မြဝတီတွင် အကောက်ခွန်လုပ်ငန်းဆိုင်ရာ ဝန်ဆာင်သူများအသင်း အလုပ်အမှုဆောင်ရွေးချယ်

မြဝတီတွင် အကောက်ခွန်လုပ်ငန်းဆိုင်ရာ ဝန်ဆာင်သူများအသင်း အလုပ်အမှုဆောင်ရွေးချယ်
သွဂုတျ 6, 2016
By Tachileik News Agency




ဓာတ်ပုံ - ကျော်စွာလင်း
............................

မြန်မာ - ထိုင်း နယ်စပ်ဒေသဖြစ်သည့် ကရင်ပြည်နယ် မြဝတီမြို့တွင် ဖွဲ့စည်းထားသည့် မြဝတီအကောက်ခွန် လုပ်ငန်းဆိုင်ရာ ဝန်ဆောင်သူများ အသင်း၏ အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားကို သြဂုတ်လ (၆) ရက်က မြဝတီမြို့ ကုန်သွယ်ရေးဇုန်တွင် ကျင်းပနေကြောင်း သိရသည်။

ယာယီအဖြစ် ဖွဲ့စည်းထားခဲ့သည့် အသင်းအား အလုပ်အမှုဆောင် ကော်မတီဖြင့် ပြန်လည်ဖွဲ့စည်းရန် ကော်မတီအဖွဲ့ဝင်ရွေးချယ်သည့် အခမ်းအနားသို့ အဖွဲ့ဝင်ပေါင်း (၆၂) ဦး တက်ရောက်ကြောင်း သိရသည်။

မြဝတီအကောက်ခွန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်သူများအသင်းကို ၂၀၁၄ ခုနှစ်တွင် စတင်၍ ယာယီဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ အကောက်ခွန်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် အဖွဲ့ပေါင်း (၂၈)ဖွဲ့မှ အဖွဲ့ဝင်ပေါင်း (၉၁) ဦးရှိကြောင်း သိရသည်။

ဓာတ်ပုံ - ကျော်စွာလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~