လားရှိုးတွင် သောကြာနေ့တိုင်း ယာဉ်များအား စစ်ဆေးခြင်းမှာ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးခြင်းမဟုတ်

လားရှိုးတွင် သောကြာနေ့တိုင်း ယာဉ်များအား စစ်ဆေးခြင်းမှာ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးခြင်းမဟုတ်
သွဂုတျ 22, 2016
By Tachileik News Agency

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သောကြာနေ့တိုင်း မော်တော်ယာဉ်များစစ်ဆေးနေခြင်းမှာ  စည်ကမ်းပျက် ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းသာဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးခြင်း မဟုတ်ကြောင်း အမှတ်(၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံး(လားရှိုး)မှ သိရသည်။


လားရှိုးမြို့ပေါ်တွင် အဖွဲ့စုံနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးလျှက်ရှိကြောင်း လူမှုကွန်ယက် စာမျက်နှာတွင် သြဂုတ်လ(၁၉)ရက်နေ့က ဖေါ်ပြနေခြင်းမှာ မှားယွင်းနေပြီး  ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း တရားဝင်ညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

လားရှိုးမြို့ပေါ်တွင် ယခုလက်ရှိ စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရာတွင် ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ နှစ်ယောက်ထက်ပိုမို စီးနင်းခြင်း၊ ကားများအနေဖြင့် ယာဉ်မောင်း လိုင်စင်ရှိမရှိတို့ကို စစ်ဆေးဖမ်းဆီးပြီး အရေးယူနေကြောင်း အမှတ်(၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။


သတင်း - အောင်ပြည့်
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သောကြာနေ့တိုင်း မော်တော်ယာဉ်များစစ်ဆေးနခြေင်းမှာ စည်ကမ်းပျက် ယာဉ်များအား ဖမ်းဆီးအရေးယူခြင်းသာဖြစ်ပြီး လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးခြင်း မဟုတ်ကြောင်း အမှတ်(၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံး(လားရှိုး)မှ သိရသည်။

"အဲဒါက စည်းကမ်းပျက်ယာဉ် ဖမ်းဆီးအရေးယူမှုကို ဌာနဆိုင်ရာတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ ပုံမှန်အတိုင်း ဖမ်းဆီးအရေးယူတာပါ။ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးခြင်းမျိုး မရှိသေးပါဘူး။ ကျွန်တော်တို့က ပုံမှန်အတိုင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေ သောကြာနေ့တိုင်းကို ယာဉ်အန္တရာယ် ကင်းရှင်းရေးနေ့အဖြစ် သတ်မှတ်ပြီး ပညာရေး၊ ကညန၊ ပို့ဆက်၊ သာသနာရေး၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ပူပေါင်းအဖွဲ့နဲ့ ယာဉ်စစ်ဆောင်ရွက်တာပါ" ဟု အမှတ်(၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံး(လားရှိုး)မှ ဒုရဲမှူးမျိုးဆွေက ပြောသည်။

လားရှိုးမြို့ပေါ်တွင် အဖွဲ့စုံနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးလျှက်ရှိကြောင်း လူမှုကွန်ယက် စာမျက်နှာတွင် သြဂုတ်လ(၁၉)ရက်နေ့က ဖော်ပြနခြေင်းမှာ မှားယွင်းနပြေီး ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ ဖမ်းဆီးရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း တရားဝင်ညွှန်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

လားရှိုးမြို့ပေါ်တွင် ယခုလက်ရှိ စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရာတွင် ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်း၊ နှစ်ယောက်ထက်ပိုမို စီးနင်းခြင်း၊ ကားများအနဖြေင့် ယာဉ်မောင်း လိုင်စင်ရှိမရှိတို့ကို စစ်ဆေးဖမ်းဆီးပြီး အရေးယူနေကြောင်း အမှတ်(၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

လိုင်စင်မဲ့ ယာဉ်ဖမ်းဆီး အရေးယူမည့်ကိစ္စနှင့် ပတ်သက်၍ လားရှိုးမြို့တွင် သြဂုတ်(၁၅)နေ့အထိ ပညာပေးကာလ သတ်မှတ်ထားကြောင်းနှင့် ဖမ်းဆီးအရေးယူရသည့် ရည်ရွယ်ချက်များကို ရှမ်းစာ၊ ဗမာစာ၊ တရုတ်စာများဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များကို သြဂုတ်လ(၁၉)ရက်နေ့ကတည်း ဖြန့်ဝေပေးနေကြောင်း သိရသည်။

သတင်း - အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~