တာခ်ီလိတ္၌ လူငယ္အခ်င္းခ်င္း ဓားခုတ္မႈျဖစ္သည့္ လူငယ္မ်ားအား ဖမ္းဆီးရမိၿပီး လူမ်ိဳးေရးအေျခခံျခင္းမဟုတ္ဟု ခရိုင္ရဲတပ္ဖြဲ႕အတည္ျပဳ၊

တာခ်ီလိတ္၌ လူငယ္အခ်င္းခ်င္း ဓားခုတ္မႈျဖစ္သည့္ လူငယ္မ်ားအား ဖမ္းဆီးရမိၿပီး လူမ်ိဳးေရးအေျခခံျခင္းမဟုတ္ဟု ခရိုင္ရဲတပ္ဖြဲ႕အတည္ျပဳ၊
ဇူလိုင် 21, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလိုင္လ တတိယပတ္အတြင္း လူငယ္မ်ား အုပ္စုလိုက္ခိုက္ရန္ျဖစ္ပြားၿပီး ဓားခုတ္မႈႏွစ္ႀကိမ္ ျဖစ္ပြားရာ ျဖစ္စဥ္တြင္ပါဝင္သည့္လူငယ္မ်ားကို ဖမ္းဆီးရမိထားၿပီး လူမ်ိဳးေရးႏွင့္ ပတ္သက္သည္ဟု လူမႈကြန္ရက္တြင္ ေရးသားထားမႈမွာ ေကာလာဟလသာျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔က အတည္ျပဳ ေျပာၾကားလိုက္သည္။

"ဒီျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး စျဖစ္တဲ့ေန႔ကတည္းက ကြ်န္ေတာ္တို႔ေတြ စံုစမ္းေဖာ္ထုတ္ေနတာပါ။ CCTV မွတ္တမ္းေတြ၊ သတင္းအစအနေတြကို အေျခခံၿပီး ေဖာ္ထုတ္ၿပီးေတာ့မွ မေန႔ညက သြားေရာက္ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္လုိ႔ သတင္းေပးလာသူလည္း မရွိသလို ႏွစ္ဖြဲ႔လံုးကလည္း ဘယ္ကိုမွ တိုင္ၾကားထားျခင္း မရွိတဲ့အျပင္ အခင္းျဖစ္ပြားတဲ့ေနရာျဖစ္တဲ့ ေခါက္ဆြဲဆိုင္ကလည္း ကြ်န္ေတာ္တို႔ကို ဖုန္းဆက္ၿပီး အသိေပးတာမရွိပါဘူး။"ဟု ခရိုင္ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ဇူလိုင္လ(၁၅)ရက္ေန႔ႏွင့္ ဇူလိုင္လ(၁၈)ရက္ေန႔ ညပိုင္းမ်ားက ျဖစ္ပြားခဲ့ေသာ လူငယ္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ အဆိုပါ လူငယ္မ်ားအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီး ထိန္၀င္း၊ ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးစိုးလြင္တို႔၏ အနီးကပ္ႀကီးၾကပ္မႈတို႔ျဖင့္ ခရိုင္ မႈခင္းအကူမွ ရဲအုပ္ေသာင္းေရႊ၊ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ နယ္ထိန္း ေခါင္းေဆာင္ ရဲအုပ္ ေအးလြင္ ႏွင့္ ဒုေခါင္းေဆာင္ ဒုရဲအုပ္ ကိုကိုဦးတို႔ ပါ၀င္သည့္ တပ္ဖြဲ႔၀င္ (၁၃)ဦးက ေဆာင္ရြက္ခဲ့ရာ ဇူလိုင္လ (၂၀)ရက္ေန႔ ညပိုင္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

"မည္သည့္ အခင္းကိစၥျဖစ္ျဖစ္ မႈခင္းေတြေလ်ာ့ပါးဖို႔၊ ရပ္ရြာ တည္ၿငိမ္ေအးခ်မ္းဖို႔အတြက္ ျပည္သူေတြဘက္ကလည္း ပူးေပါင္းပါ၀င္ဖို႔ လိုပါတယ္။ အခု facebook ေပၚမွာ ေရးသားခ်က္ေတြအရ ဒီျဖစ္စဥ္ေတြဟာ လူမ်ဳိးေရးကိစၥဆိုတာ မဟုတ္ပါဘူး။ လူငယ္အခ်င္းခ်င္း ခိုက္ရန္ျဖစ္ပြားတာေတြပ ဲျဖစ္ပါတယ္။ ရပ္ရြာတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လူမ်ဳိးေရးအဓိကရုဏ္းျဖစ္ေစမယ့္ အေရးအသားေတြကို သတိထား ေစခ်င္ပါတယ္။ မည္သည့္ မႈခင္းကိစၥျဖစ္ျဖစ္ ၾကားသိရရင္ ကြ်န္ေတာ္တို႔ကို ဆက္သြယ္ၿပီး ေျပာၾကားႏိုင္ပါတယ္"ဟု ခရိုင္ရဲတပ္ဖြဲ႔မွ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ(၁၅)ရက္ေန႔ ညေန(၆)နာရီ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္ေန အိုက္ႏြံ ဆိုသူအပါအ၀င္ သူငယ္ခ်င္းမ်ားသည္ တာခ်ီလိတ္ၿမိဳ႕ ေရာင္နီဦး စကိတ္ကြင္းအနီးရွိ ဆီပန္႔တြင္ ဆီျဖည့္ေနစဥ္တြင္ စကိတ္ကြင္းမွ ဆိုင္ကယ္(၂)စီးျဖင့္ ထြက္လာသည့္အဖြဲ႔အား လွမ္းၾကည့္ရာ စကိတ္ကြင္းထဲမွ ထြက္လာသည့္ ေက်ာ္ဆန္းလြင္ႏွင့္အဖြဲ႔က"ဘာၾကည့္တာလဲ"ဟု ေျပာကာ ဆဲဆိုၿပီး ဆိုင္ကယ္ေမာင္းသြားသည္ကို အိုက္ႏြံတို႔အဖြဲ႔မွ မေက်နပ္၍ အေနာက္မွ ဆိုင္ကယ္ျဖင့္ လိုက္သြားၾကျခင္းျဖစ္္ေၾကာင္း သိရသည္။

ယင္းေနာက္ ည(၉)နာရီ (၅၀)မိနစ္အခ်ိန္တြင္ ေက်ာ္ဆန္းလြင္တို႔အဖြဲ႔ စီးလာသည့္ ေမာ္ေတာ္ဆိုင္ကယ္ (၂)စီးသည္ ေရႊဘူးသီးဟိုတယ္ေရွ႕အနီးရွိ ေခါက္ဆြဲဆိုင္နားအေရာက္၌ အေနာက္မွ ေရာက္ရွိလာသည့္ အိုက္ႏြံအဖြဲ႔မွ ၎တို႔တြင္ အသင့္ပါရွိလာသည့္ ဓားတို(၁)ေခ်ာင္းႏွင့္ ဓားရွည္(၁)ေခ်ာင္းတို႔ျဖင့္ ၀င္ေရာက္ ခုတ္ရာ ေက်ာ္ဆန္းလြင္ ႏွင့္ ဟိန္း၀င္းၿဖဳိးတို႔တြင္ ျပတ္ရွဒဏ္ရာမ်ားရရွိခဲ့ၿပီး အိုက္ႏြံတို႔အဖြဲ႔မွာ အခင္းျဖစ္ပြားရာ ေနရာမွ ျပန္လည္ထြက္ခြာသြားၿပီး အမွတ္(၂) ခ်စ္ၾကည္ေရးတံတားအေရာက္တြင္ လူစု ခြဲသြားေၾကာင္း သိရသည္။

ယင္းေနာက္ ဇူလိုင္လ(၁၈)ရက္ေန႔ ည(၈)နာရီ (၂၂)မိနစ္အခ်ိန္က တာခ်ီလိတ္ - က်ဳိင္းတံု မီးပြိဳင့္လမ္းဆံု၌ အိုက္ႏြံနွင့္အဖြ႔႔ဲက လူငယ္အခ်င္းခ်င္း စိန္ေခၚကာ ဓားခုတ္မႈ ျဖစ္ပြားခဲ့သျဖင့္ တူးတူးပါ၀င္သည့္ အဖြဲ႔သည္ ျပတ္ရွဒဏ္ရာမ်ား ရရွိခဲ့ၿပီး အိုက္ႏြံတို႔အဖြဲ႔တြင္ တစ္ဦးမွာ ေပါက္ၿပဲဒဏ္ရာ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

“အခု ျဖစ္ပြားခဲ့တဲ့ ကိစၥက လူငယ္အခ်င္းခ်င္း ရန္ျဖစ္ၾကတဲ့ ကိစၥေတြဆိုေတာ့ အခုကြ်န္ေတာ္တို႔အေနနဲ႔ အမႈဖြင့္ထားၿပီးေတာ့ အမႈကိုလည္း စစ္ေဆးေနဆဲျဖစ္ပါတယ္။ facebook ေပၚေတြမွာ ေရးထားတ့ဲ လူမ်ဳိးေရးဆိုတဲ့ အသံုးအႏႈန္းေတြက ရပ္ရြာတည္ၿငိမ္မႈကို ပ်က္ျပားေစတဲ့အတြက္ သတိထားေစဖို႔ လိုပါတယ္။ တာခ်ီလိတ္မွာက လူမ်ဳိးေရးနဲ႔ ပတ္သက္ၿပီး ျဖစ္တာေတာ့ မၾကားမိေသးပါဘူး။ လူငယ္ အခ်င္းခ်င္း ျဖစ္တဲ့အခါမွာ လူမ်ဳိးမတူတာကို အေျခခံၿပီး လူမ်ဳိးေရး အဓိကရုဏ္းေတြအထိ ျဖစ္ပြားဖို႔ တြန္းအားေပးသလို ေျပာဆိုေရးသားမႈေတြကို သတိထားေစဖို႔လည္း ေမတၱာရပ္ခံလိုပါတယ္။ ရဲနဲ႔ျပည္သူ လက္တြဲကူမွ ဒုစရိုက္မႈေတြ အခုလို လူမိုက္ဆန္ဆန္ ျပဳမႈတာေတြေလ်ာ့ပါးမွာပါ”ဟု ရဲအရာရွိတစ္ဦးက ေျပာသည္။

တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွ ၿမိဳ႕နယ္အတြင္း တပ္ဆင္ထားေသာ CCTV မ်ားကို ျပဳျပင္ေျပာင္းလဲ တပ္ဆင္ သြားရန္ႏွင့္ ဒုစရိုက္မႈေလ်ာ့ပါးေရးအတြက္ လွည့္ကင္း၊ ၀ပ္ကင္းမ်ားျဖင့္ တိုးျမႇင့္ေဆာင္ရြက္သြားရန္လည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

................

 တာချီလိတ်မြို့တွင် ဇူလိုင်လ တတိယပတ်အတွင်း လူငယ်များ အုပ်စုလိုက်ခိုက်ရန်ဖြစ်ပွားပြီး ဓားခုတ်မှုနှစ်ကြိမ် ဖြစ်ပွားရာ ဖြစ်စဉ်တွင်ပါဝင်သည့်လူငယ်များကို ဖမ်းဆီးရမိထားပြီး လူမျိုးရေးနှင့် ပတ်သက်သည်ဟု လူမှုကွန်ရက်တွင် ရေးသားထားမှုမှာ ကောလာဟလသာဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။

"ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စဖြစ်တဲ့နေ့ကတည်းက ကျွန်တော်တို့တွေ စုံစမ်းဖော်ထုတ်နေတာပါ။ CCTV မှတ်တမ်းတွေ၊ သတင်းအစအနတွေကို အခြေခံပြီး ဖော်ထုတ်ပြီးတော့မှ မနေ့ညက သွားရောက် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းပေးလာသူလည်း မရှိသလို နှစ်ဖွဲ့လုံးကလည်း ဘယ်ကိုမှ တိုင်ကြားထားခြင်း မရှိတဲ့အပြင် အခင်းဖြစ်ပွားတဲ့နေရာဖြစ်တဲ့ ခေါက်ဆွဲဆိုင်ကလည်း ကျွန်တော်တို့ကို ဖုန်းဆက်ပြီး အသိပေးတာမရှိပါဘူး။"ဟု ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇူလိုင်လ(၁၅)ရက်နေ့နှင့် ဇူလိုင်လ(၁၈)ရက်နေ့ ညပိုင်းများက ဖြစ်ပွားခဲ့သော လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ အဆိုပါ လူငယ်များအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ထိန်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု နှင့် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးစိုးလွင်တို့၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ခရိုင် မှုခင်းအကူမှ ရဲအုပ်သောင်းရွှေ၊ တာချီလိတ်မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် အေးလွင် နှင့် ဒုခေါင်းဆောင် ဒုရဲအုပ် ကိုကိုဦးတို့ ပါဝင်သည့် တပ်ဖွဲ့ဝင် (၁၃)ဦးက ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ (၂၀)ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"မည်သည့် အခင်းကိစ္စဖြစ်ဖြစ် မှုခင်းတွေလျော့ပါးဖို့၊ ရပ်ရွာ တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အခု facebook ပေါ်မှာ ရေးသားချက်တွေအရ ဒီဖြစ်စဉ်တွေဟာ လူမျိုးရေးကိစ္စဆိုတာ မဟုတ်ပါဘူး။ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာတွေပဲဖြစ်ပါတယ်။ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် လူမျိုးရေးအဓိကရုဏ်းဖြစ်စေမယ့် အရေးအသားတွေကို သတိထား စေချင်ပါတယ်။ မည်သည့် မှုခင်းကိစ္စဖြစ်ဖြစ် ကြားသိရရင် ကျွန်တော်တို့ကို ဆက်သွယ်ပြီး ပြောကြားနိုင်ပါတယ်"ဟု ခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ(၁၅)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်နေ အိုက်နွံ ဆိုသူအပါအဝင် သူငယ်ချင်းများသည် တာချီလိတ်မြို့ ရောင်နီဦး စကိတ်ကွင်းအနီးရှိ ဆီပန့်တွင် ဆီဖြည့်နေစဉ်တွင် စကိတ်ကွင်းမှ ဆိုင်ကယ်(၂)စီးဖြင့် ထွက်လာသည့်အဖွဲ့အား လှမ်းကြည့်ရာ စကိတ်ကွင်းထဲမှ ထွက်လာသည့် ကျော်ဆန်းလွင်နှင့်အဖွဲ့က"ဘာကြည့်တာလဲ"ဟု ပြောကာ ဆဲဆိုပြီး ဆိုင်ကယ်မောင်းသွားသည်ကို အိုက်နွံတို့အဖွဲ့မှ မကျေနပ်၍ အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ည(၉)နာရီ (၅၀)မိနစ်အချိန်တွင် ကျော်ဆန်းလွင်တို့အဖွဲ့ စီးလာသည့် မော်တော်ဆိုင်ကယ် (၂)စီးသည် ရွှေဘူးသီးဟိုတယ်ရှေ့အနီးရှိ ခေါက်ဆွဲဆိုင်နားအရောက်၌ အနောက်မှ ရောက်ရှိလာသည့် အိုက်နွံအဖွဲ့မှ၎င်းတို့တွင် အသင့်ပါရှိလာသည့် ဓားတို(၁)ချောင်းနှင့် ဓားရှည်(၁)ချောင်းတို့ဖြင့် ဝင်ရောက် ခုတ်ရာ ကျော်ဆန်းလွင် နှင့် ဟိန်းဝင်းဖြိုးတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး အိုက်နွံတို့အဖွဲ့မှာ အခင်းဖြစ်ပွားရာ နေရာမှ ပြန်လည်ထွက်ခွာသွားပြီး အမှတ်(၂) ချစ်ကြည်ရေးတံတားအရောက်တွင် လူစု ခွဲသွားကြောင်း သိရသည်။

ယင်းနောက် ဇူလိုင်လ(၁၈)ရက်နေ့ ည(၈)နာရီ (၂၂)မိနစ်အချိန်က တာချီလိတ် - ကျိုင်းတုံ မီးပွိုင့်လမ်းဆုံ၌ အိုက်နွံနှင့်အဖွဲ့က လူငယ်အချင်းချင်း စိန်ခေါ်ကာ ဓားခုတ်မှု ဖြစ်ပွားခဲ့သဖြင့် တူးတူးပါဝင်သည့် အဖွဲ့သည် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး အိုက်နွံတို့အဖွဲ့တွင် တစ်ဦးမှာ ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

“အခု ဖြစ်ပွားခဲ့တဲ့ ကိစ္စက လူငယ်အချင်းချင်း ရန်ဖြစ်ကြတဲ့ ကိစ္စတွေဆိုတော့ အခုကျွန်တော်တို့အနေနဲ့ အမှုဖွင့်ထားပြီးတော့ အမှုကိုလည်း စစ်ဆေးနေဆဲဖြစ်ပါတယ်။ facebook ပေါ်တွေမှာ ရေးထားတဲ့ လူမျိုးရေးဆိုတဲ့ အသုံးအနှုန်းတွေက ရပ်ရွာတည်ငြိမ်မှုကို ပျက်ပြားစေတဲ့အတွက် သတိထားစေဖို့ လိုပါတယ်။ တာချီလိတ်မှာက လူမျိုးရေးနဲ့ ပတ်သက်ပြီး ဖြစ်တာတော့ မကြားမိသေးပါဘူး။ လူငယ် အချင်းချင်း ဖြစ်တဲ့အခါမှာ လူမျိုးမတူတာကို အခြေခံပြီး လူမျိုးရေး အဓိကရုဏ်းတွေအထိ ဖြစ်ပွားဖို့ တွန်းအားပေးသလို ပြောဆိုရေးသားမှုတွေကို သတိထားစေဖို့လည်း မေတ္တာရပ်ခံလိုပါတယ်။ ရဲနဲ့ပြည်သူ လက်တွဲကူမှ ဒုစရိုက်မှုတွေ အခုလို လူမိုက်ဆန်ဆန် ပြုမှုတာတွေလျော့ပါးမှာပါ”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ မြို့နယ်အတွင်း တပ်ဆင်ထားသော CCTV များကို ပြုပြင်ပြောင်းလဲ တပ်ဆင် သွားရန်နှင့် ဒုစရိုက်မှုလျော့ပါးရေးအတွက် လှည့်ကင်း၊ ဝပ်ကင်းများဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~