ဘန္ေကာက္ၿမိဳ႕ရွိ လုပ္ငန္းခြင္တစ္ခု၌ ျမန္မာလုပ္သားတစ္ဦး ဓာတ္လိုက္ေသဆံုး

ဘန္ေကာက္ၿမိဳ႕ရွိ လုပ္ငန္းခြင္တစ္ခု၌ ျမန္မာလုပ္သားတစ္ဦး ဓာတ္လိုက္ေသဆံုး
ဧပြီ 2, 2016
By Tachileik News Agency

 
တာခ်ီလိတ္၊ ဧၿပီလ (၂) ရက္ ။  ။ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၊ ပထံုဌာနီၿမိဳ႕နယ္အတြင္း လုပ္ငန္းခြင္တစ္ခုမွ ျမန္မာလုပ္သားတစ္ဦး လွ်ပ္စစ္ဝိုင္ယာႀကိဳး သိမ္းဆည္းရင္း ဓာတ္လိုက္ေသဆံုးသြားေၾကာင္း သိရသည္။

"ဓာတ္ႀကိဳးကို ေခြေနတာ ဓာတ္ႀကိဳးက ေပါက္ေနတာ။ အဲဒါကို ကိုင္မိၿပီး ဓာတ္လိုက္တာ။ အဲဒီေနရာမွာပဲ ေသဆံုးသြားတာ။ အခုေတာ့ နာေရးအတြက္ ျပင္ဆင္ေပးေနပါတယ္"ဟု နာေရးလိုက္လံကူညီေပးသည့္ ဘန္ေကာက္ၿမိဳ႕ ကယ္ဆယ္ေရးဆရာေတာ္ ဦးေဇာတိကမွ မိန္႔ၾကားသည္။

မတ္လ (၃၁)ရက္ေန႔က ျဖစ္ပြားသည့္ အဆိုပါ မေတာ္တဆမႈေၾကာင့္ ေသဆံုးသြားသူမွာ ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္၊ လက္ပံတန္းေက်းရြာမွ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕တြင္ မိသားစုလိုက္ လာေရာက္ အလုပ္လုပ္ကိုင္ေနသူ တစ္ဦးျဖစ္ၿပီး ထိုက္သင့္ေသာ နစ္နာေၾကးမ်ားရရွိရန္ လုိက္လံေဆာင္ရြက္ေပးလွ်က္ ရွိေၾကာင္း ဆရာေတာ္ထံမွ သိရသည္။

ထိုင္းႏိုင္ငံအတြင္း အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ေရႊ႕ေျပာင္းလုပ္သားမ်ားအေနျဖင့္ လုပ္ငန္းခြင္အတြင္း မေတာ္တဆ ထိခိုက္ဒဏ္ရာႏွင့္ အသက္ဆံုးရံႈးမႈမ်ားရွိပါက ဥပေဒအရ နစ္နာေၾကးမ်ား ေပးအပ္ထားၿပီး ေရႊ႕ေျပာင္းလုပ္သားမ်ား အေနႏွင့္ လူမႈဖူလံုေရးအာမခံ(ပကန္ဆန္ခြန္)အား အစိုးရသို႔ လစဥ္ထည့္သြင္းရေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

****************
( unicode )
တာချီလိတ်၊ ဧပြီလ (၂) ရက်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ ပထုံဌာနီမြို့နယ်အတွင်း လုပ်ငန်းခွင်တစ်ခုမှ မြန်မာလုပ်သားတစ်ဦး လျှပ်စစ်ဝိုင်ယာကြိုး သိမ်းဆည်းရင်း ဓာတ်လိုက်သေဆုံးသွားကြောင်း သိရသည်။
"ဓာတ်ကြိုးကို ခွေနေတာ ဓာတ်ကြိုးက ပေါက်နေတာ။ အဲဒါကို ကိုင်မိပြီး ဓာတ်လိုက်တာ။ အဲဒီနေရာမှာပဲ သေဆုံးသွားတာ။ အခုတော့ နာရေးအတွက် ပြင်ဆင်ပေးနေပါတယ်"ဟု နာရေးလိုက်လံကူညီပေးသည့် ဘန်ကောက်မြို့ ကယ်ဆယ်ရေးဆရာတော် ဦးဇောတိကမှ မိန့်ကြားသည်။
မတ်လ (၃၁)ရက်နေ့က ဖြစ်ပွားသည့် အဆိုပါ မတော်တဆမှုကြောင့် သေဆုံးသွားသူမှာ ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ လက်ပံတန်းကျေးရွာမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မိသားစုလိုက် လာရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး ထိုက်သင့်သော နစ်နာကြေးများရရှိရန် လိုက်လံဆောင်ရွက်ပေးလျှက် ရှိကြောင်း ဆရာတော်ထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းလုပ်သားများအနဖြေင့် လုပ်ငန်းခွင်အတွင်း မတော်တဆ ထိခိုက်ဒဏ်ရာနှင့် အသက်ဆုံးရှုံးမှုများရှိပါက ဥပဒေအရ နစ်နာကြေးများ ပေးအပ်ထားပြီး ရွှေ့ပြောင်းလုပ်သားများ အနေနှင့် လူမှုဖူလုံရေးအာမခံ(ပကန်ဆန်ခွန်)အား အစိုးရသို့ လစဉ်ထည့်သွင်းရကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~