မွန္ကန္သည့္ တရားစီရင္ေရးျဖစ္ေစဖို႔ ႏြားထိုးႀကီးတြင္ ဆႏၵထုတ္ေဖာ္

မွန္ကန္သည့္ တရားစီရင္ေရးျဖစ္ေစဖို႔ ႏြားထိုးႀကီးတြင္ ဆႏၵထုတ္ေဖာ္
သြဂုတ် 30, 2016
By Tachileik News Agency
မႏၱေလးတိုင္းေဒသႀကီး၊ ႏြားထိုးႀကီးၿမိဳ႕တြင္ တရားစီရင္ေရးႏွင့္ ပတ္သက္၍ ၾသဂုတ္လ(၂၉)ရက္ေန႔က ႏိုင္ငံေရးတက္ၾကြလွဳပ္ရွားသူ လူ(၄၀၀)ေက်ာ္ခန္႔ ဆႏၵထုတ္ေဖာ္မႈျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
"ဆႏၵထုတ္ေဖာ္ရျခင္း အေၾကာင္းရင္းကေတာ့ တစ္ႏိုင္ငံလံုးအေနနဲ႔ တရားစီရင္ေရး မ႑ိဳင္တည့္မတ္ၿပီး မမွန္မကန္လုပ္တဲ့ တရားေရး၀န္ထမ္းေတြကို ဖယ္ရွားေပးဖို႔ ဆႏၵထုတ္ေဖာ္တာပါ၊ ျမန္မာႏိုင္ငံရဲ႕ တရားစီရင္ေရးမ႑ိဳင္က အစိုးရအဆက္ဆက္ ပ်က္စီးေနခဲ့တာ ဒီအစိုးရလက္ထက္မွာ ကိုင္တြယ္ႏိုင္ေအာင္လို႔ ဆႏၵထုတ္ေဖာ္တာပါ"ဟု ဆႏၵျပရာတြင္ ပါ၀င္သူတစ္ဦးက ေျပာသည္။
ဆႏၵထုတ္ေဖာ္မႈအား ႏြားထိုးႀကီးၿမိဳ႕ အမွတ္(၂)ရပ္ကြက္ရွိ ေက်ာက္တိုင္ကြင္းမွ ၿမိဳ႕နယ္တရားရံုးေရွ႕ထိ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့ျခင္းျဖစ္ၿပီး၊ ေၾကာင္နံအုပ္စုမင္ရြာမွ ဦးစိုးမင္းေဌးမွ ဦးေဆာင္ကာ ေညာင္ပင္သာေက်းရြာအုပ္စုႏွင့္ ပဲခ်က္ေက်းရြာအုပ္စုတို႔မွ ေဒသခံ (၄၃၀)ဦးပါ၀င္ ဆင္ႏႊဲခဲ့ေၾကာင္း သိရသည္။
ဆႏၵေဖာ္ထုတ္မႈတြင္ လာဘ္ေပးလာဘ္ယူ ကင္းရွင္းေရးႏွင့္ တရားဥပေဒစိုးမိုးရန္  မႏၱေလးမွ ႏိုင္ငံေရးတက္ၾကြလွဳပ္ရွားသူ ဦးေအးသိန္းႏွင့္ ဦးစိုးမင္းေဌးတို႔မွ ေဟာေျပာခဲ့ၿပီး၊ အျခားတက္ၾကြ လွဳပ္ရွားသူမ်ားမွလည္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးရံုးေရွ႕တြင္ ထပ္မံေဟာေျပာခဲ့ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ကိုလင္း
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့တွင် တရားစီရင်ရေးနှင့် ပတ်သက်၍ သြဂုတ်လ(၂၉)ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူ(၄၀၀)ကျော်ခန့် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဆန္ဒထုတ်ဖော်ရခြင်း အကြောင်းရင်းကတော့ တစ်နိုင်ငံလုံးအနေနဲ့ တရားစီရင်ရေး မဏ္ဍိုင်တည့်မတ်ပြီး မမှန်မကန်လုပ်တဲ့ တရားရေးဝန်ထမ်းတွေကို ဖယ်ရှားပေးဖို့ ဆန္ဒထုတ်ဖော်တာပါ၊ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်က အစိုးရအဆက်ဆက် ပျက်စီးနေခဲ့တာ ဒီအစိုးရလက်ထက်မှာ ကိုင်တွယ်နိုင်အောင်လို့ ဆန္ဒထုတ်ဖော်တာပါ"ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။

ဆန္ဒထုတ်ဖော်မှုအား နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ကျောက်တိုင်ကွင်းမှ မြို့နယ်တရားရုံးရှေ့ထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး၊ ကြောင်နံအုပ်စုမင်ရွာမှ ဦးစိုးမင်းဌေးမှ ဦးဆောင်ကာ ညောင်ပင်သာကျေးရွာအုပ်စုနှင့် ပဲချက်ကျေးရွာအုပ်စုတို့မှ ဒေသခံ (၄၃၀)ဦးပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်မှုတွင် လာဘ်ပေးလာဘ်ယူ ကင်းရှင်းရေးနှင့် တရားဥပဒေစိုးမိုးရန် မန္တလေးမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးအေးသိန်းနှင့် ဦးစိုးမင်းဌေးတို့မှ ဟောပြောခဲ့ပြီး၊ အခြားတက်ကြွ လှုပ်ရှားသူများမှလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တွင် ထပ်မံဟောပြောခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~