တာခ်ီလိတ္ မိုဘိုင္းလ္ ဖုန္းအပိုပစၥည္းေစ်းကြက္သို႔ မယ္ဆိုင္ထက္ ေစ်းႏႈန္းသက္သာသည့္ မႏၱေလးမွ တင္သြင္းမႈမ်ားလာ

တာခ်ီလိတ္ မိုဘိုင္းလ္ ဖုန္းအပိုပစၥည္းေစ်းကြက္သို႔ မယ္ဆိုင္ထက္ ေစ်းႏႈန္းသက္သာသည့္ မႏၱေလးမွ တင္သြင္းမႈမ်ားလာ
မေ 30, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ေမလ(၃၀)ရက္
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ မိုဘိုင္းလ္ဖုန္းအပိုပစၥည္းမ်ားကို  တစ္ဖက္ ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕မွ တင္သြင္းသည္ထက္ ေစ်းႏႈန္းပိုသက္သာသည့္ မႏၱေလးၿမိဳ႕မွ တင္သြင္းေနေၾကာင္း ဖုန္းအပိုပစၥည္းေရာင္းသူမ်ားထံမွ သိရသည္။

“မယ္ဆိုင္မွာက်ေတာ့ တရုတ္က ပစၥည္းတိုက္ရိုက္ေရာက္တယ္။ ဒါေပမဲ့ မႏၱေလးတို႔ႏွင့္ယွဥ္ၾကည့္ရင္ ေစ်းကအရမ္းႀကီးတယ္။ တာခ်ီလိတ္ကို တရုတ္က ပစၥည္း တိုက္ရိုက္မေရာက္ေတာ့ မႏၱေလးကေနပဲ တင္သြင္းတယ္။ ျပန္ေရာင္းတဲ့အခါမွာလည္း သယ္ယူစရိတ္၊ လမ္းစရိတ္ရွိေသးေတာ့ ထက္၀က္ေလာက္ တင္ေရာင္းၾကတယ္။”ဟု Harna Mobile Service မွ ကိုေ၀ယံက ေျပာသည္။

မႏၱေလးမွ ဖုန္းအပိုပစၥည္းမ်ားကို တစ္လတစ္ႀကိမ္တင္သြင္းၿပီး သယ္ယူပို႔ေဆာင္စရိတ္ေၾကာင့္ တာခ်ီလိတ္ၿမိဳ႕တြင္ ျပန္လည္ေရာင္းခ်သည့္အခါ ေစ်းႏႈန္းထက္ဝက္ေက်ာ္ ျမင့္ေၾကာင္း သိရသည္။

“ဟိုဘက္ကမ္းမွာလည္း ပစၥည္းကစုံပါတယ္။ ဒါေပမဲ့ အဲဒီဘက္မွာက ေစ်းက မသက္သာဘူး။ တခ်ိဳ႕ဟာေတြဆို တာခ်ီလိတ္ၿမိဳ႕ထက္ေတာင္ ေစ်းပိုၾကီးေနတယ္။ ဒါေၾကာင့္ မႏၱေလးကပဲ တင္သြင္းတာမ်ားတယ္။  အရင္တုန္းကေတာ့ Mobile Team ေတြရွိေတာ့ သိပ္အဆင္မျပင္ဘူး။ အခုေနာက္ပိုင္းမွာမွ တင္သြင္းရတာလြယ္ကူၿပီး ေစ်းကြက္ထဲ ေတာ္ေတာ္ေရာက္လာတာ။”ဟု ေဒသခံ ဖုန္းအပိုပစၥည္း ေရာင္းသူ ကိုစည္သူက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ဖုန္းကာဗာမ်ား ၊ နားၾကပ္မ်ား ၊ ဖုန္းမွန္မ်ားစသည့္ အျခားဖုန္းအပိုပစၥည္းမ်ားကို မႏၱေလးၿမိဳ႕မွ အမ်ားစုတင္သြင္းလွ်က္ရွိၿပီး မိုင္းလားၿမိဳ႕ နွင့္ က်ိဳင္းတုံၿမိဳ႕မွလည္း တင္သြင္းလွ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၄ ခုႏွစ္ မိုဘိုင္းလ္တီးမ္ ရွိစဥ္ကာလက ဖုန္းအပိုပစၥည္းေရာင္းသူမ်ားသည္ က်ယ္က်ယ္ျပန္႔ျပန္႔မရွိဘဲ Mobile Teamဖ်က္သိမ္းၿပီးေနာက္ပိုင္း ျပည္တြင္းမွ ပစၥည္းမ်ား တာခ်ီလိတ္ၿမိဳ႕သို႔ သယ္ယူပို႔ေဆာင္မႈ အဆင္ေျပလာ၍ ဖုန္းအပိုပစၥည္းအေရာင္းဆိုင္မ်ား ၂၀၁၆ ခုႏွစ္ပိုင္းအတြင္း ပိုမိုမ်ားလာေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

.......................

တာချီလိတ်၊ မေလ(၃၀)ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် မိုဘိုင်းလ်ဖုန်းအပိုပစ္စည်းများကို တစ်ဖက် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ တင်သွင်းသည်ထက် ဈေးနှုန်းပိုသက်သာသည့် မန္တလေးမြို့မှ တင်သွင်းနေကြောင်း ဖုန်းအပိုပစ္စည်းရောင်းသူများထံမှ သိရသည်။
“မယ်ဆိုင်မှာကျတော့ တရုတ်က ပစ္စည်းတိုက်ရိုက်ရောက်တယ်။ ဒါပေမဲ့ မန္တလေးတို့နှင့်ယှဉ်ကြည့်ရင် ဈေးကအရမ်းကြီးတယ်။ တာချီလိတ်ကို တရုတ်က ပစ္စည်း တိုက်ရိုက်မရောက်တော့ မန္တလေးကနေပဲ တင်သွင်းတယ်။ ပြန်ရောင်းတဲ့အခါမှာလည်း သယ်ယူစရိတ်၊ လမ်းစရိတ်ရှိသေးတော့ ထက်ဝက်လောက် တင်ရောင်းကြတယ်။”ဟု Harna Mobile Service မှ ကေိုဝယံက ပြောသည်။
မန္တလေးမှ ဖုန်းအပိုပစ္စည်းများကို တစ်လတစ်ကြိမ်တင်သွင်းပြီး သယ်ယူပို့ဆောင်စရိတ်ကြောင့် တာချီလိတ်မြို့တွင် ပြန်လည်ရောင်းချသည့်အခါ ဈေးနှုန်းထက်ဝက်ကျော် မြင့်ကြောင်း သိရသည်။
“ဟိုဘက်ကမ်းမှာလည်း ပစ္စည်းကစုံပါတယ်။ ဒါပေမဲ့ အဲဒီဘက်မှာက ဈေးက မသက်သာဘူး။ တချို့ဟာတွေဆို တာချီလိတ်မြို့ထက်တောင် ဈေးပိုကြီးနေတယ်။ ဒါကြောင့် မန္တလေးကပဲ တင်သွင်းတာများတယ်။ အရင်တုန်းကတော့ Mobile Team တွေရှိတော့ သိပ်အဆင်မပြင်ဘူး။ အခုနောက်ပိုင်းမှာမှ တင်သွင်းရတာလွယ်ကူပြီး ဈေးကွက်ထဲ တော်တော်ရောက်လာတာ။”ဟု ဒေသခံ ဖုန်းအပိုပစ္စည်း ရောင်းသူ ကိုစည်သူက ပြောသည်။
တာချီလိတ်မြို့သို့ ဖုန်းကာဗာများ၊ နားကြပ်များ၊ ဖုန်းမှန်များစသည့် အခြားဖုန်းအပိုပစ္စည်းများကို မန္တလေးမြို့မှ အများစုတင်သွင်းလျှက်ရှိပြီး မိုင်းလားမြို့ နှင့် ကျိုင်းတုံမြို့မှလည်း တင်သွင်းလျှက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ၂၀၁၄ ခုနှစ် မိုဘိုင်းလ်တီးမ် ရှိစဉ်ကာလက ဖုန်းအပိုပစ္စည်းရောင်းသူများသည် ကျယ်ကျယ်ပြန့်ပြန့်မရှိဘဲ Mobile Teamဖျက်သိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှ ပစ္စည်းများ တာချီလိတ်မြို့သို့ သယ်ယူပို့ဆောင်မှု အဆင်ပြေလာ၍ ဖုန်းအပိုပစ္စည်းအရောင်းဆိုင်များ ၂၀၁၆ ခုနှစ်ပိုင်းအတွင်း ပိုမိုများလာကြောင်း သိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~