ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအား ဖြတ်သန်းသွားလာခွင့် ရာသက်ပန်ပိတ်
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများအား ဖြတ်သန်းသွားလာခွင့် ရာသက်ပန်ပိတ်
ဧပွီ 20, 2016
By Tachileik News Agency
တာချီလိတ်၊ ဧပြီလ (၂၀)ရက်
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် တရားမ၀င်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပြီးပါက ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း နယ်မြေဖြတ်သန်း ၀င်ရောက်ခွင့်ကို ရာသက်ပန် ပိတ်လျှက်ရှိကြောင်း သိရသည်။
ဒေသခံတိုင်းရင်းသားများအနေဖြင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် ( Temporary Border Pass ) ဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်သူများကို အလုပ်သမားလက်မှတ်ကတ် ( Labor Card) မရှိသည့် အတွက် အလုပ် လုပ်ခွင့်မရှိကြောင်း အကြောင်းပြကာ ဖမ်းဆီးခံနေကြရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အလုပ်သမားများကိုမူ မြန်မာနိုင်ငံမှ အရေးယူခြင်းမရှိကြောင်း သိရသည်။
နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံများအား ထိုင်းနိုင်ငံမှ ယင်းကဲ့သို့အရေးယူခြင်းကြောင့် ဒေသခံများ အခွင့်အရေးဆုံးရှုံးခြင်းအား သက်ဆိုင်ရာများအနေဖြင့် ဆွေးနွေးဖြေရှင်းမှုများ လုပ်ဆောင်သင့်သည်ဟု ဒေသခံများက ဆိုသည်။
သတင်း။  ။ ဇောင်းညီ
...............
တာချီလိတ်၊ ဧပြီလ (၂၀)ရက်
ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရသည့် တရားမဝင်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပြီးပါက၎င်းတို့အား ထိုင်းနိုင်ငံအတွင်း နယ်မြဖြေတ်သန်း ဝင်ရောက်ခွင့်ကို ရာသက်ပန် ပိတ်လျှက်ရှိကြောင်း သိရသည်။
“အခု ကျွန်မက အလုပ်သမားကတ်မရှိလို့ ဖမ်းခံရတာတော့ ထားလိုက်။ ဒါပေမဲ့ ကျွန်မကို ထိုင်းနိုင်ငံအတွင်း တစ်သက်လုံး သွားလို့မရအောင် Blacklist ထဲ ထည့်လိုက်တာတော့ လုံးဝစိတ်မကောင်းဘူး။ အဲလိုပဲ မြန်မာနိုင်ငံသားအားလုံး ဖမ်းခံရတိုင်း Blacklist လုပ်ခံရပါတယ်။ အဲဒီလိုလုပ်လိုက်တော့ ကျွန်မတို့ အဆင်ပြေလာတဲ့ တစ်နေ့မှာ ပတ်စပို့လုပ်ပြီး သွားရောက်လည်ပတ်မယ်ဆို ဘယ်လိုလုပ်ရမလဲ။”ဟု ဖမ်းဆီးလွှဲပြောင်းခံရသူ မနန်းခမ်းနွေက ပြောသည်။
ရွှေ့ပြောင်းမြန်မာလုပ်သားအများစုသည် ထိုင်းနိုင်ငံဖက်တွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး ဝင်ငွေရှာဖွေရခြင်းဖြစ်သဖြင့် အဆိုပါကန့်သတ်ချက်ကြောင့် အခက်အခဲဖြစ်ရကြောင်း သိရသည်။
“ ပြစ်မှုကြီးကြီးမားမား မဟုတ်ကြပေမဲ့လည်း ထိုင်းလဝကအက်ဥပဒေအရ ရာသက်ပန် Blacklist စာရင်းအသွင်းခံကြရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်၊ လူသတ်မှုကျူးလွန်တာလည်း မဟုတ်ဘူး၊ မူးယစ်ဆေးဝါးကူးနကြေတာလည်းမဟုတ်ဘူး၊ တစ်နေ့လုပ်တစ်နေ့စား အလုပ်သမားတွေကို ဖမ်းပြီး အခုလို လုပ်တာကတော့ တကယ်ကို မဖြစ်သင့်ဘူး။” ဟု မြန်မာနိုင်ငံသားများအရေးကို ကူညီပေးနေသူ ကိုစည်သူမောင်က ပြောသည်။
ဒေသခံတိုင်းရင်းသားများအနဖြေင့် ယာယီနယ်စပ်ဖြတ်သန်းခွင့် ( Temporary Border Pass ) ဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက် အလုပ်လုပ်ကိုင်သူများကို အလုပ်သမားလက်မှတ်ကတ် ( Labor Card) မရှိသည့် အတွက် အလုပ် လုပ်ခွင့်မရှိကြောင်း အကြောင်းပြကာ ဖမ်းဆီးခံနကြေရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသား အလုပ်သမားများကိုမူ မြန်မာနိုင်ငံမှ အရေးယူခြင်းမရှိကြောင်း သိရသည်။
နယ်စပ်ဒေသများတွင် နေထိုင်ကြသည့် ဒေသခံများအား ထိုင်းနိုင်ငံမှ ယင်းကဲ့သို့အရေးယူခြင်းကြောင့် ဒေသခံများ အခွင့်အရေးဆုံးရှုံးခြင်းအား သက်ဆိုင်ရာများအနဖြေင့် ဆွေးနွေးဖြေရှင်းမှုများ လုပ်ဆောင်သင့်သည်ဟု ဒေသခံများက ဆိုသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~