တာခ်ီလိတ္ရဲစခန္းမွ အာမခံျဖင့္ လႊတ္ေပးလိုက္သည့္ နာမည္ေက်ာ္ ေကာ္ေဇာလူလိမ္ ျပန္ၿပီး လိမ္ေနၿပီ

တာခ်ီလိတ္ရဲစခန္းမွ အာမခံျဖင့္ လႊတ္ေပးလိုက္သည့္ နာမည္ေက်ာ္ ေကာ္ေဇာလူလိမ္ ျပန္ၿပီး လိမ္ေနၿပီ
သြဂုတ် 31, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ေပၚတိုက္ခန္းငွါးမ်ားတြင္ လိုက္လံ၍ လိမ္ေနသည့္ ေကာ္ေဇာလူလိမ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ အာမခံျဖင့္ ျပန္လည္လႊတ္ေပးထားရာ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕တြင္ ၾသဂုတ္(၃၁)ရက္ေန႔ နံနက္(၁၀း၁၅)နာရီအခ်ိန္က ျပန္လည္၍ လိုက္လံလိမ္လည္ေနေၾကာင္း သိရသည္။

"ကြ်န္မသူေဌးပိုင္အခန္းကို ငွားမယ္၊ ၀ယ္မယ္ဆိုၿပီး ေျပာတယ္၊ ေစ်း၀ယ္ေရာင္းတည့္ၿပီးေတာ့ အခန္းဖြဲ႔မယ္၊ ျပင္မယ္၊ သားတစ္ေယာက္၊ သမီးတစ္ေယာက္နဲ႔ အလုပ္သမားတစ္ေယာက္ လာေနမယ္လို႔ ေျပာတယ္၊ ၿပီးေတာ့ ကြ်န္္မတို႔ရဲ႕ အလုပ္သမားတစ္ေယာက္ကို ေခၚၿပီး အခန္းျပင္ဖို႔ တိုင္းခိုင္းတယ္၊ ၿပီးေတာ့ ကြ်န္မတို႔ အလုပ္သမားကို ေၾကြျပားဆိုင္ေခၚသြားၿပီးေတာ့ ထားခဲ့ၿပီး ပိုက္ဆံ မေလာက္လို႔ဆိုၿပီး အဲ့ဒီလူက တစ္ေယာက္တည္း ကြ်န္မတို႔ဆီ ျပန္လာတယ္၊ ပိုက္ဆံ မေလာက္လို႔ဆိုၿပီး ပိုက္ဆံ ဘတ္(၅၇၀၀)ခဏ ဆိုၿပီးေတာ့ ယူၿပီးျပန္ထြက္သြားတာ၊ (၁၅)မိနစ္ၾကာေတာ့ ကြ်န္မတို႔ အလုပ္သမားလည္း လမ္းေလွ်ာက္ၿပီး ျပန္လာတယ္၊ အဲ့ဒီအခ်ိန္က်မွ အလိမ္ခံရမွန္းသိလိုက္ရတာပါ၊"ဟု မယ္ဆိုင္ၿမိဳ႕၊ ၀ိန္းဖန္းခမ္းရပ္ကြက္ရွိ အိမ္ခန္းငွားလိုင္းခန္းတြင္ေနထုိင္သူ ျမန္မာအမ်ဳိးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဆက္သြယ္ေျပာၾကားလာသည္။

တာခ်ီလိတ္မွ ေကာ္ေဇာလူလိမ္မွာ ၿမိဳ႕ေပၚတြင္ အႀကိမ္မ်ားစြာ လိုက္လံလိမ္လည္သျဖင့္ ျပည္သူလူထုမွ ပူးေပါင္း၍ ဖမ္းဆီးၿပီး၊ ၿမိဳ႕မရဲစခန္းတြင္ ၾသဂုတ္(၂)ရက္ေန႔က လိမ္လည္ခံရသူမ်ားမွ အမႈဖြင့္ခဲ့ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ အာမခံျဖင့္ ျပန္လည္လႊတ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီလို အႀကိမ္ႀကိမ္ လိုက္လိမ္ေနတဲ့သူကို အာမခံေပးၿပီး လႊတ္ေပးတယ္ဆိုတာ ျပန္လိမ္ဖို႔အတြက္ လႊတ္ေပးတာနဲ႔အတူတူဘဲ၊ ရဲလုပ္ထုံုးလုပ္နည္းကိုေတာ့ နားမလည္ပါဘူး၊ ဒါမ်ိဳးကေတာ့ လံုး၀မျဖစ္သင့္ဘူး အာမခံ မေပးသင့္ဘူးထင္တယ္၊ လိမ္ခံရတာလည္း တစ္ေယာက္၊ ႏွစ္ေယာက္မဟုတ္ဘူး အမ်ားႀကီးပဲ၊ ဒါကို အာမခံေပးတယ္ဆိုေတာ့ စဥ္းစားစရာဘဲ"ဟု ဇူလိုင္လတြင္ လိမ္လည္ခံရသူ တစ္ဦးက ေျပာသည္။

နာမည္ႀကီးေကာ္ေဇာလူလိမ္အား ဖမ္းဆီးရမိခ်ိန္တြင္ ေငြေၾကးလိမ္လည္ခံရသူ ေဒၚခ်ိဳခ်ဳိက စိုင္းတစ္ အမည္ရွိ ၎အား ဥပေဒအရ အေရးယူေပးရန္ တာခ်ီလိတ္ရဲစခန္းတြင္ တရားလိုျပဳလုပ္၍ အမႈဖြင့္ တိုင္ၾကားလာသျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္ နာမည္ႀကီးေနသည့္ လူလိမ္ေကာ္ေဇာ (ခ) စိုင္းရွဲန္ (ခ) စိုင္းတစ္ (ခ) ဘုႀကီးအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္း၌ (ပ) ၁၄၂ / ၂၀၁၆ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္အေရးယူထားၿပီး အမႈစစ္ ဒုရဲအုပ္ ေဇာ္ေအာင္မွ စစ္ေဆးကာ အာမခံျဖင့္ ျပန္လည္ လႊတ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

အာမခံေပးထားျခင္းႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းအား ဆက္သြယ္ေမးျမန္းရာ "အမႈဖြင့္ထားတာပုဒ္မ ၄၂၀ ဆိုေတာ့ အာမခံေပးလို႔ရတဲ့ အမႈျဖစ္ေနတယ္၊ ဒါေၾကာင့္မို႔ အာမခံ ေပးလိုက္တာပါ အာမခံေပးရတဲ့အမႈက စခန္းမွာ ခ်ဳပ္ထားလို႔မရဘူး၊ အာမခံေတာင္းရင္ ေပးရတယ္ ဒါေၾကာင့္ပါ"ဟု တာခ်ီလိတ္ၿမိဳ႕မ စခန္းမွဴး ဒုရဲမွဴး စိုးလြင္က ေျပာသည္။

လိမ္လည္မႈမ်ားႏွင့္ ပတ္သက္၍ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၄၂၀ လိမ္လည္မႈ ျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္ ၇ ႏွစ္အျပင္ ေငြဒဏ္ပါ ခ်မွတ္ႏိုင္ေၾကာင္း သိရွိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့ပေါ်တိုက်ခန်းငှါးများတွင် လိုက်လံ၍ လိမ်နေသည့် ကော်ဇောလူလိမ်အား တာချီလိတ်မြို့မရဲစခန်းမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးထားရာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် သြဂုတ်(၃၁)ရက်နေ့ နံနက်(၁၀း၁၅)နာရီအချိန်က ပြန်လည်၍ လိုက်လံလိမ်လည်နေကြောင်း သိရသည်။

"ကျွန်မသူဌေးပိုင်အခန်းကို ငှါးမယ်၊ ဝယ်မယ်ဆိုပြီး ပြောတယ်၊ ဈေးဝယ်ရောင်းတည့်ပြီးတော့ အခန်းဖွဲ့မယ်၊ ပြင်မယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ အလုပ်သမားတစ်ယောက် လာနေမယ်လို့ ပြောတယ်၊ ပြီးတော့ ကျွန်မတို့ရဲ့ အလုပ်သမားတစ်ယောက်ကို ခေါ်ပြီး အခန်းပြင်ဖို့ တိုင်းခိုင်းတယ်၊ ပြီးတော့ ကျွန်မတို့ အလုပ်သမားကို ကြွပြေားဆိုင်ခေါ်သွားပြီးတော့ ထားခဲ့ပြီး ပိုက်ဆံ မလောက်လို့ဆိုပြီး အဲ့ဒီလူက တစ်ယောက်တည်း ကျွန်မတို့ဆီ ပြန်လာတယ်၊ ပိုက်ဆံ မလောက်လို့ဆိုပြီး ပိုက်ဆံ ဘတ်(၅၇၀၀)ခဏ ဆိုပြီးတော့ ယူပြီးပြန်ထွက်သွားတာ၊ (၁၅)မိနစ်ကြာတော့ ကျွန်မတို့ အလုပ်သမားလည်း လမ်းလျှောက်ပြီး ပြန်လာတယ်၊ အဲ့ဒီအချိန်ကျမှ အလိမ်ခံရမှန်းသိလိုက်ရတာပါ၊"ဟု မယ်ဆိုင်မြို့၊ ဝိန်းဖန်းခမ်းရပ်ကွက်ရှိ အိမ်ခန်းငှါးလိုင်းခန်းတွင်နေထိုင်သူ မြန်မာအမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဆက်သွယ်ပြောကြားလာသည်။

တာချီလိတ်မှ ကော်ဇောလူလိမ်မှာ မြို့ပေါ်တွင် အကြိမ်များစွာ လိုက်လံလိမ်လည်သဖြင့် ပြည်သူလူထုမှ ပူးပေါင်း၍ ဖမ်းဆီးပြီး၊ မြို့မရဲစခန်းတွင် သြဂုတ်(၂)ရက်နေ့က လိမ်လည်ခံရသူများမှ အမှုဖွင့်ခဲ့ပြီးနောက် တာချီလိတ်မြို့မရဲစခန်းမှ အာမခံဖြင့် ပြန်လည်လွှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

"ဒီလို အကြိမ်ကြိမ် လိုက်လိမ်နေတဲ့သူကို အာမခံပေးပြီး လွှတ်ပေးတယ်ဆိုတာ ပြန်လိမ်ဖို့အတွက် လွှတ်ပေးတာနဲ့အတူတူဘဲ၊ ရဲလုပ်ထုံးလုပ်နည်းကိုတော့ နားမလည်ပါဘူး၊ ဒါမျိုးကတော့ လုံးဝမဖြစ်သင့်ဘူး အာမခံ မပေးသင့်ဘူးထင်တယ်၊ လိမ်ခံရတာလည်း တစ်ယောက်၊ နှစ်ယောက်မဟုတ်ဘူး အများကြီးပဲ၊ ဒါကို အာမခံပေးတယ်ဆိုတော့ စဉ်းစားစရာဘဲ"ဟု ဇူလိုင်လတွင် လိမ်လည်ခံရသူ တစ်ဦးက ပြောသည်။

နာမည်ကြီးကော်ဇောလူလိမ်အား ဖမ်းဆီးရမိချိန်တွင် ငွေကြေးလိမ်လည်ခံရသူ ဒေါ်ချိုချိုက စိုင်းတစ် အမည်ရှိ၎င်းအား ဥပဒေအရ အရေးယူပေးရန် တာချီလိတ်ရဲစခန်းတွင် တရားလိုပြုလုပ်၍ အမှုဖွင့် တိုင်ကြားလာသဖြင့် တာချီလိတ်မြို့တွင် နာမည်ကြီးနေသည့် လူလိမ်ကော်ဇော (ခ) စိုင်းရှဲန် (ခ) စိုင်းတစ် (ခ) ဘုကြီးအား တာချီလိတ်မြို့မ ရဲစခန်း၌ (ပ) ၁၄၂ / ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုစစ် ဒုရဲအုပ် ဇော်အောင်မှ စစ်ဆေးကာ အာမခံဖြင့် ပြန်လည် လွှတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အာမခံပေးထားခြင်းနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းရာ "အမှုဖွင့်ထားတာပုဒ်မ ၄၂၀ ဆိုတော့ အာမခံပေးလို့ရတဲ့ အမှုဖြစ်နေတယ်၊ ဒါကြောင့်မို့ အာမခံ ပေးလိုက်တာပါ အာမခံပေးရတဲ့အမှုက စခန်းမှာ ချုပ်ထားလို့မရဘူး၊ အာမခံတောင်းရင် ပေးရတယ် ဒါကြောင့်ပါ"ဟု တာချီလိတ်မြို့မ စခန်းမှူး ဒုရဲမှူး စိုးလွင်က ပြောသည်။

လိမ်လည်မှုများနှင့် ပတ်သက်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၂၀ လိမ်လည်မှု ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ကြောင်း သိရှိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~