ဘတၳရီအားသြင္းရာမွ အပူလြန္ၿပီး မိုင္းတံု၌ ဆိုင္ခန္း(၃)ခန္း မီးေလာင္မႈျဖစ္ပြား

ဘတၳရီအားသြင္းရာမွ အပူလြန္ၿပီး မိုင္းတံု၌ ဆိုင္ခန္း(၃)ခန္း မီးေလာင္မႈျဖစ္ပြား
ဧပြီ 10, 2016
By Tachileik News Agency

မိုင္းတံု၊ ဧၿပီ(၁၀)
ဘတၳရီအား လွ်ပ္စစ္(၂)မ်ိဳးျဖင့္ အားသြင္းရာမွ အပူလြန္ၿပီး မိုင္းတံုၿမိဳ႕၊ အား/ကာ သက္သာဆိုင္ခန္း(၃)ခန္း ဧၿပီလ(၉)ရက္ေန႔ ည(၈)နာရီအခ်ိန္ခန္႔က မီးေလာင္ကၽြမ္းခဲ့ေၾကာင္း  သိရသည္။

"ဘတၳရီကို ဆိုလာျပားေကာ၊ လွ်ပ္စစ္ဓာတ္အားေကာ (၂)မ်ိဳးလံုးနဲ႔ ခ်ိတ္ဆက္ၿပီး အားသြင္းတာ အဲ့ဒါ အပူေလာင္ခ်ိန္လြန္ၿပီး မီးေလာင္သြားတာ ဆိုင္ခန္း(၃)ခန္းပါသြားတယ္၊ လူေတြေတာ့ ဘာမွမျဖစ္ပါဘူး"ဟု မိုင္းတံုမီးသတ္ဦးစီးဌာနမွ သိရသည္။

မီးေလာင္ျပင္သို႔ မီးၿငိမ္းသတ္ယာဥ္(၁)စီး၊ ေရသယ္ယာဥ္(၁)စီး မီးၿငိမ္းသက္ခဲ့ျခင္းျဖစ္ၿပီး ေရဂါလန္(၆၄၀၀)ခန္႔အား သံုးစြဲခဲ့ျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

မီးေလာင္ကၽြမ္းမႈေၾကာင့္ (၁၀×၂၀)ေပ အုတ္ညႇပ္၊ သြပ္မိုး၊ ကြန္ကရစ္ဆိုင္ခန္း(၃)ခန္းႏွင့္ ေဘးဆိုင္ခန္း (၂)ခန္းမွ အမိုးမ်ား ေလာင္ကၽြမ္းခဲ့ၿပီး ဆံုးရွံုးမႈတန္ဖိုး (၁.၈)သန္းခန္႔ရွိေၾကာင္း ႏွင့္ ဦးစိုင္းစံထြန္းအား မိုင္းတံုၿမိဳ႕မရဲစခန္း (ပ)၂/၂၀၁၆၊ ျပစ္မႈပုဒ္မ (၂၈၅)ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း။  ။ ဇင္ေအာင္

..............

မိုင်းတုံ၊ ဧပြီ(၁၀)
ဘတ္ထရီအား လျှပ်စစ်(၂)မျိုးဖြင့် အားသွင်းရာမှ အပူလွန်ပြီး မိုင်းတုံမြို့၊ အား/ကာ သက်သာဆိုင်ခန်း(၃)ခန်း ဧပြီလ(၉)ရက်နေ့ ည(၈)နာရီအချိန်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

"ဘတ္ထရီကို ဆိုလာပြားကော၊ လျှပ်စစ်ဓာတ်အားကော (၂)မျိုးလုံးနဲ့ ချိတ်ဆက်ပြီး အားသွင်းတာ အဲ့ဒါ အပူလောင်ချိန်လွန်ပြီး မီးလောင်သွားတာ ဆိုင်ခန်း(၃)ခန်းပါသွားတယ်၊ လူတွေတော့ ဘာမှမဖြစ်ပါဘူး"ဟု မိုင်းတုံမီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ပြင်သို့ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး မီးငြိမ်းသက်ခဲ့ခြင်းဖြစ်ပြီး ရေဂါလန်(၆၄၀၀)ခန့်အား သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် (၁၀×၂၀)ပေ အုတ်ညှပ်၊ သွပ်မိုး၊ ကွန်ကရစ်ဆိုင်ခန်း(၃)ခန်းနှင့် ဘေးဆိုင်ခန်း (၂)ခန်းမှ အမိုးများ လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (၁.၈)သန်းခန့်ရှိကြောင်း နှင့် ဦးစိုင်းစံထွန်းအား မိုင်းတုံမြို့မရဲစခန်း (ပ)၂/၂၀၁၆၊ ပြစ်မှုပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~