မိုင်းဖြတ်၌ ဆက်သွယ်ရေးကောင်းမွန်ရန် တာဝါတိုင်အတွက် မြေနေရာကို မိုင်းဖြတ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများမှ ရှာပေးသွားမည်
မိုင်းဖြတ်၌ ဆက်သွယ်ရေးကောင်းမွန်ရန် တာဝါတိုင်အတွက် မြေနေရာကို မိုင်းဖြတ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများမှ ရှာပေးသွားမည်
မေ 18, 2016
By Tachileik News Agency
မိုင်းဖြတ်၊ မေလ(၁၈)ရက်
ဝေလံခေါင်ပါးသော ဒေသများတွင် ဆက်သွယ်ရေး တာဝါတိုင်များတည်ဆောက်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများအား တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မေလ(၁၂)ရက်နေ့က ကျင်းခဲ့သော ပြည်သူ့လွတ်တော် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး(၂၆)ရက်နေ့မြောက်တွင် မိုင်းဖြတ်မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းမေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ပြီးနောက် ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နှင့် အနီးပါတ်ဝန်းကျင် (၅)မိုင်ပတ်လည်တွင် လက်ရှိတွင် တာဝါတိုင် (၃)တိုင်သာရှိနေပြီး တယ်လီနောနှင့် အော်ရီဒူးတို့မှ ဆက်သွယ်ရေးတာဝါတိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ရန် မြေနေရာ ရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်မှာ (၇၉၆.၈၃) စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့နေလူဦးရေ (၁၃၄၄၂)ဦးနှင့် တောင်ပေါ် ဒေသလူဦးရေ (၁၇၅၁၇)ဦးခန့်ရှိပြီး လက်ရှိ ဆက်သွယ်ရေးအားနည်းနေသည့် မိုင်းဖြတ်မြို့နယ်အတွင်းရှိ နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းတင်း၊ လန်းဆတ်ကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စုများသာမက မြေပြန့်ဒေသဖြစ်သည့် မိုင်းဖြတ်ကျေးရွာ အုပ်စုများ တွင်ပါ တာဝါတိုင်နှင့် ဆက်သွယ်ရေးစခန်းများတိုးချဲ့ ဆောက်လုပ်ပေးရန် သက်ဆိုင်ရာ အော်ပရေတာများအား တိုက်တွန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ပြောကြားထားသည်။
သတင်း။  ။ ကိုဇက်
.................
မိုင်းဖြတ်၊ မေလ(၁၈)ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နယ်အတွင်း ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်ရေး ဒေသခံများနှင့် ပူးပေါင်းပြီး မြေနေရာရှာဖွေပေးသွားမည်ဟု မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။
" ကျွန်တော်တို့ အနေနဲ့ကတော့ ဒေသခံတွေနဲ့ပူးပေါင်းပြီး တိုင်ထောင်ဖို့ မြေနေရာတွေ ကူညီရှာပေးဖို့ ရည်ရွယ်ထားတယ်။ အဓိက တောင်ပေါ်ဒေသတွေမှာ ဖုန်းလိုင်းတွေမိဖို့ ဆက်သွယ်ရေး ကောင်းမွန်ဖို့လိုပါတယ်။ မြေနေရာရပြီဆိုရင် သူတို့တိုင်ထောင်တာ (၁)လအတွင်းပြီးတယ်ပြောတယ်။ ဝန်ကြီးကလည်း တိုက်တွန်းပြောသွားပေးမယ်လို့ ကတိပေးသွားပါတယ်"ဟု မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ပြောသည်။
ေဝလံခေါင်ပါးသော ဒေသများတွင် ဆက်သွယ်ရေး တာဝါတိုင်များတည်ဆောက်ရန် သက်ဆိုင်ရာ ဆက်သွယ်ရေး အော်ပရေတာများအား တိုက်တွန်းပြောကြားသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မေလ(၁၂)ရက်နေ့က ကျင်းခဲ့သော ပြည်သူ့လွတ်တော် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအေဝး(၂၆)ရက်နေ့မြောက်တွင် မိုင်းဖြတ်မဲဆန္ဒနယ်မှ လွတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းမေးမြန်းမှုအား ပြန်လည်ဖြကြေားခဲ့ပြီးနောက် ယင်းကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နှင့် အနီးပါတ်ဝန်းကျင် (၅)မိုင်ပတ်လည်တွင် လက်ရှိတွင် တာဝါတိုင် (၃)တိုင်သာရှိနပြေီး တယ်လီနောနှင့် အော်ရီဒူးတို့မှ ဆက်သွယ်ရေးတာဝါတိုင်များ ထပ်မံတိုးချဲ့ တည်ဆောက်ရန် မြေနေရာ ရှာဖွေနခြေင်းဖြစ်ကြောင်း သိရသည်။
 "အော်ပရေတာတွေဆိုတာ လူဦးရေထူထပ်ပြီး ဖုန်းအသုံးပြုမှုများတဲ့နေရာတွေမှာပဲ တာဝါတိုင် ထောင်ချင်ကြတာ။ ဒါကို ကျွန်တော့်အနေနဲ့ေဝလံခေါင်ပါးတဲ့နေရာတွေမှာ တာဝါတိုင်တွေဖွင့်လှစ်ဖို့ ဆက်သွယ်ရေးစခန်းတွေ ဆောက်လုပ်ဖို့ တိုက်တွန်းပြောဆိုသွားမှာပါ။ အခု ဆက်သွယ်ရေး အော်ပရေတာတွေ မြေနေရာရှာဖွေမှုတွေလုပ်နေပါပြီ"ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြောသည်။
မိုင်းဖြတ်မြို့နယ်မှာ (၇၉၆.၈၃) စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့နေလူဦးရေ (၁၃၄၄၂)ဦးနှင့် တောင်ပေါ် ဒေသလူဦးရေ (၁၇၅၁၇)ဦးခန့်ရှိပြီး လက်ရှိ ဆက်သွယ်ရေးအားနည်းနေသည့် မိုင်းဖြတ်မြို့နယ်အတွင်းရှိ နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းတင်း၊ လန်းဆတ်ကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စုများသာမက မြပြေန့်ဒေသဖြစ်သည့် မိုင်းဖြတ်ကျေးရွာ အုပ်စုများ တွင်ပါ တာဝါတိုင်နှင့် ဆက်သွယ်ရေးစခန်းများတိုးချဲ့ ဆောက်လုပ်ပေးရန် သက်ဆိုင်ရာ အော်ပရေတာများအား တိုက်တွန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်တွင် ပြောကြားထားသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~