ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ဒုတိယအႀကိမ္ လူငယ္ေတြ႕ဆံုေဆြးေႏြးပြဲ က်င္းပ

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)တြင္ ဒုတိယအႀကိမ္ လူငယ္ေတြ႕ဆံုေဆြးေႏြးပြဲ က်င္းပ
သြဂုတ် 23, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ ဒုတိယအႀကိမ္ လူငယ္ေတြ႔ဆံုေဆြးေႏြးပြဲအား ၾသဂုတ္လ(၂၃)ရက္ နံနက္(၉း၀၀) နာရီတြင္ စတင္က်င္းပေနေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲသို႔ INGO၊ NGO၊ ဌာနဆိုင္ရာအဖြဲ႔အစည္းမ်ား၊ ျပည္နယ္လားဟူတိုင္းရင္းသားေရးရာ ဝန္ႀကီးတို႔ႏွင့္အတူ လူငယ္အင္အား(၂၀၀)ေက်ာ္ တက္ေရာက္ၾကေၾကာင္း ပြဲျဖစ္ေျမာက္ေရးေကာ္မတီထံမွ သိရသည္။

"ရွမ္းျပည္နယ္ဝန္ႀကီး၊ ဗမာတိုင္းရင္းသားေရးရာဝန္ႀကီးေတြကို ဖိတ္ထားေပမဲ့ ညီလာခံရွိေနတဲ့အတြက္ တက္ေရာက္လာနိုင္ျခင္း မရွိပါဘူး။ ရွမ္းေျမာက္မွာရွိတဲ႔ ၿမိဳ႕နယ္(၁၆)ၿမိဳ႕နယ္ထဲမွာ တစ္ၿမိဳ႕နယ္စီကို (၄)ဦးဖိတ္ပါတယ္။ ဌာနဆိုင္ရာမပါဘဲနဲ႔ လူငယ္(၂၀၀)ေလာက္ ခန္႔မွန္းထားပါတယ္။ မ်ားရင္လည္း မ်ားလာနိုင္ပါတယ္။ ခန္႔မွန္းေျခ ၿမိဳ႕တြင္းကို(၁၀၀)ေက်ာ္ ခန္႔မွန္းထားပါတယ္။ ၿမိဳ႕ျပင္ကို (၇၀)ေလာက္ ခန္႔မွွန္းထားပါတယ္။"ဟု ပြဲျဖစ္ေျမာက္ေရးေကာ္မတီမွ ရွမ္းေျမာက္လူငယ္ကြန္ယက္၏ အဖြဲ႕ဝင္ ကိုရာဇာထြန္းက ေျပာသည္။

ရွမ္းျပည္ေျမာက္ပိုင္း လူငယ္ေတြ႔ဆံုေဆြးေႏြးပြဲက်င္းပရျခင္းသည္ ျမန္မာနိုင္ငံလံုးဆိုင္ရာ လူငယ္ေရးရာ မူဝါဒေရးဆြဲနိုင္ရန္နွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ရာတြင္ လူငယ္မ်ားအေနျဖင့္ ပါဝင္နိုင္ရန္ က်င္းပရျခင္း ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း လူငယ္ေတြ႔ဆံုေဆြးေႏြးပြဲအား ပထမအႀကိမ္အျဖစ္၂၀၁၄ ဇန္နဝါရီလက က်င္းပခဲ႔ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေအာင္ျပည့္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ဒုတိယအကြိမ် လူငယ်တွေ့ဆုံဆွေးနွေးပွဲအား သြဂုတ်လ(၂၃)ရက် နံနက်(၉းဝဝ) နာရီတွင် စတင်ကျင်းပနေကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ INGO၊ NGO၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်နယ်လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီးတို့နှင့်အတူ လူငယ်အင်အား(၂၀၀)ကျော် တက်ရောက်ကြကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

"ရှမ်းပြည်နယ်ဝန်ကြီး၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးတွေကို ဖိတ်ထားပေမဲ့ ညီလာခံရှိနေတဲ့အတွက် တက်ရောက်လာနိုင်ခြင်း မရှိပါဘူး။ ရှမ်းမြောက်မှာရှိတဲ့ မြို့နယ်(၁၆)မြို့နယ်ထဲမှာ တစ်မြို့နယ်စီကို (၄)ဦးဖိတ်ပါတယ်။ ဌာနဆိုင်ရာမပါဘဲနဲ့ လူငယ်(၂၀၀)လောက် ခန့်မှန်းထားပါတယ်။ များရင်လည်း များလာနိုင်ပါတယ်။ ခန့်မှန်းခြေ မြို့တွင်းကို(၁၀၀)ကျော် ခန့်မှန်းထားပါတယ်။ မြို့ပြင်ကို (၇၀)လောက် ခန့်မှန်းထားပါတယ်။"ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ရှမ်းမြောက်လူငယ်ကွန်ယက်၏ အဖွဲ့ဝင် ကိုရာဇာထွန်းက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း လူငယ်တွေ့ဆုံဆွေးနွေးပွဲကျင်းပရခြင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ရေးရာ မူဝါဒရေးဆွဲနိုင်ရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူငယ်များအနဖြေင့် ပါဝင်နိုင်ရန် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လူငယ်တွေ့ဆုံဆွေးနွေးပွဲအား ပထမအကြိမ်အဖြစ်၂၀၁၄ ဇန်နဝါရီလက ကျင်းပခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~