တာခ်ီလိတ္ၿမဳိ႕မ ရဲစခန္းရွိ အခ်ဳပ္ခန္းအား ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္မွ လာေရာက္ စစ္ေဆး

တာခ်ီလိတ္ၿမဳိ႕မ ရဲစခန္းရွိ အခ်ဳပ္ခန္းအား ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္မွ လာေရာက္ စစ္ေဆး
ဇူလိုင် 20, 2016
By Tachileik News Agency

ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္သည္ တာခ်ီလိတ္ခရုိင္တရားသူႀကီး ဦးေစာထြန္း ႏွင့္အတူ တာခ်ီလိတ္ၿမဳိ႕မရဲစခန္းရွိ အခ်ဳပ္ခန္းအား ဇူလုိင္ (၁၈)ရက္၊ နံနက္ (၁၀)နာရီက ေရာက္ရွိ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထုိသုိ႔စစ္ေဆးရာတြင္ ျပည္ေထာင္စုတရားစီရင္ေရး ဥပေဒပုဒ္မ ၆၈ ႏွင့္ ျပည္ေထာင္စုတရားလႊတ္ေတာ္ ခ်ဳပ္၏ ညႊန္ၾကားခ်က္အမွတ္ ၅/၂၀၁၃ တုိ႔ႏွင့္အညီ အခ်ဳပ္ခံေနရသူမ်ားႏွင့္ ပတ္သက္၍ ဥပေဒႏွင့္အညီ ရသင့္ ရထုိက္ေသာ အခြင့္အေရးမ်ား ရရွိျခင္း ရွိ ၊ မရွိ ၊ ၾကန္႔ၾကာေနသာ အမႈမ်ား ရွိ၊ မရွိ ၊ ေနရာထုိင္ခင္း သက္သာ ေခ်ာင္ခ်ိမႈ ရွိ၊ မရွိ ၊ က်န္းမာေရး ျပည့္စံုမႈ ရွိ၊ မရွိ ၊ ေဆးကုသရန္ အခြင့္အေရး ရွိ ၊ မရွိ ၊ အမ်ဳိးသမီး အခ်ဳပ္သား မ်ားအား အကာအရံ လုံၿခဳံစြာ ထားျခင္း ရွိ၊ မရွိ ၊ အခ်ဳပ္တရားခံမ်ားအေပၚ ႏွိပ္စက္ညွဥ္းပမ္းမႈ ရွိ၊ မရွိ ႏွင့္ မတရား ျပဳမႈ ရွိ၊ မရွိ တုိ႔အား ၾကည့္ရႈစစ္ေဆး ျခင္းျဖစ္သည္။

ထို႔ေနာက္ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္သည္ တာခ်ီလိတ္ခရုိင္ ႏွင့္ ၿမဳိ႕နယ္တရားရံုးမ်ားရွိ တရားသူႀကီးမ်ား၊ တရားရံုး၀န္ထမ္းမ်ား ႏွင့္ေတြ႕ဆံုကာ တရားစီရင္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား ၾကည့္ရႈစစ္ေဆးၿပီး လုိအပ္ခ်က္မ်ား လမ္းညႊန္ေပးခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း
..............

ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် တာချီလိတ်ခရိုင်တရားသူကြီး ဦးစောထွန်း နှင့်အတူ တာချီလိတ်မြို့မရဲစခန်းရှိ အချုပ်ခန်းအား ဇူလိုင် (၁၈)ရက်၊ နံနက် (၁၀)နာရီက ရောက်ရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၏ ညွှန်ကြားချက်အမှတ် ၅/၂၀၁၃ တို့နှင့်အညီ အချုပ်ခံနေရသူများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ ရသင့် ရထိုက်သော အခွင့်အရေးများ ရရှိခြင်း ရှိ၊ မရှိ၊ ကြန့်ကြာနေသာ အမှုများ ရှိ၊ မရှိ၊ နေရာထိုင်ခင်း သက်သာ ချောင်ချိမှု ရှိ၊ မရှိ၊ ကျန်းမာရေး ပြည့်စုံမှု ရှိ၊ မရှိ၊ ဆေးကုသရန် အခွင့်အရေး ရှိ၊ မရှိ၊ အမျိုးသမီး အချုပ်သား များအား အကာအရံ လုံခြုံစွာ ထားခြင်း ရှိ၊ မရှိ၊ အချုပ်တရားခံများအပေါ် နှိပ်စက်ညှဉ်းပမ်းမှု ရှိ၊ မရှိ နှင့် မတရား ပြုမှု ရှိ၊ မရှိ တို့အား ကြည့်ရှုစစ်ဆေး ခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်သည် တာချီလိတ်ခရိုင် နှင့် မြို့နယ်တရားရုံးများရှိ တရားသူကြီးများ၊ တရားရုံးဝန်ထမ်းများ နှင့်တွေ့ဆုံကာ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ လမ်းညွှန်ပေးခဲ့ကြောင်း သိရသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~