများဆုံး လာရောက်ဆော့ကစားလေ့ရှိကြောင်း သိရသည်။

"တောင်ကြီးမြို့မှာဆိုရင် စူဠာမုနိဘုရားမှာ လူငယ်တွေ အများဆုံးလာဆော့တယ်၊ အခုဆို ညပိုင်းထိ လာဆော့တဲ့သူတွေ ပေါတယ်၊ ဘုရားရင်ပြင်ပေါ်က ကော်ဖီဆိုင်၊ မုန့်ဆိုင်၊ ခေါပုတ်ကင်ဆိုင်တွေမှာ ဂိမ်းလာဆော့ရင်း စားကြသောက်ကြနဲ့ Pokemon Go Game ပေါ်လာမှ ဘုရားပေါ် လူငယ်တွေ နေ့တိုင်းရောက်တော့တယ်"ဟု တောင်ကြီးမြို့မှ လူငယ်တစ်ဦးဖြစ်သူ မနန်းနန်းက ပြောသည်။

တောင်ကြီးမြို့တွင် Poke stop အနေနှင့် စူဠာမုနိဘုရားရှိ စနဂြေိုလ်နှင့် ဗုဒ္ဓဟူး ဂြိုလ်ထောင့်တွင် တည်ရှိခြင်းကြောင့် လူစည်ကားလျှက်ရှိပြီး လူငယ်များအဖွဲ့လိုက်လာရောက်၍ အကောင်ဖမ်းခြင်း Poke Stop Spin လှည့်ခြင်းများ လာရောက်ပြုလုပ်လေ့ရှိကြောင်း၊ စူဠာမုနိဘုရားမှာ ည(၉)နာရီအချိန် ရင်ပြင်ပိတ်သဖြင့် ညနေခင်းပိုင်းတွင်လာရောက်မှုများပြားကြောင်း သိရသည်။

"တာချီလိတ်မှာတော့ ဆော့တဲ့သူတွေ တော်တော်များလာတယ်။ငယ်ငယ်က ကာတွန်းကားကို ဂိမ်းအဖြစ် ပြောင်းလိုက်တော့ လူတွေက ကိုယ်တိုင်လိုက်ဖမ်းတာ၊ အကောင်ပေါင်းတာ၊ Power Up လုပ်တာတွေနဲ့ ဆိုတော့ လူငယ်တွေ တော်တော် စွဲစွဲလမ်းလမ်းဆော့ကြတယ်။ လူငယ်တွေရဲ့ဖုန်းမှာ Pokemon Go Game က မပါမဖြစ်ဘဲ၊ လူငယ်အချင်းချင်းတွေ့ရင်လဲ Level ဘယ်လောက်ရှိပြီ၊ ဘယ်နားမှာ တာဝါထောင်ထားပြီနဲ့ ပြောနကြေတာ"ဟု တာချီလိတ်မှ လူငယ်တစ်ဦးမှလည်းပြောသည်။

တာချီလိတ်မြို့ပေါ်တွင် Poke Stop နေရာ(၃)နေရာရှိပြီး ရွှေတိဂုံဘုရား ခြင်္သေ့ရုပ်အနီး၊ မဟာမြတ်မုနိဘုရားဝန်း အတွင်းနှင့် ကမ်းနားဟိုတယ်ရှေ့တို့ဖြစ်ကြောင်း၊ တာချီလိတ်မြို့တွင် လူကြီး/ လူငယ်များ တစ်နေ့ တစ်နေ့ ပိုမိုများပြားလာကြောင်း၊မယ်ဆိုင်မြို့တွင် Poke Stop ပိုမိုများပြားပြီး Google Map ပေါ် အခြေခံ၍ တည်ဆောက်ထားခြင်းကြောင့် နိုင်ငံခြားသားများ ဝင်ရောက်မှုများသည့် နေရာများတွင် Poke Stop များတည်ထားပေးလေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Pokemon Go ဂိမ်းဆော့သူ ပိုမိုများပြားလာလျှက်ရှိရာ ဂိမ်းနှင့်ပတ်သက်၍ သတိထားရမည့် အချက်များလည်း လူမှုကွန်ရက်ပေါ်တွင်ပျံနှံ့လျှက်ရှိကြောင်း သိရသည်။

သတင်း - ‪#‎နိုနို‬
ဓာတ်ပုံ - #နိုနို၊ ‪#‎ဇောင်းညီ‬

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~