မေကြးတိုင္းေဒသႀကီးအတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ ခ်င္းစာေပ တိုးခ်ဲ႕သင္ၾကားသြားမည္

မေကြးတိုင္းေဒသႀကီးအတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ ခ်င္းစာေပ တိုးခ်ဲ႕သင္ၾကားသြားမည္
သြဂုတ် 16, 2016
By Tachileik News Agency
( ခ်င္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးလွထြန္း )

မေကြးတိုင္းေဒသႀကီးအတြင္းရိွ အေျခခံပညာေက်ာင္းမ်ားတြင္ "ခ်င္း"စာေပ တိုးခ်ဲ႕သင္ၾကားႏိုင္မည္ ျဖစ္ေၾကာင္း ခ်င္းတိုင္းရင္းသား လူမ်ိဳးေရးရာ၀န္ႀကီးက ေျပာၾကားလိုက္သည္။

“မေကြးတိုင္းေဒသႀကီးထဲမရွိတဲ့ ၿမိဳ႕နယ္အသီးသီးက "ခ်င္း"တိုင္းရင္းသားလူမ်ိဳးေတြ အမ်ားစု ေျပာဆို သံုးစြဲေနၾကတဲ့ စကားကို အေျခခံၿပီး တီထြင္ထားတဲ႔ စာေပအကၡရာ႐ွိပါတယ္။ ဒါကိုအသံုးျပဳၿပီး မိမိတို႔ရပ္ကြက္၊ ေက်း႐ြာမ်ားက အေျခခံပညာေက်ာင္းမ်ားမွာ ခ်င္းစာေပသင္ၾကားေရးေဆာင္႐ြက္ၾကဖို႔ ႏိႈးေဆာ္ တိုက္တြန္းမႈေတြ လုပ္ေနပါတယ္။ ဒါ့အျပင္ လူမ်ိဳးေရးရာ၀န္ႀကီးဌာနရဲ႕ေအာက္မွာ စာေပနဲ႔ယဥ္ေက်းမႈအတြက္ ဦးစီးဌာန(၂)ခုဖြဲ႕စည္းၿပီး ေဆာင္ရြက္ဖို႔စီစဥ္ေနပါတယ္ ”ဟု ခ်င္းတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးလွထြန္းက ေျပာသည္။

၂၀၁၅ -၂၀၁၆ ပညာသင္ႏွစ္အတြင္း မေကြးတိုင္းေဒသႀကီးတြင္"ခ်င္း"စာေပသင္ၾကားေနသည့္ ေက်ာင္း(၁၉)ေက်ာင္း ႐ွိရာ သရက္ၿမိဳ႕နယ္ တြင္(၃) ေက်ာင္း၊ ေအာင္လံၿမိဳ႕နယ္တြင္ (၁၁)ေက်ာင္း၊ မင္းဘူးၿမိဳ႕ နယ္တြင္ (၁)ေက်ာင္း ၊ ေစတုတၱရာၿမိဳ႕နယ္ တြင္(၃)ေက်ာင္း ၊ ငဖဲၿမိဳ႕ နယ္တြင္(၁)ေက်ာင္း တို႔ျဖစ္ၿပီး တိုင္းရင္းသားလူမ်ိဳးေရးရာ၀န္ႀကီးဌာန၏ ေဆာင္႐ြက္ခ်က္မ်ားအရ ေတာင္တြင္းႀကီး၊ ကံမ၊ေဆာ၊ ဂန္႔ေဂါ၊ ထီးလင္း၊ ပြင္႔ျဖဴ၊ မင္းတုန္း ၿမိဳ႕နယ္မ်ားတြင္လည္း ခ်င္းစာေပ သင္ၾကားသြားမည္ျဖစ္ေၾကာင္းသိရသည္။

မေကြးတိုင္းေဒသႀကီးအတြင္း၌ ခ်င္းတိုင္းရင္းသားေနထိုင္မႈမ်ားေသာ ၿမိဳ႕နယ္(၁၄)ၿမိဳ႕နယ္အနက္ ဂန္႔ေဂါ၊ ငဖဲ၊ မင္းလွ၊ ေအာင္လံ၊ ထီးလင္း၊ ေပါက္၊ ဆင္ေပါင္၀ဲ၊ မင္းဘူး-စကု ၿမိဳ႕နယ္မ်ားတြင္ ခ်င္းတိုင္းရင္းသား စာေပႏွင္႔ယဥ္ေက်းမႈအဖြဲ႔မ်ား ဖြဲ႔စည္း ထားၿပီးျဖစ္ၿပီး က်န္႐ွိသည္႔ ၿမိဳ႕နယ္(၆)ၿမိဳ႕နယ္၌ ဆက္လက္ ဖြဲ႔စည္းသြားရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် "ချင်း"စာပေ တိုးချဲ့သင်ကြားနိုင်မည် ဖြစ်ကြောင်း ချင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ပြောကြားလိုက်သည်။

“မကွေးတိုင်းဒေသကြီးထဲမရှိတဲ့ မြို့နယ်အသီးသီးက "ချင်း"တိုင်းရင်းသားလူမျိုးတွေ အများစု ပြောဆို သုံးစွဲနကြေတဲ့ စကားကို အခြေခံပြီး တီထွင်ထားတဲ့ စာပေအက္ခရာရှိပါတယ်။ ဒါကိုအသုံးပြုပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာများက အခြေခံပညာကျောင်းများမှာ ချင်းစာပေသင်ကြားရေးဆောင်ရွက်ကြဖို့ နှိုးဆော် တိုက်တွန်းမှုတွေ လုပ်နေပါတယ်။ ဒါ့အပြင် လူမျိုးရေးရာဝန်ကြီးဌာနရဲ့အောက်မှာ စာပေနဲ့ယဉ်ကျေးမှုအတွက် ဦးစီးဌာန(၂)ခုဖွဲ့စည်းပြီး ဆောင်ရွက်ဖို့စီစဉ်နေပါတယ် ”ဟု ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းက ပြောသည်။

၂၀၁၅ -၂၀၁၆ ပညာသင်နှစ်အတွင်း မကွေးတိုင်းဒေသကြီးတွင်"ချင်း"စာပေသင်ကြားနေသည့် ကျောင်း(၁၉)ကျောင်း ရှိရာ သရက်မြို့နယ် တွင်(၃) ကျောင်း၊ အောင်လံမြို့နယ်တွင် (၁၁)ကျောင်း၊ မင်းဘူးမြို့ နယ်တွင် (၁)ကျောင်း၊ စေတုတ္တရာမြို့နယ် တွင်(၃)ကျောင်း၊ ငဖဲမြို့ နယ်တွင်(၁)ကျောင်း တို့ဖြစ်ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအရ တောင်တွင်းကြီး၊ ကံမ၊ဆော၊ ဂန့်ဂေါ၊ ထီးလင်း၊ ပွင့်ဖြူ၊ မင်းတုန်း မြို့နယ်များတွင်လည်း ချင်းစာပေ သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း၌ ချင်းတိုင်းရင်းသားနေထိုင်မှုများသော မြို့နယ်(၁၄)မြို့နယ်အနက် ဂန့်ဂေါ၊ ငဖဲ၊ မင်းလှ၊ အောင်လံ၊ ထီးလင်း၊ ပေါက်၊ ဆင်ပေါင်ဝဲ၊ မင်းဘူး-စကု မြို့နယ်များတွင် ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ ဖွဲ့စည်း ထားပြီးဖြစ်ပြီး ကျန်ရှိသည့် မြို့နယ်(၆)မြို့နယ်၌ ဆက်လက် ဖွဲ့စည်းသွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~