တရုတ္ႏိုင္ငံရဲ႕ (၁၀)ရက္ၾကာ က်င္းပမဲ့ ေခြးသားစားပြဲေတာ္မွာ အေကာင္ေရ(၁၀၀၀)ခန္႔ အသတ္ခံရႏိုင္

တရုတ္ႏိုင္ငံရဲ႕ (၁၀)ရက္ၾကာ က်င္းပမဲ့ ေခြးသားစားပြဲေတာ္မွာ အေကာင္ေရ(၁၀၀၀)ခန္႔ အသတ္ခံရႏိုင္
ဇွန် 21, 2016
By Tachileik News Agency

ဘာသာျပန္၊ ဇြန္လ(၂၁)
တ႐ုတ္ႏိုင္ငံ ဂြမ္းစီးကိုယ္ပိုင္အုပ္ခ်ဳပ္ေဒသျဖစ္တဲ့ ယူလိန္ၿမိဳ႕မွာ ဇြန္လ (၂၁) ရက္ေန႔က စၿပီး ေခြးသားစားပြဲေတာ္ က်င္းပေနၿပီး (၁၀)ရက္ၾကာ က်င္းပမယ့္ ေခြးသားစားပြဲေတာ္မွာ ေခြးႏွင့္ေၾကာင္ေပါင္း တစ္ေသာင္းေလာက္ အသတ္ခံရမယ္လို႔ ခန္႔မွန္းၾကပါတယ္။

ေခြးသားစားပြဲေတာ္ဟာ တ႐ုတ္ေဒသခံေတြရဲ႕ ဓေလ့ထံုးစံလည္းျဖစ္သလို အသက္ေမြးဝမ္းေၾကာင္းလည္း ျဖစ္တယ္လို႔ ဆိုေပမဲ့ ေခြးေတြကို ရက္စက္စြာသတ္တာက အျခားတိရစၧာန္ေတြကိုသတ္ၿပီး စားေနတာနဲ႔ အတူတူ ပါပဲလို႔ ေခြးခ်စ္ျမတ္ႏိုးသူမ်ားက ဆိုပါတယ္။

ေခြးသားစားျခင္းက က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ကံေကာင္းေစတယ္လို႔ အခ်ိဳ႕ေသာ တ႐ုတ္လူမ်ိဳးမ်ားက ယံုၾကည္ၾကေပမဲ့ ေခြးသားစားတဲ့ ရာသီကို ကမၻာတစ္ဝွမ္းလံုးမွာရွိတဲ႔ တိရစၧာန္ေစာင့္ေရွာက္ေရးအဖြဲ႕မ်ားနဲ႔ ေခြးခ်စ္သူမ်ားက က်ယ္က်ယ္ျပန္႔ျပန္႔ ကန္႔ကြက္ၾကပါတယ္။

ေခြးသားစားပြဲေတာ္မွာ စားသံုးၾကတဲ့ ေခြးေတြဟာ ဆိုးဝါးတဲ့ ပတ္ဝန္းက်င္ကေန ႀကီးျပင္းလာၿပီး ရက္စက္စြာ အသတ္ခံရတဲ့ေခြးေတြလည္း ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ေခြးသားစားပြဲေတာ္ကို ရပ္တန္႔ဖို႔ လက္မွတ္ (၁၁) သန္းေကာက္ခံထားတယ္လို႔ သိရပါတယ္။

ေဒသတာဝန္ရွိသူေတြက ဒီပြဲေတာ္ကို အားမေပးဘူးလို႔ ဆိုေပမဲ့ တရား၀င္ခြင့္ျပဳထားတာမဟုတ္ဘဲ ပုဂၢလိကအေနနဲ႔ က်င္းပေနတာလို႔ သိရပါတယ္။

တရုတ္ႏုိင္ငံသား အသက္ (၁၆)ႏွစ္ကေန (၅၀)ထိ အရြယ္ရဲ႕ (၆၄) ရာခိုင္ႏႈန္းကေတာ့ ေခြးသားစားပြဲေတာ္ကို ရပ္တန္႔ဖို႔ ေတာင္းဆိုထားတယ္လို႔ ဆင္ဟြာသတင္းဌာနက ေဖာ္ျပထားပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; Xinhua , BBC
....................

ဘာသာပြန်၊ ဇွန်လ(၂၁)
တရုတ်နိုင်ငံ ဂွမ်းစီးကိုယ်ပိုင်အုပ်ချုပ်ဒေသဖြစ်တဲ့ ယူလိန်မြို့မှာ ဇွန်လ (၂၁) ရက်နေ့က စပြီး ခွေးသားစားပွဲတော် ကျင်းပနပြေီး (၁၀)ရက်ကြာ ကျင်းပမယ့် ခွေးသားစားပွဲတော်မှာ ခွေးနှင့်ကြောင်ပေါင်း တစ်သောင်းလောက် အသတ်ခံရမယ်လို့ ခန့်မှန်းကြပါတယ်။

ခွေးသားစားပွဲတော်ဟာ တရုတ်ဒေသခံတွေရဲ့ ဓလေ့ထုံးစံလည်းဖြစ်သလို အသက်မွေးဝမ်းကြောင်းလည်း ဖြစ်တယ်လို့ ဆိုပေမဲ့ ခွေးတွေကို ရက်စက်စွာသတ်တာက အခြားတိရစ္ဆာန်တွေကိုသတ်ပြီး စားနေတာနဲ့ အတူတူ ပါပဲလို့ ခွေးချစ်မြတ်နိုးသူများက ဆိုပါတယ်။

ခွေးသားစားခြင်းက ကျန်းမာရေးကို ကောင်းမွန်စပြေီး ကံကောင်းစေတယ်လို့ အချို့သော တရုတ်လူမျိုးများက ယုံကြည်ကြပေမဲ့ ခွေးသားစားတဲ့ ရာသီကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့များနဲ့ ခွေးချစ်သူများက ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ကြပါတယ်။

ခွေးသားစားပွဲတော်မှာ စားသုံးကြတဲ့ ခွေးတွေဟာ ဆိုးဝါးတဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာပြီး ရက်စက်စွာ အသတ်ခံရတဲ့ခွေးတွေလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ခွေးသားစားပွဲတော်ကို ရပ်တန့်ဖို့ လက်မှတ် (၁၁) သန်းကောက်ခံထားတယ်လို့ သိရပါတယ်။

(၁၀)ရက်ကြာကျင်းပမယ့် ခွေးသားစားပွဲတော်မှာ ခွေးနှင့်ကြောင်ပေါင်း တစ်သောင်းလောက် အသတ်ခံရမယ်လို့ ခန့်မှန်းကြပါတယ်။

ဒေသတာဝန်ရှိသူတွေက ဒီပွဲတော်ကို အားမပေးဘူးလို့ ဆိုပေမဲ့ တရားဝင်ခွင့်ပြုထားတာမဟုတ်ဘဲ ပုဂ္ဂလိကအနေနဲ့ ကျင်းပနေတာလို့ သိရပါတယ်။

တရုတ်နိုင်ငံသား အသက် (၁၆)နှစ်ကနေ (၅၀)ထိ အရွယ်ရဲ့ (၆၄) ရာခိုင်နှုန်းကတော့ ခွေးသားစားပွဲတော်ကို ရပ်တန့်ဖို့ တောင်းဆိုထားတယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြထားပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; Xinhua , BBC

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~