တာခ်ီလိတ္တစ္ၿမိဳ႕လံုး ၾသဂုတ္လ(၂၇)ရက္ေန႔တြင္ လွ်ပ္စစ္မီး ေန႔တစ္ပိုင္း ပ်က္မည္

တာခ်ီလိတ္တစ္ၿမိဳ႕လံုး ၾသဂုတ္လ(၂၇)ရက္ေန႔တြင္ လွ်ပ္စစ္မီး ေန႔တစ္ပိုင္း ပ်က္မည္
သြဂုတ် 26, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံဘက္တြင္ လွ်ပ္စစ္မီးႏွင့္ ပတ္သက္၍ ျပဳျပင္စစ္ေဆးမႈမ်ား ျပဳလုပ္ရန္ရွိသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕တြင္ ၾသဂုတ္လ(၂၇)ရက္ေန႔ နံနက္ (၆)နာရီခြဲမွ ေန႔လယ္(၁)နာရီ ၀န္းက်င္အခ်ိန္အထိ ေန႔တစ္ပိုင္းလွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္ထားမွာ ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးရံုးမွ သိရသည္။

"ထိုင္းႏိုင္ငံ မယ္က်န္းၿမိဳ႕မီးလင္းေရးရံုးခြဲအပိုင္းမွာ အသံုးျပဳေနတဲ့ စက္က သံုးေနတာ (၃)ႏွစ္ေလာက္ရွိေတာ့ သက္တမ္းကုန္ေနလို႔ အသစ္လဲလွယ္မွာမို႔ သူတို႔ဘက္မွာလည္း ပ်က္မွာ ျဖစ္သလို တာခ်ီလိတ္ၿမိဳ႕ထဲမွာလည္း မီးလင္းေရး အပိုင္း (၂)ပိုင္းလံုး ေန႔တစ္ပိုင္း ပ်က္မွာပါ။ လုပ္ငန္းၿပီးစီးတာနဲ႔ အျမန္ဆံုး ျပန္လႊတ္ေပးသြားမွာပါ"ဟု ၿမိဳ႕မီးလင္းေရးရံုးမွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

လွ်ပ္စစ္မီး ျပဳျပင္ရာတြင္ လုပ္ငန္းေဆာင္ရြက္ေနသူမ်ား လွ်ပ္စစ္မီးႏွင့္ ပတ္သက္၍ အသက္အႏၱရာယ္ မျဖစ္ေစရန္အတြက္ နံနက္(၆)နာရီခြဲမွ စတင္၍ ေန႔လယ္(၁)နာရီ၀န္းက်င္အထိ လွ်ပ္စစ္မီးအား ျဖတ္ေတာက္ထားမွာ ျဖစ္ေသာ္လည္း လုပ္ငန္းအျမန္ဆံုး ၿပီးစီးပါက ေစာလ်င္စြာ လႊတ္ေပးသြားမွာ ျဖစ္ေၾကာင္း သိရွိရသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးအေနျဖင့္ လွ်ပ္စစ္မီးျဖတ္ေတာက္မႈႏွင့္ ပတ္သက္၍ ဓာတ္အားေပးစက္မ်ား ခ်ဳိ႕ယြင္းျခင္း ႏွင့္ ျပင္ဆင္ရန္ လိုအပ္ျခင္းတို႔တြင္ လွ်ပ္စစ္မီးအား ေခတၱျဖတ္ေတာက္၍ ျပင္ဆင္ရန္ အမ်ားျပည္သူမ်ားအား ႀကိဳတင္၍ အသိေပးႏိုင္မွာ ျဖစ္ေသာ္လည္း ဓာတ္မီးတိုင္အား ေမာ္ေတာ္ယာဥ္မ်ားမွ မေတာ္တဆ ၀င္တိုက္မႈမ်ား ျဖစ္ေပၚၿပီး လွ်ပ္စစ္မီး ျပတ္ေတာက္သြားျခင္း ႏွင့္ သဘာ၀ေဘး အႏၱရာယ္ေႀကာင့္ ျဖစ္ေပၚသည့္ လွ်ပ္စစ္မီး ျပတ္ေတာက္မႈကိုေတာ့ ႀကိဳတင္၍ အသိေပးႏိုင္မွာ မဟုတ္ေၾကာင္း သိရသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံဘက်တွင် လျှပ်စစ်မီးနှင့် ပတ်သက်၍ ပြုပြင်စစ်ဆေးမှုများ ပြုလုပ်ရန်ရှိသည့်အတွက် တာချီလိတ်မြို့တွင် သြဂုတ်လ(၂၇)ရက်နေ့ နံနက် (၆)နာရီခွဲမှ နေ့လယ်(၁)နာရီ ဝန်းကျင်အချိန်အထိ နေ့တစ်ပိုင်းလျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမှာ ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။

"ထိုင်းနိုင်ငံ မယ်ကျန်းမြို့မီးလင်းရေးရုံးခွဲအပိုင်းမှာ အသုံးပြုနေတဲ့ စက်က သုံးနေတာ (၃)နှစ်လောက်ရှိတော့ သက်တမ်းကုန်နေလို့ အသစ်လဲလှယ်မှာမို့ သူတို့ဘက်မှာလည်း ပျက်မှာ ဖြစ်သလို တာချီလိတ်မြို့ထဲမှာလည်း မီးလင်းရေး အပိုင်း (၂)ပိုင်းလုံး နေ့တစ်ပိုင်း ပျက်မှာပါ။ လုပ်ငန်းပြီးစီးတာနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးသွားမှာပါ"ဟု မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လျှပ်စစ်မီး ပြုပြင်ရာတွင် လုပ်ငန်းဆောင်ရွက်နေသူများ လျှပ်စစ်မီးနှင့် ပတ်သက်၍ အသက်အန္တရာယ် မဖြစ်စေရန်အတွက် နံနက်(၆)နာရီခွဲမှ စတင်၍ နေ့လယ်(၁)နာရီဝန်းကျင်အထိ လျှပ်စစ်မီးအား ဖြတ်တောက်ထားမှာ ဖြစ်သော်လည်း လုပ်ငန်းအမြန်ဆုံး ပြီးစီးပါက စောလျင်စွာ လွှတ်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့မီးလင်းရေးရုံးအနဖြေင့် လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ ဓာတ်အားပေးစက်များ ချို့ယွင်းခြင်း နှင့် ပြင်ဆင်ရန် လိုအပ်ခြင်းတို့တွင် လျှပ်စစ်မီးအား ခေတ္တဖြတ်တောက်၍ ပြင်ဆင်ရန် အများပြည်သူများအား ကြိုတင်၍ အသိပေးနိုင်မှာ ဖြစ်သော်လည်း ဓာတ်မီးတိုင်အား မော်တော်ယာဉ်များမှ မတော်တဆ ဝင်တိုက်မှုများ ဖြစ်ပေါ်ပြီး လျှပ်စစ်မီး ပြတ်တောက်သွားခြင်း နှင့် သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် လျှပ်စစ်မီး ပြတ်တောက်မှုကိုတော့ ကြိုတင်၍ အသိပေးနိုင်မှာ မဟုတ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~