သူငယ္တန္း (KG)သင္ ဆရာ၊ ဆရာမမ်ား ေလ့က်င့္သင္တန္းေပးေရး ၿမဳိ႕နယ္အဆင့္ ဆင့္ပြားသင္တန္းဖြင့္

သူငယ္တန္း (KG)သင္ ဆရာ၊ ဆရာမမ်ား ေလ့က်င့္သင္တန္းေပးေရး ၿမဳိ႕နယ္အဆင့္ ဆင့္ပြားသင္တန္းဖြင့္
ဧပြီ 25, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ (၂၅)
ရွမ္းျပည္နယ္၊ အေရွ႕ပုိင္းေဒသ၊ တာခ်ီလိတ္ၿမဳိ႕၌ သူငယ္တန္း(KG)သင္ ဆရာ၊ဆရာမမ်ား ေလ့က်င့္သင္တန္းေပးေရး ၿမဳိ႕နယ္အဆင့္ ဆင့္ပြား သင္တန္း ဖြင့္ပဲြကုိ ဧၿပီ (၂၅)ရက္၊ နံနက္ (၉)နာရီခဲြက မကာဟုိခမ္း ရပ္ကြက္ရွိ တာခ်ီလိတ္ အေျခခံပညာအထက္တန္းေက်ာင္း၏ ခန္းမေဆာင္တြင္ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက သင္တန္း အဖြင့္အမွာစကားေျပာၾကားၿပီး၊ ၿမဳိ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးက ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္ (KG)သူငယ္တန္းသင္ရုိးသစ္ ၿမဳိ႕နယ္အဆင့္ ဆင့္ပြား သင္တန္းဖြင့္လွစ္ရျခင္းႏွင့္စပ္လ်ဥ္းၿပီး ရွင္းလင္းေျပာၾကားသည္။

သင္တန္းတြင္ ပထမတန္းသုိ႔ ကူးေျပာင္းမႈလြယ္ကူေစရန္ အသက္ (၅)ႏွစ္ျပည့္ၿပီး ကေလးမ်ားအား ဘက္စံုဖံြၿဖဳိးမႈႏွင့္ သင့္ေလ်ာ္သည့္ နည္းစနစ္မ်ားကုိ အသံုးျပဳကာ ျပဳစုပ်ဳိးေထာင္ျခင္းမ်ားျဖင့္ ေလ့က်င့္ သင္ၾကားေပးမည္ျဖစ္ေၾကာင္း၊ KG သင္ရုိး ညႊန္းတမ္းတြင္ ကေလးဗဟုိျပဳခ်ဥ္းကပ္နည္းမ်ားျဖင့္
ေလ့က်င့္ သင္ၾကားေပးမွာျဖစ္သည့္အျပင္ ကေလးမ်ား ကုိယ္စိတ္ ႏွစ္ျဖာ က်န္းမာခ်မ္းသာေစျခင္း ၊ စာရိတၱမိတၱႏွင့္ စိတ္လႈပ္ရွားမႈဆုိင္ရာ ဖံြ႕ၿဖဳိးတုိး တက္ျခင္း၊ အျပန္အလွန္ ေျပာဆုိဆက္သြယ္ျခင္း၊ သခ်ၤာဆုိင္ရာ အေျခခံ မ်ားကုိ စူးစမ္းေလ့လာျခင္း၊ အႏုပညာရသ ခံစားျခင္းႏွင့္ ဖန္တီးျခင္း၊ ပတ္၀န္းက်င္ေလာက ကုိ သိရွိနားလည္ျခင္း စသည့္ နယ္ပယ္ေျခာက္ခုျဖင့္ေလ့က်င့္ သင္ၾကားေပးမည္ ျဖစ္ေၾကာင္း သိရသည္။

အဆုိပါ သင္တန္းသုိ႔ တာခ်ီလိတ္ၿမဳိ႕နယ္အတြင္းရွိ တာခ်ီလိတ္၊ တာေလ၊ က်ဳိင္းလပ္ၿမဳိ႕ တုိ႔ရွိ အထက္တန္း၊ အလယ္တန္း ၊ မူလတန္းေက်ာင္းမ်ား၊ ကုိယ္ပုိင္ေက်ာင္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးသင္ ပညာေရး ေက်ာင္းမ်ားမွ မူလတန္းဆရာ၊ ဆရာမမ်ား၊ ေက်ာင္းအုပ္မ်ား အျပင္ တုိင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈအဖဲြတုိ႔မွ တုိင္းရင္းသားမ်ား စုစုေပါင္း (၂၂၇)ဦး တက္ေရာက္ၿပီး၊ သင္တန္းကုိ ဧၿပီလ (၂၅)ရက္မွ ေမလ (၁၀)ရက္ေန႔အထိ သင္တန္းနည္းျပ ဆရာ(၂၀)ဦးတုိ႔မွ ႀကီးၾကပ္ သင္ၾကားပုိ႔ခ်ေပး သြားမွာျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း
............

တာချီလိတ်၊ ဧပြီ (၂၅)
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့၌ သူငယ်တန်း(KG)သင် ဆရာ၊ဆရာမများ လေ့ကျင့်သင်တန်းပေးရေး မြို့နယ်အဆင့် ဆင့်ပွား သင်တန်း ဖွင့်ပွဲကို ဧပြီ (၂၅)ရက်၊ နံနက် (၉)နာရီခွဲက မကာဟိုခမ်း ရပ်ကွက်ရှိ တာချီလိတ် အခြေခံပညာအထက်တန်းကျောင်း၏ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက သင်တန်း အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးက ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် (KG)သူငယ်တန်းသင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွား သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။

သင်တန်းတွင် ပထမတန်းသို့ ကူးပြောင်းမှုလွယ်ကူစေရန် အသက် (၅)နှစ်ပြည့်ပြီး ကလေးများအား ဘက်စုံဖွံဖြိုးမှုနှင့် သင့်လျော်သည့် နည်းစနစ်များကို အသုံးပြုကာ ပြုစုပျိုးထောင်ခြင်းများဖြင့် လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊ KG သင်ရိုး ညွှန်းတမ်းတွင် ကလေးဗဟိုပြုချဉ်းကပ်နည်းများဖြင့်
လေ့ကျင့် သင်ကြားပေးမှာဖြစ်သည့်အပြင် ကလေးများ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာစခြေင်း၊ စာရိတ္တမိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ခြင်း၊ အပြန်အလှန် ပြောဆိုဆက်သွယ်ခြင်း၊ သင်္ချာဆိုင်ရာ အခြေခံ များကို စူးစမ်းလေ့လာခြင်း၊ အနုပညာရသ ခံစားခြင်းနှင့် ဖန်တီးခြင်း၊ ပတ်ဝန်းကျင်လောက ကို သိရှိနားလည်ခြင်း စသည့် နယ်ပယ်ခြောက်ခုဖြင့်လေ့ကျင့် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့ တို့ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ မူလတန်းဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ အပြင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲတို့မှ တိုင်းရင်းသားများ စုစုပေါင်း (၂၂၇)ဦး တက်ရောက်ပြီး၊ သင်တန်းကို ဧပြီလ (၂၅)ရက်မှ မေလ (၁၀)ရက်နေ့အထိ သင်တန်းနည်းပြ ဆရာ(၂၀)ဦးတို့မှ ကြီးကြပ် သင်ကြားပို့ချပေး သွားမှာဖြစ်ကြောင်း သိရသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~