က်ိဳင္းတံုၿမိဳ႕မေစ်းအနီးမွ ဓာတ္ဆီဆိုင္အား ေျပာင္းေရႊ႕ေပးေစရန္ ျပည္နယ္အစိုးရအဖြဲ႕ထံတင္ျပထား

က်ိဳင္းတံုၿမိဳ႕မေစ်းအနီးမွ ဓာတ္ဆီဆိုင္အား ေျပာင္းေရႊ႕ေပးေစရန္ ျပည္နယ္အစိုးရအဖြဲ႕ထံတင္ျပထား
သြဂုတ် 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ ့မေစ်းအနီးရိွ Bright Time(BT)ဓာတ္ဆီဆိုင္သည္ ၿမိဳ႕တြင္းတြင္ ဖြင့္လွစ္ထားသည့္ အတြက္ မီးေဘးစိုးရိမ္ရသျဖင့္ ေျပာင္းေရႊ ့ဖြင့္လွစ္ေပးႏိုင္ရန္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ထံ တင္ျပထားေၾကာင္း သိရသည္။

"Bright Time(BT) ဓာတ္ဆီဆိုင္က ၿမိဳ႕မေစ်းအနီး ၿမိဳ ့လယ္ေခါင္မွာရိွတဲ့အတြက္ မီးေလာင္မႈျဖစ္ပြားခဲ့ရင္ တစ္ၿမိဳ ့လုံးထိခို္က္နစ္နာႏိုင္တဲ့အတြက္ ၿပီးခဲ့တဲ့တစ္ေခါက္ ၀န္ႀကီးခ်ဳပ္လာတုန္းက တင္ျပခဲ့ပါတယ္။ ဒါေပမဲ့ ထူးျခားမႈ မရိွတဲ့အတြက္ အခုတစ္ေခါက္ ထပ္မံတင္ျပရျခင္း ျဖစ္ပါတယ္။"ဟု က်ိဳင္းတုံၿမိဳ ့နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္မွ ဦးစိုင္းဆန္တစ္ယီက ေျပာသည္။

အဆိုပါ ဓာတ္္ဆီဆိုင္မွာ စြမ္းအင္၀န္ႀကီးဌာနမွ လႊဲေျပာင္းရယူခဲ့ျခင္းျဖစ္ၿပီး စည္းမ်ဥ္းစည္းကမ္းႏွင့္ ညီညြတ္မႈရိွမရိွ လိုအပ္သည့္ စစ္ေဆးမႈမ်ားကို မီးသတ္တပ္ဖြဲ ့က စည္းမ်ဥ္းစည္းကမ္းမ်ားအတိုင္း စစ္ေဆးခဲ့ၿပီး ရဲတပ္ဖြဲ ့မွလည္း တိုင္စာစစ္သည့္အေပၚမူတည္၍ စစ္ေဆးေတြ ့ရိွခ်က္မ်ားကို ရွမ္းျပည္နယ္ ရဲတပ္ဖြဲ ့မွတစ္ဆင့္ ျပည္နယ္အစိုးရအဖြဲ ့ကို တင္ျပထားၿပီးျဖစ္ေၾကာင္း သိရသည္။

"ဒီဆီဆိုင္ကို အရင္က စြမ္းအင္၀န္ႀကီးဌာနကေနတစ္ဆင့္ တရား၀င္လႊဲထားတယ္ဆိုေပမဲ့ ဥပေဒအရ တရား၀င္သည္ ဆိုေသာ္လည္းပဲ ဒီဥပေဒက ျပည္သူေတြအတြက္ ဒုကၡမ်ားတယ္။ ၀န္ထုတ္၀န္ပိုး ျဖစ္တယ္ဆုိရင္ အဲဒီဥပေဒကိုျပင္ရမယ္။ ဥပေဒသည္မွန္တယ္၊ ဥပေဒသည္ ဒီလိုရိွခဲ့တယ္ ဒါဟာတရား၀င္ လုပ္ထားခဲ့တယ္ဆိုတာလည္းမွန္တယ္။ သို ့ေသာ္လည္းပဲ အရင္တုန္းကမွန္ေပမဲ့ ဒီေန ့လက္ထက္မွာ ျပည္သူက ၀န္ထုတ္၀န္ပိုးျဖစ္တယ္။ ဒီတစ္ျမိဳ ့လုံးေလာင္သြားႏိုင္တယ္ဆိုရင္ ျပင္ရမယ္။"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ရွိသူ ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညြန္႔လြင္က ေျပာသည္။

အဆိုပါဓာတ္ဆီဆိုင္ႏွင့္ပတ္သတ္၍ ဓာတ္ပုံအေထာက္အထားမ်ား၊ ဓာတ္ဆီဆိုင္ပတ္၀န္းက်င္ရိွ လူထု၏ လက္မခံေၾကာင္းကို အေထာက္အထား အျပည့္အစုံျဖင့္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႔ကို တင္ျပရန္ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီးမွ ညႊန္ၾကားခဲ့ၿပီး တင္ျပလာသည့္ အခ်က္အလက္မ်ားကို အေျခခံ၍ ရွမ္းျပည္နယ္ အစိုးရအဖြဲ ့မွ ဆုံးျဖတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့မဈေးအနီးရှိ Bright Time(BT)ဓာတ်ဆီဆိုင်သည် မြို့တွင်းတွင် ဖွင့်လှစ်ထားသည့် အတွက် မီးဘေးစိုးရိမ်ရသဖြင့် ပြောင်းရွှေ့ဖွင့်လှစ်ပေးနိုင်ရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

"Bright Time(BT) ဓာတ်ဆီဆိုင်က မြို့မဈေးအနီး မြို့လယ်ခေါင်မှာရှိတဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့ရင် တစ်မြို့လုံးထိခို်က်နစ်နာနိုင်တဲ့အတွက် ပြီးခဲ့တဲ့တစ်ခေါက် ဝန်ကြီးချုပ်လာတုန်းက တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ ထူးခြားမှု မရှိတဲ့အတွက် အခုတစ်ခေါက် ထပ်မံတင်ပြရခြင်း ဖြစ်ပါတယ်။"ဟု ကျိုင်းတုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းဆန်တစ်ယီက ပြောသည်။

အဆိုပါ ဓာတ်ဆီဆိုင်မှာ စွမ်းအင်ဝန်ကြီးဌာနမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုရှိမရှိ လိုအပ်သည့် စစ်ဆေးမှုများကို မီးသတ်တပ်ဖွဲ့က စည်းမျဉ်းစည်းကမ်းများအတိုင်း စစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့မှလည်း တိုင်စာစစ်သည့်အပေါ်မူတည်၍ စစ်ဆေးတွေ့ရှိချက်များကို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

"ဒီဆီဆိုင်ကို အရင်က စွမ်းအင်ဝန်ကြီးဌာနကနေတစ်ဆင့် တရားဝင်လွှဲထားတယ်ဆိုပေမဲ့ ဥပဒေအရ တရားဝင်သည် ဆိုသော်လည်းပဲ ဒီဥပဒေက ပြည်သူတွေအတွက် ဒုက္ခများတယ်။ ဝန်ထုတ်ဝန်ပိုး ဖြစ်တယ်ဆိုရင် အဲဒီဥပဒေကိုပြင်ရမယ်။ ဥပဒေသည်မှန်တယ်၊ ဥပဒေသည် ဒီလိုရှိခဲ့တယ် ဒါဟာတရားဝင် လုပ်ထားခဲ့တယ်ဆိုတာလည်းမှန်တယ်။ သို့သော်လည်းပဲ အရင်တုန်းကမှန်ပေမဲ့ ဒီနေ့လက်ထက်မှာ ပြည်သူက ဝန်ထုတ်ဝန်ပိုးဖြစ်တယ်။ ဒီတစ်မြို့လုံးလောင်သွားနိုင်တယ်ဆိုရင် ပြင်ရမယ်။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

အဆိုပါဓာတ်ဆီဆိုင်နှင့်ပတ်သတ်၍ ဓာတ်ပုံအထောက်အထားများ၊ ဓာတ်ဆီဆိုင်ပတ်ဝန်းကျင်ရှိ လူထု၏ လက်မခံကြောင်းကို အထောက်အထား အပြည့်အစုံဖြင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တင်ပြရန် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးမှ ညွှန်ကြားခဲ့ပြီး တင်ပြလာသည့် အချက်အလက်များကို အခြေခံ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~