ထိုင္းႏိုင္ငံသား (၃) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂) ဦးတို႔ကို လက္နက္ခဲယမ္းမ်ားနွင့္ အတူ ဖမ္းဆီးရမိ

ထိုင္းႏိုင္ငံသား (၃) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂) ဦးတို႔ကို လက္နက္ခဲယမ္းမ်ားနွင့္ အတူ ဖမ္းဆီးရမိ
ဧပြီ 3, 2016
By Tachileik News Agency

က်ိဳင္းတံု၊ ဧၿပီလ (၃) ရက္ ။  ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕ မူးယစ္တပ္ဖြဲ႕စုသည္ သတင္းအရ သြားေရာက္ရွာေဖြရာမွ ထိုင္းႏိုင္ငံသား (၃) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂) ဦးတို႔အား လက္နက္ခဲယမ္းမ်ားႏွင့္ ဖမ္းဆီးရမိၿပီး အိမ္ရွင္မွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သတင္းရရိွသည္။

" ကြၽန္ေတာ္တို႔ သြားဖမ္းေတာ့ အိမ္ပိုင္ရွင္တရားခံကို မေတြ႔ေတာ့ပါဘူး။ လူငါးေယာက္နဲ႔ လက္နက္ခဲယမ္းေတြကို ဖမ္းဆီးႏိုင္ခဲ့တယ္။ " ဟု က်ဳိင္းတံုၿမိဳ႕မ ရဲစခန္းမွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးႏွင့္ လက္နက္ခဲယမ္းမ်ား သိုဝွက္ထားေၾကာင္း သတင္းအရ မူးယစ္တပ္ဖြဲ႕စု (၂၈) က်ဳိင္းတံု၊ စရဖအဖြဲ႕တို႔ ပူးေပါင္းၿပီး ဧၿပီလ (၁) ရက္ နံနက္ (၄) နာရီအခ်ိန္၌ က်ဳိင္းတံုၿမိဳ႕နယ္ ၊ မိုင္းဇင္းအုပ္စု၊ ဝမ္ေကာင္းရြာမွ ဦးေရွာ္ခ်န္၏ ေနအိမ္အတြင္းသို႔ သြားေရာက္ ရွာေဖြစစ္ေဆးရာ အိမ္ရွင္ဦးေရွာ္ခ်န္ကို မေတြ႕ရေတာ့ဘဲ ၎အိမ္တြင္ ထိုင္းႏိုင္ငံသား၊ ခ်င္းဟိုင္းၿမိဳ႕တြင္ ေနထိုင္သူမ်ားျဖစ္ၾကေသာ ဝမ္ဆိုင္၊ နန္ဝင္း ၊ ဆြမ္က်င္တို႔ႏွင့္ ျမန္မာႏိုင္ငံသားမ်ားျဖစ္ၾကသူ ဦးဟာမ၊ ဦးအိုက္ေဟာင္ တို႔ ( ၅) ဦးအား ေတြ႕ရိွရၿပီး ေနအိမ္အတြင္း စစ္ေဆးရွာေဖြရာ ေရွာ္ခ်န္၏ အိပ္ခန္းအတြင္းရိွ ဗီဒိုအတြင္းမွ က်ည္အမ်ဳိးစားေပါင္း သံုးမ်ဳိး အေတာင့္ (၅၀) ၊ စာတမ္းမတူေသာ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ (၃) ခုႏွင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား တစ္ခုတို႔အား ရွာေဖြစစ္ေဆးေတြ႕ရိွခဲ့ေၾကာင္း သိရိွရသည္။

အမႈျဖစ္စဥ္ႏွင့္ ဆက္ႏြယ္ပတ္သက္္ေနသည့္ ထြက္ေျပးတိမ္းေရွာင္ေနသူ အသက္ (၄၅) ႏွစ္အရြယ္ ဦးေရွာ္ခ်န္ႏွင့္ ဖမ္းဆီးရမိထားသူ (၅) ဦးတို႔အား ဧၿပီလ (၁) ရက္တြင္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းမွ (ပ) ၆၂/၂၀၁၆၊ ရွမ္းလက္နက္ ၁၂ (က) ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

......................

ကျိုင်းတုံ၊ ဧပြီလ (၃) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စုသည် သတင်းအရ သွားရောက်ရှာဖွေရာမှ ထိုင်းနိုင်ငံသား (၃) ဦးနှင့် မြန်မာနိုင်ငံသား (၂) ဦးတို့အား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိပြီး အိမ်ရှင်မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။
" ကျွန်တော်တို့ သွားဖမ်းတော့ အိမ်ပိုင်ရှင်တရားခံကို မတွေ့တော့ပါဘူး။ လူငါးယောက်နဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးနိုင်ခဲ့တယ်။ " ဟု ကျိုင်းတုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိုဝှက်ထားကြောင်း သတင်းအရ မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံ၊ စရဖအဖွဲ့တို့ ပူးပေါင်းပြီး ဧပြီလ (၁) ရက် နံနက် (၄) နာရီအချိန်၌ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းအုပ်စု၊ ဝမ်ကောင်းရွာမှ ဦးရှော်ချန်၏ နေအိမ်အတွင်းသို့ သွားရောက် ရှာဖွေစစ်ဆေးရာ အိမ်ရှင်ဦးရှော်ချန်ကို မတွေ့ရတော့ဘဲ၎င်းအိမ်တွင် ထိုင်းနိုင်ငံသား၊ ချင်းဟိုင်းမြို့တွင် နေထိုင်သူများဖြစ်ကြသော ဝမ်ဆိုင်၊ နန်ဝင်း၊ ဆွမ်ကျင်တို့နှင့် မြန်မာနိုင်ငံသားများဖြစ်ကြသူ ဦးဟာမ၊ ဦးအိုက်ဟောင် တို့ ( ၅) ဦးအား တွေ့ရှိရပြီး နေအိမ်အတွင်း စစ်ဆေးရှာဖွေရာ ရှော်ချန်၏ အိပ်ခန်းအတွင်းရှိ ဗီဒိုအတွင်းမှ ကျည်အမျိုးစားပေါင်း သုံးမျိုး အတောင့် (၅၀)၊ စာတမ်းမတူသော နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (၃) ခုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ခုတို့အား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အမှုဖြစ်စဉ်နှင့် ဆက်နွယ်ပတ်သက်နေသည့် ထွက်ပြေးတိမ်းရှောင်နေသူ အသက် (၄၅) နှစ်အရွယ် ဦးရှော်ချန်နှင့် ဖမ်းဆီးရမိထားသူ (၅) ဦးတို့အား ဧပြီလ (၁) ရက်တွင် ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၆၂/၂၀၁၆၊ ရှမ်းလက်နက် ၁၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်း။ ဇင်အောင်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~