ကျိုင်းတုံတွင် အဝေးပြေးခရီးသည်တင်ယာဉ်များ၌ ထိုင်ခုံခါးပတ် တပ်ဆင်ရေးနှင့် အရေးပေါ်ထွက်ပေါက်များ အသုံးပြုနည်း ပညာပေးရှင်းလင်း

ကျိုင်းတုံတွင် အဝေးပြေးခရီးသည်တင်ယာဉ်များ၌ ထိုင်ခုံခါးပတ် တပ်ဆင်ရေးနှင့် အရေးပေါ်ထွက်ပေါက်များ အသုံးပြုနည်း ပညာပေးရှင်းလင်း
နိုဝင်ဘာ 4, 2019
By 🌸
ကျိုင်းတုံတွင် အဝေးပြေးခရီးသည်တင်ယာဉ်များ၌ ထိုင်ခုံခါးပတ် တပ်ဆင်ရေးနှင့် အရေးပေါ်ထွက်ပေါက်များ အသုံးပြုနည်း ပညာပေးရှင်းလင်း
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်မောင်းများနှင့် ခရီးသည်များ မော်တော်ယာဉ် မောင်းနှင်၊ စီးနင်းရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သတိထားလိုက်နာရမည်များကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့က ပညာပေးဟောပြောသည်။

“အဓိကကတော့ ထိုင်ခုံခါးပတ် ပတ်ကြဖို့၊ နောက်တစ်ခုက အရေးပေါ်ထွက်ပေါက်နေရာရယ် အရေးပေါ်ထွက်ဖို့ တူ၊ပုဆိန်တွေပါတယ်ဆိုတာတွေ ရှင်းပြပေးတာပါ။ ခရီးသည်တွေက ထိုင်ခုံခါးပတ်ပတ်တာက အလေ့အထနည်းတော့ ခရီးမထွက်ခင်မှာ ထိုင်ခုံခါးပတ် ပတ်ကြဖို့ သတိပေးပါတယ်။ ခရီးသည်တွေ ထိုင်ခုံခါးပတ် မပတ်ဘူးဆိုရင် ယာဉ်မောင်းကိုတော့ အရေးယူလို့ရပါတယ်။ ယာဉ်မောင်းမှာပဲ တာဝန်ရှိတာပါ။ အခုလောလောဆယ်တော့ ပညာပေး များများလုပ်ပေးနေပါတယ်။ အရေးယူမှှုတော့ မစသေးပါဘူး။ အရေးယူတာတော့ လုပ်ရမှာပေါ့။ ဒီလိုလုပ်ဖို့ဆိုရင် ကညန၊ ပို့ဆက်ရော သူတို့ဆိုင်ရာအပိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ကြရတာပါ” ဟု အမှတ် (၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက်  ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးညှိနှိုင်းမှုဌာန၊ မထသ တို့နှင့်ပူးပေါင်းကာ ကျိုင်းတုံမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းရှိ ခရီးသည်တင်ယာဉ်များတွင် အသက်ကယ်ထိုင်ခုံ ခါးပါတ်များ တပ်ဆင်စေရေး၊ ယာဉ်မတော်တဆမှု ဖြစ့်လေ့ဖြစ်ထရှိသည့်အကြောင်းများ၊ ခရီးသည်ယာဉ်များအနေဖြင့် အရေးပေါ်ထွက်ပေါက်၊ မီးသတ်ဆေးဘူးနှင့် မှန်ခွဲရန် တူ/ပုဆိန် များ အသုံးပြုတတ်စေရေး၊    သတ်မှတ်လမ်းညွန် အမှတ်အသားများနှင့် အချက်ပြများ သိရှိလိုက်နာစေရေးအတွက် ပူးပေါင်းစစ်ဆေးပညာပေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ ပူးပေါင်းစစ်ဆေးပညာပေးမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ရွှေ၊ စစ်ဆေးရေးမှူး (၂) ဦးအောင်မိုး၊ စက်မှုကျွမ်းကျင် (၂) ဒေါ်ခင်ဆွေဝင်း၊ ကညန(ကလ)မှ တွဲဖက်ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးထွန်း၊ ဒုဦးစီးမှူး ဦးစိုင်းတင်ထွဋ်အောင်၊ အမှတ်(၁၁၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ဇောအောင်နှင့် မထသမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကျိုင်းတုံမြို့မှ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အပါအဝင် မြို့အသီသီးသို့ ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်များအား ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယန်းခမ်းအဝေးပြေးယာဉ် ရပ်နားစခန်းတွင် ပညာပေးခြင်းကို တစ်လလျှင် အနည်းဆုံးနှစ်ကြိမ်နှင့် ရှောင်တခင် စစ်ဆေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - KZA

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုတြင္ အေဝးေျပးခရီးသည္တင္ယာဥ္မ်ား၌ ထုိင္ခံုခါးပတ္ တပ္ဆင္ေရးႏွင့္ အေရးေပၚထြက္ေပါက္မ်ား အသံုးျပဳနည္း ပညာေပးရွင္းလင္း
***********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ ယန္းခမ္းအေဝးေျပးယာဥ္ရပ္နားစခန္းတြင္ ခရီးသည္တင္ ေမာ္ေတာ္ယာဥ္ေမာင္းမ်ားႏွင့္ ခရီးသည္မ်ား ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္၊ စီးနင္းရာတြင္ ေဘးအႏၱရာယ္ ကင္းရွင္းေစေရးအတြက္ သတိထားလုိက္နာရမည္မ်ားကို ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔က ပညာေပးေဟာေျပာသည္။

“အဓိကကေတာ့ ထုိင္ခံုခါးပတ္ ပတ္ၾကဖုိ႔၊ ေနာက္တစ္ခုက အေရးေပၚထြက္ေပါက္ေနရာရယ္ အေရးေပၚထြက္ဖို႔ တူ၊ပုဆိန္ေတြပါတယ္ဆိုတာေတြ ရွင္းျပေပးတာပါ။ ခရီးသည္ေတြက ထုိင္ခံုခါးပတ္ပတ္တာက အေလ့အထနည္းေတာ့ ခရီးမထြက္ခင္မွာ ထုိင္ခံုခါးပတ္ ပတ္ၾကဖို႔ သတိေပးပါတယ္။ ခရီးသည္ေတြ ထုိင္ခံုခါးပတ္ မပတ္ဘူးဆိုရင္ ယာဥ္ေမာင္းကိုေတာ့ အေရးယူလုိ႔ရပါတယ္။ ယာဥ္ေမာင္းမွာပဲ တာဝန္ရိွတာပါ။ အခုေလာေလာဆယ္ေတာ့ ပညာေပး မ်ားမ်ားလုပ္ေပးေနပါတယ္။ အေရးယူမွႈေတာ့ မစေသးပါဘူး။ အေရးယူတာေတာ့ လုပ္ရမွာေပါ့။ ဒီလိုလုပ္ဖုိ႔ဆုိရင္ ကညန၊ ပို႔ဆက္ေရာ သူတို႔ဆုိင္ရာအပိုင္းနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကရတာပါ” ဟု အမွတ္ (၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴး ေက်ာ္ေဇာေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္အႏၱရာယ္ လမ္းအႏၱရာယ္ကင္းရွင္းေရးႏွင့္ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္းက်ဆင္းေစေရးအတြက္  ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ လုပ္ငန္းလိုင္စင္ႏွင့္သယ္ယူပို႔ေဆာင္ေရးညႇိႏႈိင္းမႈဌာန၊ မထသ တို႔ႏွင့္ပူးေပါင္းကာ က်ိဳင္းတုံၿမိဳ႕ အေဝးေျပးယာဥ္ရပ္နားစခန္းရိွ ခရီးသည္တင္ယာဥ္မ်ားတြင္ အသက္ကယ္ထိုင္ခုံ ခါးပါတ္မ်ား တပ္ဆင္ေစေရး၊ ယာဥ္မေတာ္တဆမႈ ျဖစ့္ေလ့ျဖစ္ထရွိသည့္အေၾကာင္းမ်ား၊ ခရီးသည္ယာဥ္မ်ားအေနျဖင့္ အေရးေပၚထြက္ေပါက္၊ မီးသတ္ေဆးဘူးႏွင့္ မွန္ခြဲရန္ တူ/ပုဆိန္ မ်ား အသုံးျပဳတတ္ေစေရး၊    သတ္မွတ္လမ္းၫြန္ အမွတ္အသားမ်ားႏွင့္ အခ်က္ျပမ်ား သိရိွလိုက္နာေစေရးအတြက္ ပူးေပါင္းစစ္ေဆးပညာေပးျခင္း၊ လက္ကမ္းစာေစာင္ ျဖန္႔ေဝျခင္းမ်ား ေဆာင္ရြက္ၾကသည္။

အဆိုပါ ပူးေပါင္းစစ္ေဆးပညာေပးမႈကို ရွမ္းျပည္နယ္အေရွ႕ပိုင္း ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တြဲဖက္ျပည္နယ္႐ုံး(က်ိဳင္းတုံ)မွ တြဲဖက္ျပည္နယ္ဦးစီးမွဴး ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေ႐ႊ၊ စစ္ေဆးေရးမွဴး (၂) ဦးေအာင္မိုး၊ စက္မႈကၽြမ္းက်င္ (၂) ေဒၚခင္ေဆြဝင္း၊ ကညန(ကလ)မွ တြဲဖက္ျပည္နယ္ဦးစီးမွဴး ေဒၚေအးေအးထြန္း၊ ဒုဦးစီးမွဴး ဦးစိုင္းတင္ထြဋ္ေအာင္၊ အမွတ္(၁၁၈)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေက်ာ္ေဇာေအာင္ႏွင့္ မထသမွ တာဝန္ရိွသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

က်ိဳင္းတုံၿမိဳ႕မွ ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕အပါအဝင္ ၿမိဳ႕အသီသီးသို႔ ေျပးဆြဲေနသည့္ အေဝးေျပးခရီးသည္တင္ယာဥ္မ်ားအား ယာဥ္အႏၱရာယ္ လမ္းအႏၱရာယ္ ကင္းရွင္းေရးႏွင့္ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့နည္းက်ဆင္းေစေရးအတြက္ ယန္းခမ္းအေဝးေျပးယာဥ္ ရပ္နားစခန္းတြင္ ပညာေပးျခင္းကို တစ္လလွ်င္ အနည္းဆံုးႏွစ္ႀကိမ္ႏွင့္ ေရွာင္တခင္ စစ္ေဆးျခင္းမ်ားကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net