ဘုရားပန္းလာယူသည့္ အိမ္နီးခ်င္းအား အရက္ျဖတ္ေနသည့္ လူငယ္က နဖူးအား ေက်ာက္လွည့္ျဖင့္ထိုး

ဘုရားပန္းလာယူသည့္ အိမ္နီးခ်င္းအား အရက္ျဖတ္ေနသည့္ လူငယ္က နဖူးအား ေက်ာက္လွည့္ျဖင့္ထိုး
ဇူလိုင် 2, 2016
By Tachileik News Agency

လားရႈိး၊ ဇူလိုင္(၂)ရက္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးၿမိဳ႕ ရပ္ကြက္(၁)၊ နယ္ေျမ (၉)တြင္ ဘုရားပန္းလာယူသည့္ အသက္(၅၅)ႏွစ္အရြယ္ အိမ္နီးခ်င္းအမ်ိဳးသမီးအား အဆိုပါေနအိမ္မွ အရက္ျဖတ္ေနသည့္ အသက္ (၃၁)ႏွစ္အရြယ္ လူငယ္က ေက်ာက္လွည့္ျဖင့္ နဖူးအား ထိုးလိုက္သည့္အတြက္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ရေၾကာင္း သိရသည္။

"အရက္ျဖတ္ထားတာက သိပ္မၾကာေသးဘူးလို႔ သိရတယ္။ အိမ္နီးခ်င္းအိမ္က ဘုရားပန္းလာယူတာ အရက္ေၾကာင္ၿပီး ေက်ာက္လွည့္နဲ႕နဖူးကိုထိုးလိုက္တာပါ"ဟု လားရိႈးၿမိဳ႕မရဲစခန္းမွ ဒုရဲမႈးဦးေက်ာ္နိုင္က ေျပာသည္။

အိမ္နီးခ်င္းအား ေက်ာက္လွည့္ျဖင့္ထိုးသူကို ရဲတပ္ဖြဲ႔က ဝင္ေရာက္ဖမ္းဆီးရာ ျပည္လည္ခုခံေနသျဖင့္ နယ္ေျမမွဴး၊ ဆယ္အိမ္မႉးတို႔ႏွင့္အတူ ရဲတပ္ဖြဲ႕တုိ႔ ပူးေပါင္းအဖြဲ႕သည္ တစ္နာရီခန္႔ၾကာေအာင္ ဖမ္းဆီးခဲ့ရေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ေရာက္သြားေတာ့ အိပ္ခန္းထဲမွာ တံခါးပိတ္ေနတယ္။ တံခါးလံုးဝ မဖြင့္ေပးဘူး။ ဝင္ဖမ္းတဲ့ သူေတြကိုလည္း မွန္ခြဲၿပီး မွန္ကြဲနဲ႔ ပစ္ေပါက္တယ္။ ေနာက္ဆံုးေတာ့ ဒိုင္းနဲ႕ကာၿပီး ဝင္လံုးၿပီးမွ ဖမ္းရတယ္။"ဟု ကိုယ္တိုင္သြားေရာက္ဖမ္းဆီးခဲ႔ေသာ ရဲအုပ္ထြန္းထြန္းက ေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ အသက္ (၃၁)ႏွစ္အရြယ္ ကိုဝင္းေအာင္အား လားရိႈးၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ ၃၂၄ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားၿပီး ေက်ာက္လွည့္ျဖင့္ အထိုးခံရသည့္ အမ်ိဳးသမီးမွာ စိုးရိမ္ရသည့္ အေျခအေနတြင္ မရိွေၾကာင္း သိရသည္။

သတင္း။  ။ ေအာင္ျပည့္
.................

လားရှိုး၊ ဇူလိုင်(၂)ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁)၊ နယ်မြေ (၉)တွင် ဘုရားပန်းလာယူသည့် အသက်(၅၅)နှစ်အရွယ် အိမ်နီးချင်းအမျိုးသမီးအား အဆိုပါနေအိမ်မှ အရက်ဖြတ်နေသည့် အသက် (၃၁)နှစ်အရွယ် လူငယ်က ကျောက်လှည့်ဖြင့် နဖူးအား ထိုးလိုက်သည့်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ရကြောင်း သိရသည်။

"အရက်ဖြတ်ထားတာက သိပ်မကြာသေးဘူးလို့ သိရတယ်။ အိမ်နီးချင်းအိမ်က ဘုရားပန်းလာယူတာ အရက်ကြောင်ပြီး ကျောက်လှည့်နဲ့နဖူးကိုထိုးလိုက်တာပါ"ဟု လားရှိုးမြို့မရဲစခန်းမှ ဒုရဲမှုးဦးကျော်နိုင်က ပြောသည်။

အိမ်နီးချင်းအား ကျောက်လှည့်ဖြင့်ထိုးသူကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ပြည်လည်ခုခံနေသဖြင့် နယ်မြေမှူး၊ ဆယ်အိမ်မှူးတို့နှင့်အတူ ရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့သည် တစ်နာရီခန့်ကြာအောင် ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတော့ အိပ်ခန်းထဲမှာ တံခါးပိတ်နေတယ်။ တံခါးလုံးဝ မဖွင့်ပေးဘူး။ ဝင်ဖမ်းတဲ့ သူတွေကိုလည်း မှန်ခွဲပြီး မှန်ကွဲနဲ့ ပစ်ပေါက်တယ်။ နောက်ဆုံးတော့ ဒိုင်းနဲ့ကာပြီး ဝင်လုံးပြီးမှ ဖမ်းရတယ်။"ဟု ကိုယ်တိုင်သွားရောက်ဖမ်းဆီးခဲ့သော ရဲအုပ်ထွန်းထွန်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အသက် (၃၁)နှစ်အရွယ် ကိုဝင်းအောင်အား လားရှိုးမြို့မရဲစခန်းတွင် ပုဒ်မ ၃၂၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ကျောက်လှည့်ဖြင့် အထိုးခံရသည့်အမျိုးသမီးမှာ စိုးရိမ်ရသည့်အခြေအနေတွင် မရှိကြောင်း သိရသည်။

သတင်း။ အောင်ပြည့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~