ခင္ပြန္းျဖစ္သူျပန္လာေအာင္ (၁၇)လ သမီးငယ္ကို ဆားေကြ်းၿပီး သတ္လိုက္တဲ့ မိခင္

ခင္ပြန္းျဖစ္သူျပန္လာေအာင္ (၁၇)လ သမီးငယ္ကို ဆားေကြ်းၿပီး သတ္လိုက္တဲ့ မိခင္
သြဂုတ် 7, 2016
By Tachileik News Agency

မိခင္တစ္ဦးက ခင္ပြန္းျဖစ္သူျပန္လာေစဖို႔အတြက္ အသက္ (၁၇)လအရြယ္သာရွိေသးတဲ့ သမီးငယ္ကို ဆားတစ္ဇြန္းေကၽြးၿပီး သတ္ပစ္ခဲ့တယ္လို႔ သိရပါတယ္။

ကင္မ္ဘာလီမာတင္ရဲ႕သမီး ပိုင္တြန္ဟာ ဇူလိုင္လ (၃၁) ရက္ေန႔က တိုက္ေကၽြးခဲ့တဲ့ဆားေတြေၾကာင့္ အဆိပ္သင့္ၿပီးဖ်ားကာ ေသဆံုးခဲ့ရတာတာပါ။

ေတာင္ကာရိုလိုင္းနားမွာေနတဲ့ မာတင္ကို လက္ရိွမွာေတာ့ တရားစြဲထားပါတယ္။ မာတင္က ခင္ပြန္းျဖစ္သူ သူ႔ဆီျပန္လာေစခ်င္တာေၾကာင့္ ကေလးကို အဆိပ္သင့္ေအာင္ လုပ္ခဲ့တာလို႔ ဆိုပါတယ္။ မာတင္နဲ႔ ခင္ပြန္းျဖစ္သူဟာ ကြဲကြာေနၾကတာ မၾကာေသးပါဘူး။

“ပိုင္တြန္ေလးဟာ လွလြန္းတယ္။ အၿမဲ ခ်စ္စရာေကာင္းတဲ့ကေလးပါ။ သူက ဘယ္ေတာ့မွ မငိုဘူး။ လူတိုင္းကို ေပ်ာ္ေအာင္လုပ္တတ္တဲ့ ကေလးေလး”လို႔ ပိုင္တြန္ရဲ႕မိသားစုက ဆိုပါတယ္။

ပိုင္တြန္အနားမွာရိွရင္ ဘယ္သူမွ မၿပံဳးဘဲမေနႏုိင္ေအာင္ ခ်စ္စရာေကာင္းသလို သူအႀကိဳက္ဆံုးက မင္နီအရုပ္ေလးေတြလို႔ သူ႔မိသားစုက ဆိုပါတယ္။

ကေလးေသဆံုးမႈေၾကာင့္ မိခင္ျဖစ္သူဟာ ေထာင္ဒဏ္ အႏွစ္(၂၀) က်ခံရဖြယ္ရိွပါတယ္။

ဆားကို ကေလးငယ္ေတြရဲ႕ အစားအေသာက္မွာ ထည့္သြင္းျခင္း မျပဳဖို႔ က်န္းမာေရးပညာရွင္ေတြက အႀကံျပဳထားတာျဖစ္ၿပီး ဆားေၾကာင့္ ကေလးငယ္ေတြမွာ ေက်ာက္ကပ္ပ်က္စီးႏုိင္တယ္လို႔ သိရပါတယ္။

မာတင္ဟာ သမိီးျဖစ္သူကို ဘာေၾကာင့္ဆားေတြ ေကၽြးခဲ့သလဲဆိုတဲ့ တျခားအေၾကာင္းရင္းေတြကိုေတာ့ မသိရေသးဘူးလို႔ တာဝန္ရိွသူေတြက ဆိုပါတယ္။

လက္ရိွမွာေတာ့ မာတင္ရဲ႕ တျခားကေလး အမႊာႏွစ္ေယာက္ကိုေတာ့ လူမႈဝန္ထမ္းဌာနရဲ႕ ေစာင့္ေရွာက္မႈေအာက္မွာ ထားရိွပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
Ref; dailymail
................

မိခင်တစ်ဦးက ခင်ပွန်းဖြစ်သူပြန်လာစေဖို့အတွက် အသက် (၁၇)လအရွယ်သာရှိသေးတဲ့ သမီးငယ်ကို ဆားတစ်ဇွန်းကျွေးပြီး သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်။

ကင်မ်ဘာလီမာတင်ရဲ့သမီး ပိုင်တွန်ဟာ ဇူလိုင်လ (၃၁) ရက်နေ့က တိုက်ကျွေးခဲ့တဲ့ဆားတွေကြောင့် အဆိပ်သင့်ပြီးဖျားကာ သေဆုံးခဲ့ရတာတာပါ။

တောင်ကာရိုလိုင်းနားမှာနေတဲ့ မာတင်ကို လက်ရှိမှာတော့ တရားစွဲထားပါတယ်။ မာတင်က ခင်ပွန်းဖြစ်သူ သူ့ဆီပြန်လာစေချင်တာကြောင့် ကလေးကို အဆိပ်သင့်အောင် လုပ်ခဲ့တာလို့ ဆိုပါတယ်။ မာတင်နဲ့ ခင်ပွန်းဖြစ်သူဟာ ကွဲကွာနကြေတာ မကြာသေးပါဘူး။

“ပိုင်တွန်လေးဟာ လှလွန်းတယ်။ အမြဲ ချစ်စရာကောင်းတဲ့ကလေးပါ။ သူက ဘယ်တော့မှ မငိုဘူး။ လူတိုင်းကို ပျော်အောင်လုပ်တတ်တဲ့ ကလေးလေး”လို့ ပိုင်တွန်ရဲ့မိသားစုက ဆိုပါတယ်။

ပိုင်တွန်အနားမှာရှိရင် ဘယ်သူမှ မပြုံးဘဲမနေနိုင်အောင် ချစ်စရာကောင်းသလို သူအကြိုက်ဆုံးက မင်နီအရုပ်လေးတွေလို့ သူ့မိသားစုက ဆိုပါတယ်။

ကလေးသေဆုံးမှုကြောင့် မိခင်ဖြစ်သူဟာ ထောင်ဒဏ် အနှစ်(၂၀) ကျခံရဖွယ်ရှိပါတယ်။

ဆားကို ကလေးငယ်တွေရဲ့ အစားအသောက်မှာ ထည့်သွင်းခြင်း မပြုဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုထားတာဖြစ်ပြီး ဆားကြောင့် ကလေးငယ်တွေမှာ ကျောက်ကပ်ပျက်စီးနိုင်တယ်လို့ သိရပါတယ်။

မာတင်ဟာ သမိီးဖြစ်သူကို ဘာကြောင့်ဆားတွေ ကျွေးခဲ့သလဲဆိုတဲ့ တခြားအကြောင်းရင်းတွေကိုတော့ မသိရသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

လက်ရှိမှာတော့ မာတင်ရဲ့ တခြားကလေး အမွှာနှစ်ယောက်ကိုတော့ လူမှုဝန်ထမ်းဌာနရဲ့ စောင့်ရှောက်မှုအောက်မှာ ထားရှိပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
Ref; dailymail

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~