ျမန္မာႏိုင္ငံသားမ်ားအေပၚ ဆီးစစ္ေဆးျခင္းအား မယ္ဆိုင္ၿမိဳ႕ပိုင္အေနျဖင့္ တာ၀န္ယူေျဖရွင္းေပးရန္ လိုအပ္ဟုဆို

ျမန္မာႏိုင္ငံသားမ်ားအေပၚ ဆီးစစ္ေဆးျခင္းအား မယ္ဆိုင္ၿမိဳ႕ပိုင္အေနျဖင့္ တာ၀န္ယူေျဖရွင္းေပးရန္ လိုအပ္ဟုဆို
မတ် 22, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၂) ရက္ ။   ။ ထိုင္းႏိုင္ငံတြင္း ျမန္မာႏိုင္ငံသားမ်ားအား တရားမ၀င္ ဆီးစစ္ေဆးျခင္းႏွင့္ ေငြညႇစ္ေတာင္းဆိုျခင္းမ်ားအား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးကိုေရွ႕ရႈ၍ မယ္ဆိုင္ၿမိဳ႕ပိုင္ အေနျဖင့္ တာ၀န္ယူေျဖရွင္းမႈမ်ား ျပဳလုပ္ရန္ လိုအပ္သည္ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဆိုလိုက္သည္။

"သူတို႔ ဆီးစစ္တဲ့ကိစၥေတြက တရားဥပေဒအတြင္း က ဆီးစစ္တာရွိတယ္။ မူးယစ္ေဆး၀ါးသံုးစြဲလို႔ ဆီးစစ္တာရွိတယ္။ ဒီလိုမဟုတ္ဘဲ ျမန္မာႏိုင္ငံသားဆိုတဲ့ ေခါင္းစဥ္နဲ႔ ဆီးစစ္တာေတြရွိတယ္။ ဒါေတြကို CNCMC လို အဖြဲ႕အစည္းေတြနဲ႔ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြကို အခ်ိန္နဲ႔တေျပးညီ ဖုန္းဆက္တိုင္ၾကားရင္ ေျဖရွင္းေပးပါတယ္။ ဒီလိုေျဖရွင္းလို႔မရရင္ နယ္ျခားေကာ္မတီနဲ႔ ေျဖရွင္းတယ္။ တကယ္ေတာ့ သူတို႔ႏိုင္ငံသား ေတြလည္း ျမန္မာႏိုင္ငံထဲမွာ လြတ္လြတ္လပ္လပ္ လုပ္ကိုင္ စားေသာက္ေနၾကတာ။ ဒါကို ေရွ႕ရႈၿပီး သူတို႔ၿမိဳ႕ပိုင္လည္း ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံသားေတြကို ေစာင့္ေရွာက္ရမွာ တာ၀န္ပဲေလ"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

ျမန္မာႏိုင္ငံသားမ်ားအေပၚ တရားဥပေဒတြင္းမွ ေက်ာ္လြန္၍ ဆီးစစ္ေဆးျခင္းမ်ား မျပဳလုပ္ရန္ နယ္ျခားေကာ္မတီက ေတာင္းဆိုထားသည့္အျပင္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴးႏွင့္ ထိုင္းႏိုင္ငံ ျပည္နယ္ရဲတပ္ဖြဲ႕မွဴးတို႔ ေတြ႕ဆံု၍ ေျပာၾကားထားေသာ္လည္း ေအာက္ေျခအဆင့္ ထိုင္းရဲတပ္ဖြဲ႕၀င္မ်ားက လိုက္နာျခင္းမျပဳဘဲ ေဆာင္ရြက္လွ်က္ရိွေနသည္ဟု ၎က ဆိုသည္။

ထိုင္းႏိုင္ငံအတြင္း ျမန္မာႏိုင္ငံသားမ်ားအား မတရား စြပ္စြဲခံရပါက သက္ဆိုင္ရာ အာဏာပိုင္မ်ားက ေျဖရွင္းမည္ျဖစ္ၿပီး ဒုတိယအဆင့္ အေနျဖင့္ နယ္ျခားေကာ္မတီႏွင့္ ညႇိႏွိဳင္းေျဖရွင္းမည္ျဖစ္ေၾကာင္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

"ထိုင္းႏိုင္ငံက ျမန္မာေတြဆိုရင္ ဆီးစစ္ေဆးတာတင္မကဘူး။ မ်ိဳးစံုဒုကၡေပးတာ။ ခဏဆီးစစ္လိုက္ ခဏေန အလုပ္သမားကတ္ စစ္လိုက္။ ဒီရက္ထဲ ဘန္ေကာက္က အထူးအဖြဲ႕၀င္တယ္ဆိုၿပီး ေစ်းေရာင္းတဲ့ သူေတြကို တရားမ၀င္တဲ့ေနရာမွာ ေစ်းေရာင္းခ်လို႔ လိုက္ဖမ္းတာၾကားတယ္"ဟု တာခ်ီလိတ္ေဒသခံ ကိုမင္းမင္းက ေျပာသည္။

ထိုင္းႏိုင္ငံ၏ ေဒသဆိုင္ရာဥပေဒအရ ခ်င္းရိုင္းခရိုင္၊ မယ္ဆိုင္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆး၀ါးဇုန္သတ္မွတ္၍ ေဒသဆိုင္ရာ ဥပေဒအရ မည္သူကိုမဆို မူးယစ္ေဆး၀ါးသံုးစြဲထားျခင္း ရွိ/မရွိစစ္ေဆးႏိုင္ၿပီး မူးယစ္ေဆး၀ါး သံုးစြဲထားပါက ေထာင္ဒဏ္(၂၁)ရက္ ခ်မွတ္ခံရမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္
*************

( unicode )

တာချီလိတ်၊ မတ်လ (၂၂) ရက်။ ထိုင်းနိုင်ငံတွင်း မြန်မာနိုင်ငံသားများအား တရားမဝင် ဆီးစစ်ဆေးခြင်းနှင့် ငွေညှစ်တောင်းဆိုခြင်းများအား နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေ့ရှု၍ မယ်ဆိုင်မြို့ပိုင် အနဖြေင့် တာဝန်ယူဖြေရှင်းမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုလိုက်သည်။

"သူတို့ ဆီးစစ်တဲ့ကိစ္စတွေက တရားဥပဒေအတွင်း က ဆီးစစ်တာရှိတယ်။ မူးယစ်ဆေးဝါးသုံးစွဲလို့ ဆီးစစ်တာရှိတယ်။ ဒီလိုမဟုတ်ဘဲ မြန်မာနိုင်ငံသားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆီးစစ်တာတွေရှိတယ်။ ဒါတွေကို CNCMC လို အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကို အချိန်နဲ့တပြေးညီ ဖုန်းဆက်တိုင်ကြားရင် ဖြေရှင်းပေးပါတယ်။ ဒီလိုဖြေရှင်းလို့မရရင် နယ်ခြားကော်မတီနဲ့ ဖြေရှင်းတယ်။ တကယ်တော့ သူတို့နိုင်ငံသား တွေလည်း မြန်မာနိုင်ငံထဲမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင် စားသောက်နကြေတာ။ ဒါကို ရှေ့ရှုပြီး သူတို့မြို့ပိုင်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ရမှာ တာဝန်ပဲလေ"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

မြန်မာနိုင်ငံသားများအပေါ် တရားဥပဒေတွင်းမှ ကျော်လွန်၍ ဆီးစစ်ဆေးခြင်းများ မပြုလုပ်ရန် နယ်ခြားကော်မတီက တောင်းဆိုထားသည့်အပြင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ထိုင်းနိုင်ငံ ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ တွေ့ဆုံ၍ ပြောကြားထားသော်လည်း အောက်ခြေအဆင့် ထိုင်းရဲတပ်ဖွဲ့ဝင်များက လိုက်နာခြင်းမပြုဘဲ ဆောင်ရွက်လျှက်ရှိနေသည်ဟု၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများအား မတရား စွပ်စွဲခံရပါက သက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းမည်ဖြစ်ပြီး ဒုတိယအဆင့် အနဖြေင့် နယ်ခြားကော်မတီနှင့် ညှိနှိုင်းဖြေရှင်းမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

"ထိုင်းနိုင်ငံက မြန်မာတွေဆိုရင် ဆီးစစ်ဆေးတာတင်မကဘူး။ မျိုးစုံဒုက္ခပေးတာ။ ခဏဆီးစစ်လိုက် ခဏနေ အလုပ်သမားကတ် စစ်လိုက်။ ဒီရက်ထဲ ဘန်ကောက်က အထူးအဖွဲ့ဝင်တယ်ဆိုပြီး ဈေးရောင်းတဲ့ သူတွေကို တရားမဝင်တဲ့နေရာမှာ ဈေးရောင်းချလို့ လိုက်ဖမ်းတာကြားတယ်"ဟု တာချီလိတ်ဒေသခံ ကိုမင်းမင်းက ပြောသည်။

ထိုင်းနိုင်ငံ၏ ဒေသဆိုင်ရာဥပဒေအရ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးဇုန်သတ်မှတ်၍ ဒေသဆိုင်ရာ ဥပဒေအရ မည်သူကိုမဆို မူးယစ်ဆေးဝါးသုံးစွဲထားခြင်း ရှိ/မရှိစစ်ဆေးနိုင်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားပါက ထောင်ဒဏ်(၂၁)ရက် ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~