တာခ်ီလိတ္ မီးလင္းေရးေကာ္မတီမွ ျပည္နယ္အစိုးရသို႔ လစဥ္ေပးေနရသည့္ရန္ပံုေငြ သိန္း(၅၀)ေပးရန္မလိုေတာ့

တာခ်ီလိတ္ မီးလင္းေရးေကာ္မတီမွ ျပည္နယ္အစိုးရသို႔ လစဥ္ေပးေနရသည့္ရန္ပံုေငြ သိန္း(၅၀)ေပးရန္မလိုေတာ့
မေ 21, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၂၁)ရက္
တာခ်ီလိတ္ၿမိဳ႕  မီးလင္းေရးေကာ္မတီမွ ရွမ္းျပည္နယ္အစိုးရသို႔ လစဥ္ေပးသြင္းေနရေသာ ရန္ပံုေငြမ်ားအား ေပးသြင္းရန္ မလုိေတာ့ဘဲ မီးလင္းေရးေကာ္မတီတြင္ လက္ရွိေကာက္ခံထားေသာ ရန္ပံုေငြ က်ပ္သိန္း(၁၇၀၀) ေက်ာ္အား ေဒသဖြံ႕ၿဖိဳးေရးတြင္ အသံုးျပဳသြားမည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာနမွ သိရသည္။

" ျပည္သူေတြအတြက္လည္း ၀န္ထုပ္၀န္ပိုးျဖစ္တယ္။ ဒီေငြေၾကးေတြကို တာခ်ီလိတ္ၿမိဳ႕လူထုအတြက္ လိုအပ္တဲ့ ေနရာမွာ ဒီေကာ္မတီက သံုးစြဲလိုက္ေတာ့ ရွမ္းျပည္နယ္အစိုးရအေနနဲ႔ေတာ့ ဒါေတြကို မေကာက္ခံေတာ့ဘူးလို႔ ကိုယ့္အေနနဲ႔ေတာ့ ဆံုးျဖတ္ထားတယ္"ဟု ရွမ္းျပည္နယ္ လွ်ပ္စစ္ႏွင့္ စြမ္းအင္၀န္ႀကီးဌာန၊ ျပည္နယ္၀န္ႀကီး ဦးေဆြသိန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ ရွမ္းျပည္နယ္အစိုးရအဖြဲ႔သို႔ လစဥ္ ရန္ပံုေငြ က်ပ္သိန္း(၅၀) ေပးသြင္းေနရျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီတြင္ လက္ရိွေကာက္ခံထားသည့္ ရန္ပံုေငြမွာ က်ပ္သိန္းေပါင္း(၁၇၅၀)ရွိေနျခင္းျဖစ္ေၾကာင္း သိရသည္။

"အဓိက ေဒသအတြက္ လိုအပ္တဲ့ေနရာေတြမွာ အသံုးျပဳဖို႔ ေကာ္မတီ၀င္ေတြတိုင္ပင္ၿပီး အသံုးျပဳဖို႔ဆံုးျဖတ္ထားတယ္။ ရရွိတဲ့ ရန္ပံုေငြကို (၃)ခ်ိဳးခ်ိဳးၿပီး (၂)ခ်ိဳးကို မီးလင္းေရးလုပ္ငန္းေတြမွာ အသံုးျပဳမယ္။ (၁)ခ်ိဳးကိုေတာ့ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမွာ အသံုးျပဳမယ္လို႔ ရည္ရြယ္ထားတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေရႀကီးလို႔ တံတားပ်က္စီးသြားတုန္းက ဒီမီးလင္းေရးေကာ္မတီက ရန္ပံုေငြက်ပ္သိန္း(၅၀)ကို ထည့္သြင္းအသံုးျပဳခဲ့တယ္။ အဓိက ေဒသတြင္း လိုအပ္ခ်က္ကို လိုက္ၿပီး အသံုးျပဳသြားဖို႔ ရည္ရြယ္ထားပါတယ္"ဟု ၿမိဳ႕မီးလင္းေရးေကာ္မတီဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

မီးလင္းေရးေကာ္မတီမွ ယခုလက္ခံရရွိထားေသာ ရန္ပံုေငြမ်ားအား ၿမိဳ႕လူထု၏ လိုအပ္ခ်က္ကိုၾကည့္၍ ေကာ္မတီ၀င္မ်ားႏွင့္ ညႇိႏွိဳင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အသံုးျပဳလွ်က္ရွိေသာ လွ်ပ္စစ္မီးမွာ ထုိင္းႏိုင္ငံမွ တစ္ယူနစ္လွ်င္ (၃)ဘတ္ႏွင့္ ၿမိဳ႕မီးလင္းေရးေကာ္မတီမွ၀ယ္ယူကာ ေဒသခံျပည္သူမ်ားသို႔ (၆)ဘတ္ျဖင့္ ျပန္လည္ ေရာင္းခ်ေနျခင္းျဖစ္သည္။

သတင္း။  ။ ကိုဇက္
....................

တာချီလိတ်၊ မေလ(၂၁)ရက်
တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ရှမ်းပြည်နယ်အစိုးရသို့ လစဉ်ပေးသွင်းနေရသော ရန်ပုံငွေများအား ပေးသွင်းရန် မလိုတော့ဘဲ မီးလင်းရေးကော်မတီတွင် လက်ရှိကောက်ခံထားသော ရန်ပုံငွေ ကျပ်သိန်း(၁၇၀၀) ကျော်အား ဒေသဖွံ့ဖြိုးရေးတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

" ပြည်သူတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။ ဒီငွေကြေးတွေကို တာချီလိတ်မြို့လူထုအတွက် လိုအပ်တဲ့ နေရာမှာ ဒီကော်မတီက သုံးစွဲလိုက်တော့ ရှမ်းပြည်နယ်အစိုးရအနေနဲ့တော့ ဒါတွေကို မကောက်ခံတော့ဘူးလို့ ကိုယ့်အနေနဲ့တော့ ဆုံးဖြတ်ထားတယ်"ဟု ရှမ်းပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီး ဦးဆွေသိန်းက ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လစဉ် ရန်ပုံငွေ ကျပ်သိန်း(၅၀) ပေးသွင်းနေရခြင်းဖြစ်ပြီး တာချီလိတ်မြို့ မီးလင်းရေးကော်မတီတွင် လက်ရှိကောက်ခံထားသည့် ရန်ပုံငွေမှာ ကျပ်သိန်းပေါင်း(၁၇၅၀)ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

"အဓိက ဒေသအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ ကော်မတီဝင်တွေတိုင်ပင်ပြီး အသုံးပြုဖို့ဆုံးဖြတ်ထားတယ်။ ရရှိတဲ့ ရန်ပုံငွေကို (၃)ချိုးချိုးပြီး (၂)ချိုးကို မီးလင်းရေးလုပ်ငန်းတွေမှာ အသုံးပြုမယ်။ (၁)ချိုးကိုတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမှာ အသုံးပြုမယ်လို့ ရည်ရွယ်ထားတယ်။ ပြီးခဲ့တဲ့နှစ် ရကြေီးလို့ တံတားပျက်စီးသွားတုန်းက ဒီမီးလင်းရေးကော်မတီက ရန်ပုံငွေကျပ်သိန်း(၅၀)ကို ထည့်သွင်းအသုံးပြုခဲ့တယ်။ အဓိက ဒေသတွင်း လိုအပ်ချက်ကို လိုက်ပြီး အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်"ဟု မြို့မီးလင်းရေးကော်မတီဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

မီးလင်းရေးကော်မတီမှ ယခုလက်ခံရရှိထားသော ရန်ပုံငွေများအား မြို့လူထု၏ လိုအပ်ချက်ကိုကြည့်၍ ကော်မတီဝင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အသုံးပြုလျှက်ရှိသော လျှပ်စစ်မီးမှာ ထိုင်းနိုင်ငံမှ တစ်ယူနစ်လျှင် (၃)ဘတ်နှင့် မြို့မီးလင်းရေးကော်မတီမှဝယ်ယူကာ ဒေသခံပြည်သူများသို့ (၆)ဘတ်ဖြင့် ပြန်လည် ရောင်းချနခြေင်းဖြစ်သည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~