တာခ်ီလိတ္ မီးေဘးသင့္ အိမ္ေျခ(၂၉)လံုးအတြက္ အိမ္တစ္လံုးလွ်င္ ကုန္က်မႈ ထိုင္းဘတ္(၆၀၀၀၀)ေက်ာ္ ခန္႔မွန္းထား၊ ေစတနာရွင္မ်ား၏ အကူအညီ မ်ားစြာ လုိအပ္ေန

တာခ်ီလိတ္ မီးေဘးသင့္ အိမ္ေျခ(၂၉)လံုးအတြက္ အိမ္တစ္လံုးလွ်င္ ကုန္က်မႈ ထိုင္းဘတ္(၆၀၀၀၀)ေက်ာ္ ခန္႔မွန္းထား၊ ေစတနာရွင္မ်ား၏ အကူအညီ မ်ားစြာ လုိအပ္ေန
ဧပြီ 12, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၁၂)
တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ မီးေဘးသင့္အိမ္ေထာင္စု (၂၉) စုအတြက္ေနအိမ္မ်ား ျပန္လည္ ေဆာက္လုပ္ရန္ အိမ္တစ္လုံုးလွ်င္ ကုန္က်ေငြ ထိုင္းဘတ္ေငြ(၆၀,၀၀၀)ေက်ာ္ ကုန္က်မည္ျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီမွ သိရသည္။

"ေနအိမ္ေတြကို ေဆာက္ေပးဖို႔အတြက္ ေစတနာရွင္ေတြရဲ႕ အကူအညီေတြ ေတာ္ေတာ္မ်ားမ်ား လိုေနတာပါ၊ ေစတနာရွင္မ်ားအေနနဲ႔ ေဆာက္လုပ္ေရးပစၥည္း သို႔မဟုတ္ ေငြသားလွဴလို႕ရပါတယ္။"ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

အိမ္တစ္လံုးေဆာက္လုပ္ရန္ လိုအပ္သည့္ ေဆာက္လုပ္ေရးပစၥည္း အေသးစိတ္မွာ အုတ္ (ဘေလာက္အုတ္) (၂၃၃၁)လံုး၊ ဘိလပ္ေျမ (၄၅) လုးံ၊ သဲ (၄)က်ဴးခြဲ၊ ေက်ာက္ေသး (၄) က်ဴးခြဲ၊ အေခါင္းပြ ေလးေထာင့္ပိုက္ ေလးလက္မ ပတ္လည္ (၆၀) ေပ ၊ (၃"-၁.၅") ေလးေထာင့္ပိုက္ တစ္ဖက္ပြင့္ (၁၃၀) ေပ၊ (၂"-၁၅")  အေခါင္းပြပိုက္ (၁၀၉) ေပ၊ ေဟာ္လို (၂"-၁၅") ပိုက္ (၁၀၀) ေပ၊ ဝရိန္ေခ်ာင္း (ဖာ) (၂၉.၇၁) ထုပ္၊ ေခါင္အုပ္ေျဗာင္ သြပ္ (၁၀၃) ေပ၊ အိမ္မိုးသြပ္ (၂၆) ခ်ပ္၊ တံခါးလက္ကိုင္ကြင္း (၁၁) ခု၊ ပတၱာ (၂၂) ခု၊ မင္းတုံး (၂၂) ခုလိုအပ္မည္ျဖစ္ၿပီး  ကုန္က်မည့္လုပ္အားခမွာ ဂေဟအလုပ္သမား ( ၆) ဦး၊ ပန္းရံ (၂၃) ဦး၊ အလုပ္ၾကမ္း (၄၈) ဦးကုန္က်မည္ ျဖစ္ေၾကာင္း ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ ထံမွ သိရသည္။

ေစတနာရွင္မ်ား လွဴဒါန္းလိုသည့္ ပစၥည္း၏ သင့္ေငြအားလည္းေကာင္း၊ အလွဴေငြအားလည္းေကာင္း လွဴဒါန္းေပးႏုိင္ပါရန္ ႏွင့္ မိသားစုမ်ား၊ သူငယ္ခ်င္းမ်ားစု၍လည္း အိမ္လုံးခ်င္းအလိုက္ လွဴဒါန္းႏိုင္ပါေၾကာင္း မီးေဘး သင့္မိသားစုမ်ားကိုယ္စား ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီက အကူအညီေတာင္းခံလွ်က္ရွိသည္။

ေစတနာရွင္မ်ားအေနျဖင့္ လွဴဒါန္းလိုပါက တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္၊ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ရွိ ကယ္ဆယ္ေရးစခန္း၏ အလွဴခံဌာနတြင္ လွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီ၀န္းက်င္မွ စ၍ အခ်ိန္(၂)နာရီေက်ာ္အၾကာ ေလာင္ကြ်မ္းခဲ့ေသာ အဆိုပါ မီးေလာင္မႈေၾကာင့္ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရွိရသည္။
...........

တာချီလိတ်၊ ဧပြီ(၁၂)
တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မီးဘေးသင့်အိမ်ထောင်စု (၂၉) စုအတွက်နေအိမ်များ ပြန်လည် ဆောက်လုပ်ရန် အိမ်တစ်လုံးလျှင် ကုန်ကျငွေ ထိုင်းဘတ်ငွေ(၆၀ယဝဝဝ)ကျော် ကုန်ကျမည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

"နေအိမ်တွေကို ဆောက်ပေးဖို့အတွက် စေတနာရှင်တွေရဲ့ အကူအညီတွေ တော်တော်များများ လိုနေတာပါ၊ စေတနာရှင်များအနေနဲ့ ဆောက်လုပ်ရေးပစ္စည်း သို့မဟုတ် ငွေသားလှူလို့ရပါတယ်။"ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

အိမ်တစ်လုံးဆောက်လုပ်ရန် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်း အသေးစိတ်မှာ အုတ် (ဘလောက်အုတ်) (၂၃၃၁)လုံး၊ ဘိလပ်မြေ (၄၅) လုးံ၊ သဲ (၄)ကျူးခွဲ၊ ကျောက်သေး (၄) ကျူးခွဲ၊ အခေါင်းပွ လေးထောင့်ပိုက် လေးလက်မ ပတ်လည် (၆၀) ပေ၊ (၃"-၁.၅") လေးထောင့်ပိုက် တစ်ဖက်ပွင့် (၁၃၀) ပေ၊ (၂"-၁၅") အခေါင်းပွပိုက် (၁၀၉) ပေ၊ ဟော်လို (၂"-၁၅") ပိုက် (၁၀၀) ပေ၊ ဝရိန်ချောင်း (ဖာ) (၂၉.၇၁) ထုပ်၊ ခေါင်အုပ်ဗြောင် သွပ် (၁၀၃) ပေ၊ အိမ်မိုးသွပ် (၂၆) ချပ်၊ တံခါးလက်ကိုင်ကွင်း (၁၁) ခု၊ ပတ္တာ (၂၂) ခု၊ မင်းတုံး (၂၂) ခုလိုအပ်မည်ဖြစ်ပြီး ကုန်ကျမည့်လုပ်အားခမှာ ဂဟေအလုပ်သမား ( ၆) ဦး၊ ပန်းရံ (၂၃) ဦး၊ အလုပ်ကြမ်း (၄၈) ဦးကုန်ကျမည် ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ထံမှ သိရသည်။

စေတနာရှင်များ လှူဒါန်းလိုသည့် ပစ္စည်း၏ သင့်ငွေအားလည်းကောင်း၊ အလှူငွေအားလည်းကောင်း လှူဒါန်းပေးနိုင်ပါရန် နှင့် မိသားစုများ၊ သူငယ်ချင်းများစု၍လည်း အိမ်လုံးချင်းအလိုက် လှူဒါန်းနိုင်ပါကြောင်း မီးဘေး သင့်မိသားစုများကိုယ်စား ခရိုင်စီမံခန့်ခွဲမှုကော်မတီက အကူအညီတောင်းခံလျှက်ရှိသည်။

စေတနာရှင်များအနဖြေင့် လှူဒါန်းလိုပါက တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ရှိ ကယ်ဆယ်ရေးစခန်း၏ အလှူခံဌာနတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော အဆိုပါ မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~