တာခ်ီလိတ္၌ ပဥၥမအႀကိမ္ေျမာက္ စုေပါင္းရွင္ျပဳ

တာခ်ီလိတ္၌ ပဥၥမအႀကိမ္ေျမာက္ စုေပါင္းရွင္ျပဳ
မတ် 1, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁)ရက္။   ။ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ခရိုင္/ၿမိဳ႕နယ္ အမ်ိဳးသမီးေရးရာႏွင့္ မိခင္ႏွင့္ကေလးေစာင့္ေရွာက္ေရးအသင္းမွ ပဥၥမအႀကိမ္ေျမာက္ ေမာင္ရင္ေလာင္း(၂၀)အား ေဖေဖာ္ဝါရီလ(၂၉)ရက္ေန႔တြင္ စုေပါင္းရွင္ျပဳပြဲ က်င္းပခဲ့ေၾကာင္း သိရသည္။

စုေပါင္းရွင္ျပဳပြဲအား တာခ်ီလိတ္ၿမဳိ႕၊ ပုန္းထြန္ရပ္ကြက္ရွိ ေငြေတာင္ဦးကမၼ႒ာန္း ေက်ာင္းတိုက္တြင္ ဦးစီးပဓာန နာယကဆရာေတာ္ ဘဒၵ ႏၱဝိေရာစန (မဟာဂႏၳဝါစက ပ႑ိတ၊မဟာကမၼ႒ာနာစရိယ)အား အမွဴးထား၍ ေစတနာရွင္ အလွဴရွင္မ်ားမွ ပါ၀င္လွဴဒါန္းမႈျဖင့္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လွဴဒါန္းမႈ အစုစုတို႔အတြက္ ေရစက္ခ်အမွ်ေပး ေ၀ျခင္းကုိ  မတ္လ (၁)ရက္ေန႔၊ မြန္းလဲြပုိင္းတြင္  ကမၼ႒ာန္းေက်ာင္းတိုက္ ဓမၼာရံု၌ က်င္းပရာ ေက်ာင္းတိုက္ဆရာေတာ္ထံမွ တက္ေရာက္ လာသည့္ ခရိုင္အမ်ိဳးသမီးေရးရာအဖြဲ႕ ဥကၠ႒ ေဒၚဝင္းဝင္းသန္႔ ႏွင့္ အဖြဲ႔ဝင္မ်ား ၊ မိခင္ႏွင့္ကေလးေစာင့္ ေရွာက္ ေရးအသင္း ၀င္မ်ား ႏွင့္ ဧည့္ပရိတ္သတ္မ်ား က ကိုးပါးသီလခံယူေဆာက္တည္ခဲ့သည္၊၊

ထို႔ေနာက္ ဆရာေတာ္၊သံဃာေတာ္မ်ားက ပရိတ္တရားေတာ္မ်ား ခ်ီးျမႇင့္ကာ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတိုက္ ဦးစီးပဓာန နာယကဆရာေတာ္ က သာဓု အႏုေမာဒနာတရား ေဟာၾကားေတာ္မႈၿပီးေနာက္ ဆရာေတာ္ သံဃာေတာ္အရွင္ သူျမတ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး၊ လွဴဒါန္းမႈအစုစုတုိ႔ အတြက္ ေရစက္ သြန္းခ် အမွ်ေပးေဝခဲ့ေၾကာင္း သိရသည္။

သတင္း။  ။ ေ၀ယံလင္း
***************

( unicode )

တာချီလိတ်၊ မတ်လ(၁)ရက်။ တာချီလိတ်မြို့နယ်အတွင်း ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ပဉ္စမအကြိမ်မြောက် မောင်ရင်လောင်း(၂၀)အား ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် စုပေါင်းရှင်ပြုပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

စုပေါင်းရှင်ပြုပွဲအား တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဋ္ဌာန်း ကျောင်းတိုက်တွင် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒ န္တဝိရောစန (မဟာဂန္ထဝါစက ပဏ္ဍိတ၊မဟာကမ္မဋ္ဌာနာစရိယ)အား အမှူးထား၍ စေတနာရှင် အလှူရှင်များမှ ပါဝင်လှူဒါန်းမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှပေး ဝခြေင်းကို မတ်လ (၁)ရက်နေ့၊ မွန်းလွဲပိုင်းတွင် ကမ္မဋ္ဌာန်းကျောင်းတိုက် ဓမ္မာရုံ၌ ကျင်းပရာ ကျောင်းတိုက်ဆရာတော်ထံမှ တက်ရောက် လာသည့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက် ရေးအသင်း ဝင်များ နှင့် ဧည့်ပရိတ်သတ်များ က ကိုးပါးသီလခံယူဆောက်တည်ခဲ့သည်၊

ထို့နောက် ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ ချီးမြှင့်ကာ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် က သာဓု အနုမောဒနာတရား ဟောကြားတော်မှုပြီးနောက် ဆရာတော် သံဃာတော်အရှင် သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး၊ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

သတင်း။ေဝယံလင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~