တာခ်ီလိတ္၌ ၾသဂုတ္လ(၂၅)ရက္ေန႔တြင္ လွ်ပ္စစ္မီး အခ်ိန္(၃)နာရီ ၀န္းက်င္ ေခတၱျဖတ္ေတာက္မည္

တာခ်ီလိတ္၌ ၾသဂုတ္လ(၂၅)ရက္ေန႔တြင္ လွ်ပ္စစ္မီး အခ်ိန္(၃)နာရီ ၀န္းက်င္ ေခတၱျဖတ္ေတာက္မည္
သြဂုတ် 24, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ လွ်ပ္စစ္မီးျပဳျပင္ရန္ ရွိသည့္အတြက္ ၂၅.၈.၂၀၁၆ ရက္ေန႔ နံနက္(၈း၃၀)နာရီမွ နံနက္(၁၁း၃၀)နာရီ ၀န္းက်င္အထိ အခ်ိန္(၃)နာရီ၀န္းက်င္အၾကာ အမွတ္(၁) ခ်စ္ၾကည္ေရးတံတား မွ အမွတ္(၂) ခ်စ္ၾကည္ေရးတံတားအထိ လွ်ပ္စစ္မီး ေခတၱျဖတ္ေတာက္ထားမွာ ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးရံုးမွ သိရသည္။

"ၾသဂုတ္လ(၁၆)ရက္ေန႔က တာေလာ့ရပ္ကြက္ထဲမွာ ေရွာ့ျဖစ္ၿပီးေတာ့ ေလာင္ၿပီး ပ်က္သြားတဲ့ CT/VT ကို ျပင္ဆင္မို႔ပါ၊ ကြ်န္ေတာ္တို႔ သတ္မွတ္ထားတဲ့အခ်ိန္မွာ မိုးရြာရင္ေတာ့ လုပ္ျဖစ္မွာ မဟုတ္ပါဘူး။ မိုးမရြာရင္ေတာ့ အျမန္ဆံုးၿပီးေအာင္ ေဆာင္ရြက္သြားၿပီးေတာ့ ၿပီးတာနဲ႔ ခ်က္ျခင္းပဲ လွ်ပ္စစ္မီး ျပန္လႊတ္ေပးမွာပါ"ဟု ၿမိဳ႕မီးလင္းေရးမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ၾသဂုတ္လ(၂၇)ရက္ေန႔တြင္လည္း ထိုင္းႏိုင္ငံ မယ္က်န္းၿမိဳ႕တြင္ လွ်ပ္စစ္ႏွင့္ ပတ္သက္၍ ႀကံ႕ခိုင္မႈစစ္ေဆးရန္ အတြက္ တာခ်ီလိတ္ဘက္တြင္ နံနက္(၆း၃၀)နာရီမွ ေန႔လယ္(၁၂း၃၀)နာရီအခ်ိန္အထိ တာခ်ီလိတ္တစ္ၿမိဳ႕လံုး လွ်ပ္စစ္မီး ေန႔တစ္ပိုင္း ျပတ္ေတာက္ရန္ရွိေၾကာင္း ႀကိဳတင္သိရွိရသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့တွင် လျှပ်စစ်မီးပြုပြင်ရန် ရှိသည့်အတွက် ၂၅.၈.၂၀၁၆ ရက်နေ့ နံနက်(၈း၃၀)နာရီမှ နံနက်(၁၁း၃၀)နာရီ ဝန်းကျင်အထိ အချိန်(၃)နာရီဝန်းကျင်အကြာ အမှတ်(၁) ချစ်ကြည်ရေးတံတား မှ အမှတ်(၂) ချစ်ကြည်ရေးတံတားအထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမှာ ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။

"သြဂုတ်လ(၁၆)ရက်နေ့က တာလော့ရပ်ကွက်ထဲမှာ ရှော့ဖြစ်ပြီးတော့ လောင်ပြီး ပျက်သွားတဲ့ CT/VT ကို ပြင်ဆင်မို့ပါ၊ ကျွန်တော်တို့ သတ်မှတ်ထားတဲ့အချိန်မှာ မိုးရွာရင်တော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ မိုးမရွာရင်တော့ အမြန်ဆုံးပြီးအောင် ဆောင်ရွက်သွားပြီးတော့ ပြီးတာနဲ့ ချက်ခြင်းပဲ လျှပ်စစ်မီး ပြန်လွှတ်ပေးမှာပါ"ဟု မြို့မီးလင်းရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ်လ(၂၇)ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ မယ်ကျန်းမြို့တွင် လျှပ်စစ်နှင့် ပတ်သက်၍ ကြံ့ခိုင်မှုစစ်ဆေးရန် အတွက် တာချီလိတ်ဘက်တွင် နံနက်(၆း၃၀)နာရီမှ နေ့လယ်(၁၂း၃၀)နာရီအချိန်အထိ တာချီလိတ်တစ်မြို့လုံး လျှပ်စစ်မီး နေ့တစ်ပိုင်း ပြတ်တောက်ရန်ရှိကြောင်း ကြိုတင်သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~