နမ့္စန္ၿမိဳ႕တြင္ နမ့္လတ္ေခ်ာင္းေရျမင့္လာသျဖင့္ လူေနရပ္ကြက္အတြင္း ေရဝင္

နမ့္စန္ၿမိဳ႕တြင္ နမ့္လတ္ေခ်ာင္းေရျမင့္လာသျဖင့္ လူေနရပ္ကြက္အတြင္း ေရဝင္
သြဂုတ် 23, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ေတာင္ပုိင္း နမ့္စန္ၿမိဳ႕တြင္ မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ နမ့္လတ္ေခ်ာင္းေရ ျမင့္တက္လာၿပီး (၁၀)ႏွစ္တာကာလအတြင္း ပထမဆံုးအႀကိမ္အျဖစ္ ၾသဂုတ္လ (၂၃)ရက္က ရပ္ကြက္(၁)ရိွ လူေနအိမ္မ်ားသို႔ ေရဝင္လာသျဖင့္ နီးစပ္ရာသို႔ ယာယီေရႊ႕ေျပာင္းၾကရေၾကာင္း သိရသည္။

အဆိုပါ ရပ္ကြက္မွာ ယခင္က ေလးႏွစ္တစ္ႀကိမ္ခန္႔ ေခ်ာင္းေရ တက္ေလ့ရိွေသာ္လည္း ေရနစ္ျမဳပ္မႈ မျဖစ္ပြားသည္မွာ (၁၀)ႏွစ္ခန္႔ရိွၿပီျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မိုးသည္းထန္စြာရြာသြန္းၿပီးေနာက္ နမ့္လတ္ေခ်ာင္းေရမွာ နံနက္ (၅) နာရီခန္႔တြင္ စတင္ျမင့္တက္လာသျဖင့္ ရပ္ကြက္(၁)မွ လူေနအိမ္မ်ားနွင့္ ဌာနဆိုင္ရာရံုးခန္းမ်ားမွ ပစၥည္းမ်ားကို ေရလြတ္ရာသို႔ေရႊ႕ေျပာင္းခဲ့ၾကရၿပီး ညေနပိုင္းတြင္ ေခ်ာင္းေရ ျပန္က်သြားေၾကာင္း သိရသည္။

နမ့္လတ္ေခ်ာင္းေရျမင့္တက္မႈေၾကာင့္ နမ့္စန္ၿမိဳ႕အတြင္း အိမ္ေျခ (၁၈၅)အိ္မ္မွ အိမ္ေထာင္စုေပါင္း (၁၉၀) ေခ်ာင္းေရဝင္ေရာက္မႈဒဏ္ကို ခံစားၾကရၿပီး ၎တို႔အနက္ အိမ္ေျခ (၂၀)မွ အိမ္ေထာင္စု (၂၃)စုမွာ ေခ်ာင္းေရလြတ္ရာမွ ေဆြမ်ိဳးသားခ်င္းမ်ားအိမ္သို႔ ေျပာင္းေရႊ႕ေနထိုင္ေနၾကရေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ‪ #သန္းစိုးေအာင္

-----------------

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်လတ်ချောင်းရေ မြင့်တက်လာပြီး (၁၀)နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ (၂၃)ရက်က ရပ်ကွက်(၁)ရှိ လူနေအိမ်များသို့ ရေဝင်လာသဖြင့် နီးစပ်ရာသို့ ယာယီရွှေ့ပြောင်းကြရကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်မှာ ယခင်က လေးနှစ်တစ်ကြိမ်ခန့် ချောင်းရေ တက်လေ့ရှိသော်လည်း ရေနစ်မြုပ်မှု မဖြစ်ပွားသည်မှာ (၁၀)နှစ်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီးနောက် နမ့်လတ်ချောင်းရေမှာ နံနက် (၅) နာရီခန့်တွင် စတင်မြင့်တက်လာသဖြင့် ရပ်ကွက်(၁)မှ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးခန်းများမှ ပစ္စည်းများကို ရေလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြရပြီး ညနေပိုင်းတွင် ချောင်းရေ ပြန်ကျသွားကြောင်း သိရသည်။

နမ့်လတ်ချောင်းရမြေင့်တက်မှုကြောင့် နမ့်စန်မြို့အတွင်း အိမ်ခြေ (၁၈၅)အိ်မ်မှ အိမ်ထောင်စုပေါင်း (၁၉၀) ချောင်းရေဝင်ရောက်မှုဒဏ်ကို ခံစားကြရပြီး၎င်းတို့အနက် အိမ်ခြေ (၂၀)မှ အိမ်ထောင်စု (၂၃)စုမှာ ချောင်းရေလွတ်ရာမှ ဆွေမျိုးသားချင်းများအိမ်သို့ ပြောင်းရွှေ့နေထိုင်နကြေရကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ‪ #သန်းစိုးအောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~