တာခ်ီလိတ္ခရိုင္၏ ဓမၼစကူးလ္ေက်ာင္းေတာ္ (၃)ႏွစ္ေျမာက္တိတိတြင္ (၂၃)ေက်ာင္းေျမာက္ ေက်ာင္းေတာ္အား မိုင္းလင္း၌ ဖြင့္လွစ္

တာခ်ီလိတ္ခရိုင္၏ ဓမၼစကူးလ္ေက်ာင္းေတာ္ (၃)ႏွစ္ေျမာက္တိတိတြင္ (၂၃)ေက်ာင္းေျမာက္ ေက်ာင္းေတာ္အား မိုင္းလင္း၌ ဖြင့္လွစ္
သြဂုတ် 18, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာေလၿမိဳ႕၊ မိုင္းလင္း(အေနာက္)အုပ္စုတြင္ မိုင္းလင္းဆရာေတာ္မွ ႀကီးမွဴးဖြင့္လွစ္သည့္  ဓမၼစကူးလ္ေက်ာင္းေတာ္အား တာခ်ီလိတ္ခရိုင္၏ (၂၃)ေက်ာင္းေျမာက္ ဓမၼစကူးလ္ေက်ာင္းေတာ္အျဖစ္ ဖြင့္ပြဲကို ၾသဂုတ္လ(၁၈)ရက္ေန႔ နံနက္ပိုင္းက မိုင္းလင္းဆရာေတာ္၏ ဓာတ္စြမ္စိုင့္ဟိုနမ့္ေက်ာင္းတိုက္တြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

"ဒီေဒသမွာက တိုင္းရင္းသား လူငယ္အမ်ားစုဟာ အရက္ နဲ႔ မူးယစ္ေဆးေတြေၾကာင့္ ပ်က္စီးတာေတြ ရွိေနေတာ့ ကေလးေတြလည္း ဒီလိုမ်ဳိးေတြ မကူးစက္သြားေစဖို႔ အားလံုးတိုင္ပင္ၿပီးမွ အခုလို ဓမၼစကူးေက်ာင္းေတာ္ကို မိုင္းလင္းဘက္မွာ တိုးခ်ဲ႕ဖြင့္လွစ္လိုက္တာပါ၊ ငယ္ရြယ္တဲ့အခ်ိန္မွာ ဓမၼပညာရပ္ေတြကို သိတတ္သြားရင္ အမွား၊ အမွန္ ခြဲျခားတတ္သြားမယ္၊ မူးၿပီးေပ်ာ္တိုင္း အမွန္တရား မဟုတ္ဘူးဆိုတာ သိသြားရင္ ကြ်န္ေတာ္တို႔ၿမိဳ႕လည္း တိုးတက္လာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။"ဟု မိုင္းလင္း-ဓမၼစကူးလ္ေက်ာင္းေတာ္ ဒုတိယ ဥကၠဌ ဦးစိုင္းသန္႔ဇင္လတ္က ေျပာသည္။

မိုင္းလင္းဆရာေတာ္ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱ၀ိမလ ႀကီးမွဴးဖြင့္လွစ္သည့္ အဆိုပါ ေက်ာင္းေတာ္ဖြင့္ပြဲသို႔ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္လံုးဆိုင္ရာ အလုပ္အမႈေဆာင္ အဖြဲ႔၀င္မ်ား၊ သင္ၾကားမႈ ဆရာ/မမ်ား ႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အျပင္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

"လက္ရွိ စာရင္းေပးထားတာေတာ့ ေက်ာင္းသား၊ ေက်ာင္းသူ (၂၇၀)ရွိတယ္၊ ေလာေလာဆယ္ေတာ့ (၁၇၀)ေလာက္ပဲ တက္ျဖစ္မယ္ထင္တယ္၊ သင္ၾကားေပးမွာကေတာ့ အေျခခံပညာအလယ္တန္းေက်ာင္း(ပါလိုင္)မွာ သင္ၾကားေပးသြားမွာပါ"ဟု ဦးစိုင္းသန္႔ဇင္လတ္က ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း ဓမၼစကူးလ္ေက်ာင္းေတာ္(တာခ်ီလိတ္)အား ၂၀၁၃ခုႏွစ္ ၾသဂုတ္လ(၁၈)ရက္ေန႔က စတင္၍ ဖြင့္လွစ္ခဲ့ရာ ယေန႔ ၂၀၁၆ခုႏွစ္ ၾသဂုတ္လ(၁၈)ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္အတြင္း ဓမၼစကူးလ္ေက်ာင္းေတာ္မ်ား ဖြ႔ံၿဖဳိးတိုးတက္လာသည္မွာ (၃)ႏွစ္တိတိေျမာက္ေန႔ျဖစ္ၿပီး တာခ်ီလိတ္ခရိုင္အတြင္း၌ ယေန႔ ဖြင့္လွစ္လိုက္ေသာ ေက်ာင္းေတာ္ အပါအ၀င္ (၂၃)ေက်ာင္းရွိၿပီ ျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပံု၊ #ဦးထြန္း(မယ္ဆိုင္) ၊ #ဦးစိုင္းသန္႔ဇင္လတ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(အနောက်)အုပ်စုတွင် မိုင်းလင်းဆရာတော်မှ ကြီးမှူးဖွင့်လှစ်သည့် ဓမ္မစကူးလ်ကျောင်းတော်အား တာချီလိတ်ခရိုင်၏ (၂၃)ကျောင်းမြောက် ဓမ္မစကူးလ်ကျောင်းတော်အဖြစ် ဖွင့်ပွဲကို သြဂုတ်လ(၁၈)ရက်နေ့ နံနက်ပိုင်းက မိုင်းလင်းဆရာတော်၏ ဓာတ်စွမ်စိုင့်ဟိုနမ့်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

"ဒီဒေသမှာက တိုင်းရင်းသား လူငယ်အများစုဟာ အရက် နဲ့ မူးယစ်ဆေးတွေကြောင့် ပျက်စီးတာတွေ ရှိနေတော့ ကလေးတွေလည်း ဒီလိုမျိုးတွေ မကူးစက်သွားစေဖို့ အားလုံးတိုင်ပင်ပြီးမှ အခုလို ဓမ္မစကူးကျောင်းတော်ကို မိုင်းလင်းဘက်မှာ တိုးချဲ့ဖွင့်လှစ်လိုက်တာပါ၊ ငယ်ရွယ်တဲ့အချိန်မှာ ဓမ္မပညာရပ်တွေကို သိတတ်သွားရင် အမှား၊ အမှန် ခွဲခြားတတ်သွားမယ်၊ မူးပြီးပျော်တိုင်း အမှန်တရား မဟုတ်ဘူးဆိုတာ သိသွားရင် ကျွန်တော်တို့မြို့လည်း တိုးတက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။"ဟု မိုင်းလင်း-ဓမ္မစကူးလ်ကျောင်းတော် ဒုတိယ ဥက္ကဌ ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ ကြီးမှူးဖွင့်လှစ်သည့် အဆိုပါ ကျောင်းတော်ဖွင့်ပွဲသို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ သင်ကြားမှု ဆရာ/မများ နှင့် ကျောင်းသား၊ ကျောင်းသူများ အပြင် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

"လက်ရှိ စာရင်းပေးထားတာတော့ ကျောင်းသား၊ ကျောင်းသူ (၂၇၀)ရှိတယ်၊ လောလောဆယ်တော့ (၁၇၀)လောက်ပဲ တက်ဖြစ်မယ်ထင်တယ်၊ သင်ကြားပေးမှာကတော့ အခြေခံပညာအလယ်တန်းကျောင်း(ပါလိုင်)မှာ သင်ကြားပေးသွားမှာပါ"ဟု ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

တာချီလိတ်ခရိုင်အတွင်း ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)အား ၂၀၁၃ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့က စတင်၍ ဖွင့်လှစ်ခဲ့ရာ ယနေ့ ၂၀၁၆ခုနှစ် သြဂုတ်လ(၁၈)ရက်နေ့တွင် တာချီလိတ်ခရိုင်အတွင်း ဓမ္မစကူးလ်ကျောင်းတော်များ ဖွံ့ဖြိုးတိုးတက်လာသည်မှာ (၃)နှစ်တိတိမြောက်နေ့ဖြစ်ပြီး တာချီလိတ်ခရိုင်အတွင်း၌ ယနေ့ ဖွင့်လှစ်လိုက်သော ကျောင်းတော် အပါအဝင် (၂၃)ကျောင်းရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ၊ #ဦးထွန်း(မယ်ဆိုင်)၊ #ဦးစိုင်းသန့်ဇင်လတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~