တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္အတြင္း က်ပ္သိန္းေပါင္း (၇၉၉)သိန္းခန္႔တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္အတြင္း က်ပ္သိန္းေပါင္း (၇၉၉)သိန္းခန္႔တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
သြဂုတ် 12, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္အတြင္း မူးယစ္ေဆး၀ါးတားဆီးႏွိမ္ႏွင္းေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္တင္ ေဆာင္ရြက္သည့္ စီမံခ်က္ျဖင့္ ႀသဂုတ္လ(၁၂)ရက္ေန႔၊ ေန႔လယ္(၁၂)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္အတြင္း၌ က်ပ္သိန္းေပါင္း (၇၉၉)သိန္းခန္႔ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိေၾကာင္း  မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

စီမံခ်က္ျဖင့္ ပူးေပါင္းအဖြဲ႔တို႔သည္ တာခ်ီလိတ္ၿမိဳ႕ မကာဟုိခမ္းရပ္ကြက္၊ ျမတ္ေလးလမ္းရွိ ကံတိုး(က်ား)၏ ေနအိမ္အား မူးယစ္ေဆး၀ါးသတင္းအရ  ၀င္ေရာက္ရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိရတာျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ မူးယစ္ေဆး၀ါးသတင္းအရ ကံတိုး၏ ေနအိမ္သို႔ သြားေရာက္ရွာေဖြရာတြင္ ၎အား ေနအိမ္ အိပ္ခန္းအတြင္း၌ အသင့္ေတြ႕ရွိရၿပီး ဆက္လက္ရွာေဖြရာ ေနအိမ္အတြင္းမွ ကာလတန္ဖိုးေငြ က်ပ္သိန္းေပါင္း (၇၉၉)သိန္းခန္႔ တန္ဖိုးရွိသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၃၉,၉၅၀)ျပား ႏွင့္ ကဖင္း (၃၅)ဂရမ္ကိုလည္း ရွာေဖြေတြ႕ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ ကံတိုး အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၆၈/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/၁၉(က)အရ အမႈဖြင့္လွစ္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။
***********

တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သည့် စီမံချက်ဖြင့် သြဂုတ်လ(၁၂)ရက်နေ့၊ နေ့လယ်(၁၂)နာရီအချိန်က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း၌ ကျပ်သိန်းပေါင်း (၇၉၉)သိန်းခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

စီမံချက်ဖြင့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ မြတ်လေးလမ်းရှိ ကံတိုး(ကျား)၏ နေအိမ်အား မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာမှ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးသတင်းအရ ကံတိုး၏ နေအိမ်သို့ သွားရောက်ရှာဖွေရာတွင်၎င်းအား နေအိမ် အိပ်ခန်းအတွင်း၌ အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၇၉၉)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၃၉,၉၅၀)ပြား နှင့် ကဖင်း (၃၅)ဂရမ်ကိုလည်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကံတိုး အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)အရ အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~