တာခ်ီလိတ္ၿမိဳ႕ ၀န္ထမ္းကုန္းဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူ၊ ရုပ္ကလာပ္ေတာ္အား (၁)လ တိတိ ပူေဇာ္ခံ ထားရွိမည္

တာခ်ီလိတ္ၿမိဳ႕ ၀န္ထမ္းကုန္းဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူ၊ ရုပ္ကလာပ္ေတာ္အား (၁)လ တိတိ ပူေဇာ္ခံ ထားရွိမည္
မေ 6, 2016
By Tachileik News Agency
တာခ်ီလိတ္၊ ေမ(၆)
ရွမ္းျပည္နယ္၊ အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊  ၀မ္ေကာင္းရပ္ကြက္၊ ေတာင္တန္းသာသနာျပဳ (ဗဟို)ေက်ာင္းတိုက္ ဆရာေတာ္ဘုရားႀကီးသည္ ေမလ(၆)ရက္ေန႔ နံနက္(၆)နာရီခြဲအခ်ိန္က ပ်ံလြန္ေတာ္မူသြားၿပီး ရုပ္ကလာပ္ေတာ္အား အဆိုပါ ေက်ာင္းတိုက္၌ (၁)လတိတိ ပူေဇာ္ခံသြားမွာ ျဖစ္ေၾကာင္း သိရသည္။
ေတာင္တန္းသာသနာျပဳ (ဗဟို) ေက်ာင္းထိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေရဝတ (ဓမၼာစရိယ အဘိဓဇ  အဂၢမဟာသဒၶမေဇာတိက အဂၢမဟာပ႑ိတ)သည္ ထိုင္းႏိုင္ငံ ခ်င္းရိုင္းရွိ စီပူလင္း ပုဂၢလိကေဆးရံုတြင္ ေဆး၀ါးကုသမႈ ခံယူေတာ္မႈၿပီးေနာက္၊ မသက္သာေတာ့၍ တာခ်ီလိတ္ၿမိဳ႕သို႔ ေမလ(၅)ရက္ေန႔ ညေနပိုင္းက ျပန္လည္၍ ၾကြလာေတာ္မူၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္ရွိ အေဆြေတာ္ မိသားစု (၂၄)နာရီ အထူးကုေဆးခန္းတြင္ ဆက္လက္၍ ေဆးကုသမႈ ခံရယူကာ ေမလ(၆)ရက္ေန႔ နံနက္(၆)နာရီခြဲအခ်ိန္တြင္ ပ်ံလြန္ေတာ္မူသြားတာ ျဖစ္ေၾကာင္း သိရသည္။
ၾကြင္းက်န္ရစ္ေသာ ဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ေတာ္အား အႏၲိမအဂၢိ စ်ာပန အျဖစ္ ျပဳလုပ္ရန္အတြက္ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက အဂၢမဟာပ႑ိတ Honorary Ph.D.  နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီး "ဘဒၵႏၲဓမၼသီရိ"မွ ၾကြေရာက္ေတာ္မူလာၿပီး စစ္ဗ်ဴဟာအဖြဲ႔ အေျခခ်(တာခ်ီလိတ္) စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေဇာ္မင္းထြန္း၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္ေအာင္ ႏွင့္ ဌာနဆိုင္ရာမ်ား၊ ၿမိဳ႕နယ္ေဂါပကအဖြဲ႔၀င္မ်ား ႏွင့္ ေက်ာင္း ေဂါပကအဖြဲ႔မ်ား၊ အလွဴရွင္မ်ားမွ ေဆြးေႏြးခဲ့ၾကၿပီး ရုပ္ကလာပ္ေတာ္အား (၁)လတိတိ ပူေဇာ္ခံရန္ ႏွင့္ အႏၲိမအဂၢိ စ်ာပန ျပဳလုပ္ရန္အတြက္ ေကာ္မတီအသီးသီး ဖြဲ႔စည္းခဲ့ၾကသည္။
အႏၲိမအဂၢိ စ်ာပနအတြက္ ေဆြးေႏြးၾကရာတြင္ ဌာနဆို္င္ရာမ်ားႏွင့္ ေစတနာရွင္မ်ားမွ အလွဴေငြမ်ား ထည့္၀င္ခဲ့ၾကၿပီး၊ (၁)လတိတိထားရွိမည့္အတြက္ အလွဴခံဌာနကိုလည္း အဆိုပါ ေက်ာင္းတိုက္၌ပင္ ဖြင့္လွစ္ထားရွိမွာျဖစ္ရာ၊ ဆရာေတာ္ဘုရားႀကီး၏ ရုပ္ကလာပ္ေတာ္အား ဖူးေျမႇာ္ရင္း အလွဴခံဌာနတြင္လည္း လွဴဒါန္းသြားႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။
ေတာင္တန္းသာသနာျပဳ(ဗဟို) ေက်ာင္းထိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေရဝတ (ဓမၼာစရိယအဘိဓဇအဂၢမဟာသဒၶမေဇာတိကအဂၢမဟာပ႑ိတ)သည္ ယေန႔ ေမလ(၆)ရက္ နံနက္(၆)နာရီ(၃၀)မိနစ္တြင္ ပ်ံလြန္ေတာ္မူသြားၿပီး ၾကြင္းက်န္ရစ္ေသာ ရုပ္ကလာပ္ေတာ္အား အဆိုပါ ေက်ာင္းတိုက္၌ပင္ ပူေဇာ္ခံထားရွိမွာျဖစ္ၿပီး၊ ၂၀၁၆ခုႏွစ္ ဇြန္လ(၅)ရက္ေန႔ တနဂၤေႏြေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ လြယ္စတံုရွိ နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီး ေဆာက္လုပ္လွဴဒါန္းထားေသာ သုႆန္၌ အႏၲိမအဂၢိ စ်ာပနကို ျပဳလုပ္မွာ ျဖစ္ေၾကာင္း သိရသည္။
ေတာင္တန္းသာသနာျပဳ(ဗဟို) ေက်ာင္းထိုင္ဆရာေတာ္ဘုရားႀကီး ဘဒၵႏၲေရဝတ (ဓမၼာစရိယအဘိဓဇအဂၢမဟာသဒၶမေဇာတိကအဂၢမဟာပ႑ိတ)သည္ ပ်ံလြန္ေတာ္မူသည့္အခ်ိန္တြင္ သက္ေတာ္(၈၅)ႏွစ္ရွိၿပီ ျဖစ္ၿပီး၊ ၀ါေတာ္မွာ (၆၅)၀ါရွိၿပီ ျဖစ္ေၾကာင္း သိရွိရသည္။
ဓာတ္ပံု။  ။ ေဇာင္းညီ
...................
တာချီလိတ်၊ မေ(၆)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက် ဆရာတော်ဘုရားကြီးသည် မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်က ပျံလွန်တော်မူသွားပြီး ရုပ်ကလာပ်တော်အား အဆိုပါ ကျောင်းတိုက်၌ (၁)လတိတိ ပူဇော်ခံသွားမှာ ဖြစ်ကြောင်း သိရသည်။
တောင်တန်းသာသနာပြု (ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိက အဂ္ဂမဟာပဏ္ဍိတ)သည် ထိုင်းနိုင်ငံ ချင်းရိုင်းရှိ စီပူလင်း ပုဂ္ဂလိကဆေးရုံတွင် ဆေးဝါးကုသမှု ခံယူတော်မှုပြီးနောက်၊ မသက်သာတော့၍ တာချီလိတ်မြို့သို့ မေလ(၅)ရက်နေ့ ညနေပိုင်းက ပြန်လည်၍ ကြွလာတော်မူပြီးနောက် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ အဆွေတော် မိသားစု (၂၄)နာရီ အထူးကုဆေးခန်းတွင် ဆက်လက်၍ ဆေးကုသမှု ခံရယူကာ မေလ(၆)ရက်နေ့ နံနက်(၆)နာရီခွဲအချိန်တွင် ပျံလွန်တော်မူသွားတာ ဖြစ်ကြောင်း သိရသည်။
ကြွင်းကျန်ရစ်သော ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိ ဈာပန အဖြစ် ပြုလုပ်ရန်အတွက် နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ ကြွရောက်တော်မူလာပြီး စစ်ဗျူဟာအဖွဲ့ အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းထွန်း၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်အောင် နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဂေါပကအဖွဲ့ဝင်များ နှင့် ကျောင်း ဂေါပကအဖွဲ့များ၊ အလှူရှင်များမှ ဆွေးနွေးခဲ့ကြပြီး ရုပ်ကလာပ်တော်အား (၁)လတိတိ ပူဇော်ခံရန် နှင့် အန္တိမအဂ္ဂိ ဈာပန ပြုလုပ်ရန်အတွက် ကော်မတီအသီးသီး ဖွဲ့စည်းခဲ့ကြသည်။
အန္တိမအဂ္ဂိ ဈာပနအတွက် ဆွေးနွေးကြရာတွင် ဌာနဆို်င်ရာများနှင့် စေတနာရှင်များမှ အလှူငွေများ ထည့်ဝင်ခဲ့ကြပြီး၊ (၁)လတိတိထားရှိမည့်အတွက် အလှူခံဌာနကိုလည်း အဆိုပါ ကျောင်းတိုက်၌ပင် ဖွင့်လှစ်ထားရှိမှာဖြစ်ရာ၊ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြှော်ရင်း အလှူခံဌာနတွင်လည်း လှူဒါန်းသွားနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တောင်တန်းသာသနာပြု(ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယအဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကအဂ္ဂမဟာပဏ္ဍိတ)သည် ယနေ့ မေလ(၆)ရက် နံနက်(၆)နာရီ(၃၀)မိနစ်တွင် ပျံလွန်တော်မူသွားပြီး ကြွင်းကျန်ရစ်သော ရုပ်ကလာပ်တော်အား အဆိုပါ ကျောင်းတိုက်၌ပင် ပူဇော်ခံထားရှိမှာဖြစ်ပြီး၊ ၂၀၁၆ခုနှစ် ဇွန်လ(၅)ရက်နေ့ တနင်္ဂေနွနေ့တွင် တာချီလိတ်မြို့ လွယ်စတုံရှိ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ဆောက်လုပ်လှူဒါန်းထားသော သုဿန်၌ အန္တိမအဂ္ဂိ ဈာပနကို ပြုလုပ်မှာ ဖြစ်ကြောင်း သိရသည်။
တောင်တန်းသာသနာပြု(ဗဟို) ကျောင်းထိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရေဝတ (ဓမ္မာစရိယအဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကအဂ္ဂမဟာပဏ္ဍိတ)သည် ပျံလွန်တော်မူသည့်အချိန်တွင် သက်တော်(၈၅)နှစ်ရှိပြီ ဖြစ်ပြီး၊ ဝါတော်မှာ (၆၅)ဝါရှိပြီ ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~